မှောင်ခိုလုပ်ငန်း

ဝီကီပီးဒီးယား မှ

မှောင်ခိုလုပ်ငန်းသည် ပစ္စည်းများကိုလျှို့ဝှက်သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် အဆောက်အဦးအတွင်းမှ အပြင်သို့ထုတ်ခြင်း၊ ထောင်အတွင်းသို့သွင်းခြင်းကဲ့သို့သော တားမြစ်ထားသည့်နေရာတစ်ခုကို လူအများကျော်ဖြတ်ခြင်း၊ သို့မဟုတ် သက်ဆိုင်ရာဥပဒေများ သို့မဟုတ်အခြားသောစည်းမျဉ်း စည်းကမ်းများကိုချိုးဖေါက်၍ နိုင်ငံတကာ နယ်ခြားမျဉ်းတစ်ခုကိုဖြတ်ခြင်းဖြစ်သည်။ မှောင်ခိုလုပ်ရန် အမျိုးမျိုးသောလှုပ်ရှားမှုများ ရှိသည်။ ၎င်းတို့အထဲတွင် မူးယစ်ဆေးများ၊ တရားမဝင်လူ ကုန်ကူးခြင်း သို့မဟုတ် ပြည်ပထုတ်ပေးခြင်း၊ အခွန်ရှောင်ခြင်း၊ ထောင်ကျတစ်ဦးသို့ တားမြစ်ပစ္စည်း ပေးပို့ခြင်း၊ သို့မဟုတ် မှောင်ခိုအသွင်ဖြင့် ပစ္စည်းများခိုးခြင်း ကဲ့သို့သော တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခြင်းတို့ ပါဝင်သည်။ ငွေကြေးနှင့်မဆိုင်သော လှုပ်ရှားမှုများ၏ ဥပမာများတွင် လုံခြုံရေး စစ်ဆေးရေးဂိတ်တစ်ခုကိုဖြတ်သန်း၍ တားမြစ်ပစ္စည်းများသယ်ယူခြင်း (လေကြောင်းလိုင်းလုံခြုံရေး ကဲ့သို့သော) သို့မဟုတ် အစိုးရ သို့မဟုတ် ကော်ပိုရိတ်ရုံးတစ်ခုမှ တရားဝင်လျှို့ဝှက်စာရွက်စာတန်းများ ကို ဖယ်ရှားပြစ်ခြင်း တို့ပါဝင်သည်။



မှောင်ခိုလုပ်ငန်း ပုံစံများ[ပြင်ဆင်ရန်]

ကုန်ပစ္စည်းများ

မှောင်ခိုလုပ်ငန်းအများအပြားသည် တရားမဝင် သို့မဟုတ် အခွန်အကောက်ကြီးမားသည့် ကုန်ပစ္စည်းတစ်ခု၊ သို့မဟုတ် လိုအပ်သောအကျိုးဆောင်မှုများကို ် စီးပွားရေးကုန်သည်များ ကထောက်ပံ့ပေးရန် ကြိုးစားအားထုတ်ချိန်တွင် ဖြစ်ပွားသည်။ ရလဒ်အဖြစ်၊ တရားမဝင် မူးယစ်ဆေးကုန်ကူးခြင်းနှင့် လက်နက်များမှောင်ခိုခြင်း (တရားမဝင်လက်နက်များကုန်သွယ်ရေး)၊ အပြင် သမိုင်းနှင့်ချီသော အဓိကပစ္စည်းများဖြစ်သည့် အရက်နှင့် ဆေးရွက်ကြီးမှောင်ခိုခြင်းများကျယ်ပြန့် လာသည်။ မှောင်ခိုလုပ်သူသည် အကယ်၍ တားမြစ်ပစ္စည်းနှင့် အတူဖမ်းမိခဲ့လျှင်မြို့ပြနှင့် ရာဇဝတ်ပြစ်ဒဏ်များ၏ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့်၊ မှောင်ခိုလုပ်သူများသည် မှောင်ခိုကုန်ပစ္စည်းများအပေါ်တွင် ထိုက်ထိုက်တန်တန် ဈေးနှုန်းချမှတ်နိုင်သည်။ မှောင်ခိုပစ္စည်းများမှ ရရှိသည့် အမြတ်ငွေများသည် များပြားလိမ့်မည်မှာ ရှင်းနေသည်။

