မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာန

ဝီကီပီးဒီးယား မှ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာန (ယခင် စီမံကိန်းနှင့်စာရင်းအင်းဦးစီး ဌာန)ကို ၁၉၈၃ ခုနှစ်၊ မေလ(၁) ရက်နေ့တွင် အရာထမ်း (၁၀) နေရာ၊ အမှုထမ်း (၇၄) နေရာ၊ စုစုပေါင်းရာထူး (၈၄) နေရာဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ စီမံကိန်း နှင့် စာရင်းအင်းဦးစီးဌာနကို ၁၉၉၇ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ (၁၉/၉၇) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မွေးမြူရေးနှင့် ရေလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန အဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၁၀/၂၀၁၄ ) မှတ်တမ်းကောက်နုတ်ချက်အရ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းညွှန်ကြားမှု ဦးစီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာန သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၄-၆-၂၀၁၄) ရက်စွဲပါစာအမှတ်၊ ၁၉/၂၅ရ/အဖရ (၁၀/၂၀၁၄) ဖြင့် အမည် ပြောင်းလဲခဲ့သည်။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာန၏ ဖွဲ့စည်းပုံအား(၁၆-၇-၁၉၉၈ ) ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ (၂၅/၁၉၉၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အရာထမ်းရာထူး (၂၂ )နေရာ၊ အမှုထမ်းရာထူး (၆၅)နေရာ၊ စုစုပေါင်းရာထူး (၈၇) နေရာဖြင့် ဖွဲ့စည်းပုံပြင်ဆင်ခဲ့သည်။[၁]

ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာနတွင် အောက်ဖော်ပြပါ ဌာနခွဲ (၅) ခုဖွဲ့စည်း ထားရှိပြီး ဌာန၏ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

  • စီမံခန့်ခွဲရေးဌာနခွဲ
  • စီမံကိန်းလုပ်ငန်းဌာနခွဲ
  • စီမံကိန်းစိစစ်သုံးသပ်ရေးနှင့်စာရင်းအင်းဌာနခွဲ
  • အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးဌာနခွဲ
  • ကုန်သွယ်စီးပွားလုပ်ငန်းဌာနခွဲ

ဌာနခွဲအလိုက် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

စီမံခန့်ခွဲရေးဌာနခွဲ[ပြင်ဆင်ရန်]

အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးဌာနစု[ပြင်ဆင်ရန်]

  • ရုံးဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ အရေးယူအပြစ်ပေးခြင်း၊
  • ရုံးဝန်ထမ်းများ ခွင့်ပေးခြင်း၊ ပြောင်းရွှေ့ခန့်ထားခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စီမံခန့်ခွဲခြင်း၊
  • လက်ရေးတို၊ လက်နှိပ်စက်၊ စာပေးစာယူ လုပ်ငန်းများ ကြီးကြပ်စီမံဆောင်ရွက်ခြင်း၊
  • ရုံးသုံး စက်ပစ္စည်းကိရိယာများ သုံးစွဲမှု၊ ပြင်ဆင်မှု၊ ထောက်ပံ့မှု၊ ဖြည့်တင်းမှုများ၊ ကြီးကြပ်ဆောင်ရွက်ခြင်း၊
  • ရုံးသုံးပရိဘောဂများ၊ အသုံးအဆောင်များ၊ စာရေးကိရိများထောက်ပံ့ခြင်း၊ ဖြည့်တင်းခြင်းနှင့် စာရင်းအင်းများ စနစ်တကျ ပြုစုထားရှိခြင်း၊
  • မော်တော်ယာဉ်များသုံးစွဲမှု၊ ပြင်ဆင်မှု၊ လိုအပ်သောပစ္စည်းများ ထောက်ပံ့မှု၊ ဖြည့်တင်းမှုတို့ကို ကြီးကြပ်ဆောင်ရွက်ခြင်း၊
  • ရုံးလုံခြုံရေး ဝင်ထွက်ခွင့် လက်မှတ်ထုတ်ပေးခြင်း၊ ယာဉ်ဝင်ခွင့် လက်မှတ် ထုတ်ပေးခြင်း၊
  • ဌာန/လုပ်ငန်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊
  • လက်ရေးတို၊ လက်နှိပ်စက်နှင့် စာကူးစက်လှည့် လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း၊
  • အထွေထွေကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊
  • ဝင်စာ၊ ထွက်စာများကို လက်ခံရယူဖြန့်ဝေခြင်း။