အမြတ်များသည်လည်း အခွန်များ သို့မဟုတ် သွင်းကုန်များအပေါ်စည်းကြပ်ခြင်းတို့မှ ရှောင်ပြီးရရှိလာသည်။ ဥပမာ မှောင်ခိုသမားတစ်ဦးသည် အခွန်နည်းသည့်နေရာတစ်ခုမှ စီးကရက်အရေအတွက် အမြောက်အမြားကို ဝယ်ယူပြီး၊ အခွန်အကောက်မြင့်သည့်နေရာတစ်ခုသို့ မှောင်ခိုတင်သွင်း၍၊ ထိုနေရာတွင် အခြားနည်းဖြင့် ဖြစ်နိုင် သည်ထက်ပို၍မြင့်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်သည်။ ဤကိစ္စကိုအစီရင်ခံထားသည်မှာ အမေရိကန်နိုင်ငံအတွင်းတွင် ကုန်ကားတစ်စီးစာ စီးကရက်များမှောင်ခိုတင်သွင်းလျှင် အမြတ်ငွေအမေရိကန်ဒေါ်လာ ၂ သန်းရနိုင်သည်။

လူမှောင်ခိုခြင်း[ပြင်ဆင်ရန်]

လူမှောင်ခိုခြင်းနှင့်ပတ်သက်၍ တရားမဝင်ပြည်ပထွက်ရန် ဆန္ဒရှိသူများကိုအကျိုးဆောင်ခြင်းနှင့် ဆန္ဒမရှိသူကိုလူကုန်ကူးခြင်း တို့အကြားတွင် ကွဲပြားမှုတစ်ခု ရှိသည်။ အမေရိကန်နှင့် မက်ဆီကို နိုင်ငံအကြားတရားမဝင် နယ်စပ်ဖြတ်ကျော်လာ သူများ၏ မှန်းခြေ ၉၀ ရာခိုင်နှုန်းသည် သူတို့ကိုနယ်စပ် ဖြတ်ကျော်ခေါ်ဆောင် ရန်မှောင်ခိုသမားတစ်ဦးသို့ ငွေပေးရမည်ဟု ယုံကြည်သည်။ လူမှောင်ခိုကူးမှုကို ဖိနှိပ်ခံနေရသည့်အခြေအနေများမှ လူတစ်ဦးကိုကယ်တင်ရန်တွင်လည်းသုံးစွဲနိုင်သည်။ ဥပမာ၊ အမေရိကန်တောင်ပိုင်း၌ ကျွန်စံနစ်ကို ခွင့်ပြုထားချိန်တွင် များစွာသော ကျွန်များသည် မြောက်ပိုင်းသို့ မြေအောက်ရထားလမ်းမှတစ်ဆင့် ရွှေ့ပြောင်းကြသည်။ အလားတူစွာ လူအများအစုလိုက် အပြုံလိုက်အသတ်ခံရစဉ် အချိန်တုံးက ဂျူးလူမျိုးများ ကို အယ်ဂုတ်နစ်ကာ (Algoth Niska) ကဲ့သို့သော လူများမှ ဂျာမနီနိုင်ငံအတွင်းမှ ခိုးထုတ်ခဲ့ကြသည်။

လူကုန်ကူးခြင်း[ပြင်ဆင်ရန်]

လူကိုကုန်ကူးခြင်းသည် လူကုန်ကူးခြင်းဟု တစ်ခါတစ်ရံ ခေါ်ဆိုသော်လည်း အများအားဖြင့်လိင်မှု ကိစ္စရပ်များကို ရည်ညွှန်းသည့် လိင်ကုန်ကူးခြင်းဖြစ်သည်။ လူမှောင်ခိုခြင်းနှင့်မတူညီပါ။ မှောင်ခိုကူးသူ တစ်ယောက်သည် အခကြေးငွေရရှိထားသည့်အတွက် နိုင်ငံတစ်ခုအတွင်းသို့ တရားမဝင ဝင်ရောက်ရန် လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။ သို့သော် သွားချင်သည့်နေရာသို့ ရောက်သည်နှင့်၊ မှောင်ခိုလုပ်ပေးသူတွင် တာဝန်မရှိတော့ပါ။ ကုန်ကူးခံရသည့်သူ၏ အချုပ်ခံရခြင်းသည် အခြားကိစ္စဖြစ်သည်။ ခံရသူများသည် လူကုန်ကူးမည်ကို သဘောမတူကြပါ။ သို့သော် မှောင်ခိုသမားများ သည် လှည့်ဖျားခြင်း၊ အာမခံချက်အတုများဖြင့်ဆွဲဆောင်ခြင်း၊ သို့မဟုတ် အတင်းအကြပ်လုပ်စေခြင်းတို့ကို ပြုလုပ်သည်။ ကုန်ကူးသူများသည် လိမ်ညာခြင်း၊ ပရိယာယ်သုံးခြင်း၊ ကြောက်လန့်စေခြင်း၊ အဆက်အသွယ်ဖြတ်တောက်ခြင်း၊ ကိုယ်ထိလက်ရောက် ညှင်းပန်းခြင်း၊ အင်အားသုံးခြင်း၊ အကြွေးဖြင့် ချည်နှောင်ထားခြင်း သို့မဟုတ် သူတို့၏သားကောင်များကို ထိမ်းချုပ်နိုင်ရန် အတင်းအကြပ် မူးယစ်ဆေး တိုက်ကျွေးသည်အထိအပါအဝင် ထိမ်းချုပ်သည့်နည်းမျိုးစုံ ကိုအသုံးပြုသည်။

သားကောင်များအများစုသည် အမျိုးသမီးများနှင့် တစ်ခါတစ်ရံကလေးများဖြစ်ကြသည်။ အခြားသားကောင်များတွင် ယောက်ျားများအပါအဝင် မိန်းမများနှင့် ကလေးများကို ကာယသို့မဟုတ ဈေးပေါသည့် အလုပ် များအတွင်းသို့ အတင်းအကြပ်လုပ်စေ ခြင်း သို့မဟုတ် ဦးတည်ပေးလိုက်ခြင်း တို့လည်းပါဝင်သည်။ ကုန်ကူးခြင်း၏ တရားမဝင်သော သဘာဝကြောင့်၊ တိကျသည့်အရေအတွက်ကိုမသိရှိ ရပါ။ ၂၀ဝ၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည် အမေရိကန်အစိုးရ၏ အစီရင်ခံစာတွင် ကမ္ဘာနှင့်အဝှန်းခန့်မှန်းခြေ ၈၀ဝဝဝဝ – ၉၀ဝဝဝဝ ရှိသည့်လူများ သည် နှစ်စဉ်နယ်စပ်များကိုဖြတ်ကျော်၍ ကုန်ကူးခံရသည်။ ဤကိန်းဂဏန်းသည် ပြည်တွင်းကုန်ကူးခံရသူများ မပါဝင်ပါ။

ကလေးကုန်ကူးခြင်း[ပြင်ဆင်ရန်]