ပြည်တွင်းဆက်သွယ်ရေးနှင့်မှတ်တမ်းများဌာနစု[ပြင်ဆင်ရန်]

  • မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ ရောက်ရှိလာသည့် ဧည့်သည်များ၊ မစ်ရှင်အဖွဲ့များအားပို့ဆောင်ခြင်း၊
  • နိုင်ငံခြားသားများအတွက် ဗီဇာနေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း အပါအဝင် လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်း၊
  • နိုင်ငံခြားသံတမန်များ/နိုင်ငံခြားသားများနှင့် တွေ့ဆုံရေး၊ လေ့လာရေး၊ ခရီးထွက်ခွာရေးတို့အတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခြင်း၊ တည်းခိုဧည့်ခံ ကျွေးမွေးရေးစီစဉ်ပေးခြင်း၊
  • တွေ့ဆုံချက်မှတ်တမ်းများ ပြုစုထုတ်ပေးခြင်း၊
  • နိုင်ငံခြားသားများ စာရင်းပြုစု၍ နိုင်ငံခြားသားတစ်ဦးချင်း၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် စိစစ် သုံးသပ်တင်ပြခြင်း၊
  • ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ပြည်ပသို့ တာဝန်ဖြင့် စေလွှတ်ရေး ကိစ္စ ဆောင်ရွက်ခြင်း၊
  • ပြည်ပသို့ သွားရောက်သည့် မစ်ရှင်အဖွဲ့များ လုပ်ငန်းခွင် လေ့လာရေး ပညာသင်ကိစ္စများအပေါ် လေ့လာမှတ်တမ်းတင်ခြင်း။

ငွေစာရင်းဌာနစု[ပြင်ဆင်ရန်]

  • ဌာနအသုံးစရိတ်စာရင်းများ ရသုံးမှန်းခြေ ငွေစာရင်းပြုစုရေးဆွဲခြင်း၊
  • ဌာနရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ ပြုစုရေးဆွဲခြင်း၊
  • ဌာနအသုံးစရိတ်များစနစ်တကျ ပြုစု ထိန်းသိမ်းထားရှိခြင်း၊
  • ဌာနအသုံးစရိတ်များအတွက် ကြိုတင် စာရင်း စစ်ဆေးခြင်း၊
  • ဌာနဝန်ထမ်းများလစာနှင့် ပင်စင်အသက်အာမခံစသည်များကို ဆောင်ရွက်ခြင်း၊
  • ဌာန၏ လစဉ် ၊ နှစ်ချုပ်ရသုံးစာရင်းများပြုစုခြင်း
  • ဝန်ကြီးဌာနအောက်ရှိ အခြားစီးပွားရေး လုပ်ငန်းအဖွဲ့အစည်း နှင့် ဦးစီးဌာနများ၏ ရသုံးမှန်းခြေငွေ စာရင်းဆိုင်ရာများ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း။

စီမံကိန်းလုပ်ငန်းဌာနခွဲ[ပြင်ဆင်ရန်]

မူဝါဒစီမံကိန်းရေးဆွဲရေးဌာနစု[ပြင်ဆင်ရန်]

  • နိုင်ငံတော်၏ သားငါးဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် အညီသားငါးကဏ္ဍဆိုင်ရာ နှစ်တို နှစ်လတ်/နှစ်ရှည်စီမံကိန်းများ ညှိနှိုင်းရေးဆွဲခြင်း၊
  • ညှိနှိုင်းရေးဆွဲထားသည့် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်မှု၌ ကြီးကြပ်ကွပ်ကဲလျက် လုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေအနေများကို စိစစ်တင်ပြ အစီရင်ခံခြင်း၊
  • အထက်အဖွဲ့အစည်းများ / ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ မေးမြန်းလာသော မေးမြန်းချက်များကို ပြုစု ဖြေဆိုပြန်ကြားခြင်း၊
  • နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ အထူးစီမံကိန်း လုပ်ငန်းများ ရေးဆွဲတင်ပြခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်မှုကို ကြီးကြပ် ကွပ်ကဲ ညှိနှိုင်း ဆောင်ရွက်ခြင်း နှင့် သုံးသပ်တင်ပြ အစီရင်ခံခြင်း၊
  • သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • သားငါးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှု အစီအစဉ်များ ရေးဆွဲခြင်း၊