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသ ရှိ ပညာရေး ရေရှည်တည် တန့် မည့်ဆောင်ရွက်မှုများဖြင့် ကလေးလုပ် သားတိုက်ဖျက်ရေးအတွက် အခြားသောနည်းများ (ACCESS-MENA) ၏ လေ့လာတွေ့ရှိမှု အဆိုအရ၊ ၊ ယီမင်နိုင်ငံ၏နယ်စပ်ကျေးရွာများတွင် နေထိုင်ကြသော ကျောင်းသားကလေးငယ်များ ၏ ၃၀ ရာခိုင်နှုန်းသည် ဆော်ဒီအာရေဗီးယားနိုင်ငံအတွင်းသို့ ခိုးသွင်းခံခဲ့ကြရသည်။ မှောင်ခိုခံရသည့် ကလေးများသည် လိင်မှုမတော်မတရား အပြုခံရခြင်း သို့မဟုတ် အသတ်ခံရသည်အထိ အန္တရာယ်များရှိနေသည်။ ဆင်းရဲခြင်းသည် ကလေးကုန်ကူးခြင်း၏ နောက်ကွယ်တွင်ရှိသည့် အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်ပြီး၊ အချို့သောကလေးသူငယ်များသည် သူတို့မိဘများကိုယ်တိုင်၏ သဘောတူခွင့်ပြုချက်နှင့်အတူ မှောင်ခိုပြုလုပ်ခြင်းခံကြရသည်။ ထိုကဲ့သို့များပြားလှသော မှောင်ခိုခံရသူများ၏ ၅၀ ရာခိုင်နှုန်း သည် ကလေးသူငယ်များဖြစ်သည်။ ဖိလိပိုင်နိုင်ငံတွင်၊ ၆၀ဝဝဝ မှ ၁၀ဝဝဝဝ ကြားရှိ ကလေးငယ်များသည် လိင် လုပ်ငန်းတွင် အလုပ်လုပ်ရန် ကုန်ကူးခံခဲ့ရသည်။

လူကုန်ကူးခြင်းနှင့်ရွှေ့ပြောင်းခြင်း[ပြင်ဆင်ရန်]

နှစ်စဉ်၊ ထောင်ပေါင်းရာချီသည့် ရွှေ့ပြောင်းသူများကို အဆင်မြင့်မြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်ကာ မှောင်ခိုခြင်းနှင့်ကုန်ကူးခြင်းအုပ်စုမှ တရားမဝင်ရွှေ့ပြောင်းမှုများရှိြ့ပီး၊ ရံဖန်ရံခါ အန္တရာယ်မကင်းသော သို့မဟုတ် လူမဆန်သော အခြေအနေများရှိသည်။ ဤအသွင်အပြင်သည် ဝင်ငွေနည်းသည့်နိုင်ငံများမှ လူများသည် အလုပ်အကိုင်များရှာဖွေရန် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပြင်းပြသည့်ရည်ရွယ်ချက်များဖြင့် ဝင်ရောက်ကြခြင်း ဖြစ်သည်။ ရွှေ့ပြောင်းသူမှောင်ခိုခြင်းနှင့် လူကုန်ကူးခြင်းများသည် သီးခြားစီဖြစ်သော တရားမဝင်လုပ်ရပ်နှစ်ခုဖြစ်ပြီး၊ အနည်း ငယ်သာ အဓိကအချက်များတွင် ကွဲလွဲမှုရှိသည်။ “မှောင်ခိုကူးခြင်း” သည် နိုင်ငံတစ်ခုအတွင်းသို့လူတစ်ဦး ၏တရားမဝင ဝင်ရောက်မှုကို လွယ်ကူအောင်ကူညီခြင်းဟု ရည်ညွှန်းထားပြီး၊ “ကုန်ကူးခြင်း” တွင် ခေါင်းပုံဖြတ်ခြင်း ၏အစိတ်အပိုင်းတစ်ခုပါဝင်သည်။

လူကုန်ကူးသူသည် ရွှေ့ပြောင်းသူအပေါ်ထိမ်းချုပ်မှုကို ဆုပ်ကိုင်ထားသည် - အင်အားသုံးခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် အတင်းအကြပ်လုပ်ခိုင်းခြင်းတို့ဖြင့် လိင်မှုလုပ်ငန်းတွင် ပီပြင်စွာ အတင်းအကြပ်ခိုင်းစေခြင်းဖြင့် သို့မဟုတ် အခြားသော ကျွန်နှင့် ဆင်ဆင်တူသည့် အလေ့အကျင့်များဖြင့် လူကုန်ကူးခြင်းသည် အခြေခံ လူ့အခွင့်အရေးများ၏ အယူအဆကို ချိုးဖောက်သည်။ လူကုန်ကူးခံရသူများ အ များစုသည် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်သည်။ ထိုသားကောင်များသည် ဒေါ်လာဘီလီယံပေါင်းများစွာပါရှိသော ကမ္ဘာနှင့် အဝှန်းလုပ်ငန်းတစ်ခုတွင် ကုန်ပစ္စည်းများဖြစ် နေကြသည်။ ဒုစရိုက်လုပ်ငန်းအဖွဲ့များသည် လူသားများကို ကုန်ကူးရန် ရွေးချယ်သည်။

အဘယ့်ကြောင့်ဆိုသော် အခြားသောကုန်ပစ္စည်းများနှင့် မတူသည့် လူသားများသည် ထပ်ခါတလဲလဲ သုံးစွဲနိုင်ပြီး၊ လူကုန်ကူးခြင်းသည် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အနည်းငယ်သာ လိုအပ်သောကြောင့်ဖြစ်သည်။ မှောင်ခိုလုပ်ငန်းသည် ရွှေ့ပြောင်းသူများအပေါ် ဆောင်ရွက်ခများစွာယူထားသော ဒုစရိုက်အုပ်စုများသို့ ကြီးမားသောငွေကြေးဝေစုများလည်း ရရှိစေသည်။ ထောက်လှမ်းရေး အစီရင်ခံစာများတွင် မှတ်ချက်ပြုထားသည်မှာ မူးယစ်ဆေးဝါးလုပ်ငန်းကုန်ကူးသူများနှင့် အခြားသောဒုစရိုက်ဂိုဏ်များသည် စွန့်စားရမှုနည်းနည်းနှင့် အမြတ်ငွေများများရရှိနိုင်ရန် လူသားကုန်စည်ပို့ဆောင်ရေးဘက်သို့ ကူးပြောင်း သွားသည်။

လူမှောင်ခိုခြင်းသည် ကြီးထွားလာသည့် ကမ္ဘာ့အရေးတစ်ခုဖြစ်သည်။ ဤလုပ်ငန်းသည် နိုင်ငံဖြတ်ကျော် ဒုစရိုက်လုပ်ငန်းတစ်ခု မဟုတ်တော့ဘဲ၊ လူ့အခွင့်အရေးများကို အများကြီးချိုးဖောက်ခြင်းနှင့် ယာယ ကျွန်ပြုခြင်းပုံစံ တစ်ခုလည်းဖြစ်သည်။ လတ်တလောတွင်၊ စီးပွားရေး မတည်ငြိမ်မှုသည် ကမ္ဘာတစ်ဝှန်း တရားမဝင် ရွှေ့ပြောင်းသူများလှုပ်ရှားမှုအတွက် အဓိကအကြောင်းပြချက်ဖြစ်နေသည်။ သို့ရာတွင် များစွာသောမိမိကိုယ်တိုင်ကသွားချင်သည့် ရွှေ့ပြောင်းသူများသည် လူမှောင်ခိုခြင်းကျွမ်းကျင်သည့် ဒုစရိုက်ဂိုဏ်းသားများနှင့်အတူ သွားချင်သည့်နိုင်ငံရောကသည်အထိ ခရီးလမ်းအန္တရာယ်များကို တာဝန်ယူရသည်။ ထိုဂိုဏ်းသားများသည် ရွှေ့ပြောင်းသူအားအစစအရာရာ စီစဉ်ပေးသော်လည်း၊ ဈေးတော့ကြီးသည်။ အများဆုံးဖြစ်လေ့ရှိသည့် ခရီးအခြေအနေများမှာ လူမဆန်ခြင်း ဖြစ်သည်။ ရွှေ့ပြောင်းသူများကို ကုန်တင်ကားများ သို့မဟုတ် သင်္ဘောများတွင် ပြည့်ကြပ်သိပ်ထည့်ထားသည့်အတွက်၊ သေပျောက်မှုများ မကြာခဏဖြစ်သည်။ သွားလိုသည့်နိုင်ငံ ရောက်ပြီးသည်နှင့် သူတို့၏တရားမဝင် အခြေအနေများသည် မှောင်ခိုသမားများ၏ သက်ညှာမှုအပေါ် ပုံအပ်ထားလိုက်ရပြီး၊ ရံဖန်ရံခါ လမ်းစရိတ်အကြွး ကာမိစေရန် တရားမဝင်အလုပ်သမားဈေးကွက်တွင် နှစ်ရှည်လများ အလုပ်လုပ်ရန် အတင်းအကြပ်ခိုင်းစေခြင်းခံရသည်။

တောရိုင်းတိရစ္ဆာန်များ[ပြင်ဆင်ရန်]

တောရိုင်းတိရ စ္ဆာန်မှောင်ခိုခြင်းသည် တိုင်းတစ်ပါးမျိုးစိတ်များအား တောင်းဆိုချက်နှင့် ကုန်သွယ် မှုမက်လုံးသဘာဝတို့၏ ရလဒ်ဖြစ်သည်။ စိုက်စ် (CITES) (မျိုးပြုတ်မည့် အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်နှင့်အပင် မျိုးစိတ်များအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်) သည် နိုင်ငံရေးနယ်နမိတ်များကို ကျော်ဖြတ်၍ မျိုးပြုတ်မည့်အန္တရာယ်ရှိသည့်တောရိုင်းသက်ရှိများ၏ ပြောင်းရွှေ့မှုကို စည်းကမ်းသတ်မှတ်သည်။

ဥပဒေဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

လူအများသိထားသည်မှာ မှောင်ခိုလုပ်ငန်းသည် တရားမဝင်ကုန်သွယ်ရေး နှင့် အဓိပ္ပာယ်တူဖြစ်သည်။ ထိုနည်းတူစွာ လူမှုရေးသိပ္ပံပညာရှင်များမှလည်း မှောင်ခိုလုပ်ငန်းကို တရားမဝင်ကုန်သွယ်ရေးဟု ဘာသာပြန်ဆိုထားကြသည်။ အခွန်ရှောင်ခြင်း နှင့် တားမြစ်ပစ္စည်းများ တင်သွင်းခြင်းတို့သည် အမှန်တစ်ကယ် လုံးဝတူညီသည့် ရည်ရွယ်ချက်များ ရှိနေချိန်တွင် သူတို့၏တောင်းဆိုမှု နှင့် ဈေးကစားမှုများသည် မတူလျှင်မတူသလိုလုပ်သည့် သဘောဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ အကောက်ခွန်ဂိတ်များမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများကို တစ်မျိုးတစ်ဖုံ စဉ်းစားသုံးသပ်ရမည်ဖြစ်ပြီး၊ မှောင်ခိုလုပ်ငန်း သည် အာဏာမသက်ရောက်သည့် လမ်းမှ တစ်ဆင့်ဖြစ်သည့် နိုင်ငံတကာကုန်သွယ်ရေးဟု အဓိပ္ပာယ်မှတ်ယူသည်။ သွင်းကုန်ထုတ်ကုန်လုပ်ငန်းအတွက် အစိုးရမှအာဏာမပိုင်သည့် ဆိပ်ကမ်း၊ လေဆိပ် သို့မဟုတ် ကုန်းတွင်းဂိတ်တစ်ခုသည် “အာဏာမသက်ရောက်သည့်လမ်းကြောင်း” ဖြစ်သည်။ နိုင်ငံ၏ အကောက်ခွန်အက်ဥပဒေတွင် ဤကိစ္စရပ်များအတွက်ဥပဒေဖွင့်ဆိုချက်များ ရှိပြီးဖြစ်သည်။ သိရှိထားသင့်သည်မှာ မည်သည့် “ဖွင့်ဟကျေညာခြင်းမရှိ” သည့် ငွေကြေး နှင့် အဖိုးတန်သတ္တုပစ္စည်းများ ကုန်ကူးခြင်းကို မှောင်ခိုလုပ်ငန်းဖြစ်သည်ဟုဖွင့်ဆိုချက်များအချို့ရှိသည်။ မှောင်ခိုလုပ်ငန်းသည် သိလျက်နှင့်ကျူးလွန်မှုဖြစ်ပြီး၊ ထိုအထဲမှ မှောင်ခိုလာသည့်ပစ္စည်းများ နှင့် ပစ္စည်းများနှစ်ခုလုံးကို ပြစ်ဒဏ်ချမှတ်နိုင်သည်။