သုတေသနနှင့်လေ့ကျင့်ရေးဌာနစု[ပြင်ဆင်ရန်]

  • နိုင်ငံတော်၏ သားငါးဆိုင်ရာ သုတေသနနှင့် မူဝါဒရေးရာဦးတည်ချက်များနှင့်အညီ သက်ဆိုင်ရာဌာန/ လုပ်ငန်းများနှင့် ညှိနှိုင်းလျက် လိုအပ်သော သုတေသန လုပ်ငန်းများ ဆောင်ရွက်စေခြင်း ၊ သက်ဆိုင်ရာ ဌာနများသို့ ဝန်ကြီးဌာန ကိုယ်စား လမ်းညွှန်ဆောင်ရွက်စေခြင်း၊
  • သုတေသနဆိုင်ရာစာတမ်းများ ပြုစုခြင်းကို ကြီးကြပ် စစ်ဆေးခြင်း၊
  • သားငါးကဏ္ဍဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရေတို/ရေရှည်သုတေသနနှင့် လေ့ကျင့်ရေးလုပ်ငန်းများ စိစစ်ဆောင်ရွက်လုပ်‌ကိုင်ခြင်း၊
  • သားငါးထုတ်လုပ်မှု နှင့် ဈေးကွက်ဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ သားငါးထုတ်လုပ်မှု နှင့် ဈေးကွက်အခြေအနေ အလားအလာများ ခန့်မှန်းတွက်ချက် ဖော်ထုတ်ခြင်း၊
  • ကျွမ်းကျင်မှုဆိုင်ရာ ဝန်ထမ်းများ လေ့ကျင့်သင်ကြားရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းစိစစ်ရေးဆွဲ ဆောင်ရွက်ခြင်း၊ သင်တန်းပို့ချစာစောင်များ ပြုစုခြင်း၊
  • ပြည်တွင်း ပြည်ပ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများသို့ သင်တန်းသား စေလွှတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများနှင့် ညှိနှိုင်း စီစဉ် ဆောင်ရွက်ပေးခြင်း၊
  • နိုင်ငံခြားအဖွဲ့အစည်းများ၏ အကူအညီဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ သင်တန်းများသင်ကြားပို့ချနိုင်ရေး စိစစ်ဆောင်ရွက်ခြင်း။

စီမံကိန်းစိစစ်သုံးသပ်ရေးနှင့် စာရင်းအင်းဌာနခွဲ[ပြင်ဆင်ရန်]

စီမံကိန်းစိစစ်သုံးသပ်ရေးဌာနစု[ပြင်ဆင်ရန်]

  • အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ နိုင်ငံတကာအစိုးရများနှင့် မိမိနိုင်ငံပိုင်ငွေဖြင့် ဆောင်ရွက် အကောင်အထည်ဖော်သည့် စီမံကိန်းလုပ်ငန်းများ၊ အထူးစီမံကိန်းများနှင့် ပတ်သက်၍ စီမံကိန်းအခြေအနေကို စိစစ်သုံးသပ်ခြင်း၊
  • စီမံကိန်းဒေသများသို့ ကွင်းဆင်းလေ့လာ ဆွေးနွေး၍ အခြေအနေကို လက်တွေ့ ကြည်ရှု့ စစ်ဆေးသုံးသပ် တင်ပြခြင်း၊
  • စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်ချက်များကို သက်ဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊
  • စီမံကိန်းဆောင်ရွက်နိုင်မှု အခြေအနေကို စိစစ်သုံးသပ်တင်ပြ အစီရင်ခံခြင်း၊
  • ဦးစီးဌာန / လုပ်ငန်းများ အပါအဝင် ပုဂ္ဂလိကနှင့် ဖက်စပ်လုပ်ငန်းများမှ ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ၏ အောင်မြင်မှု၊ တိုးတက်မှုအခြေအနေကို စိစစ်သုံးသပ်တင်ပြခြင်း။

စာရင်းအင်းနှင့် ကွန်ပျုတာဌာနစု[ပြင်ဆင်ရန်]

  • နိုင်ငံတော်၏ သားငါးကဏ္ဍဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်းများ အချက်အလက်များ စုစည်းပြုစုခြင်း၊
  • သားငါးကဏ္ဍဆိုင်ရာ စာရင်းအင်း အချက်အလက်များကို စိစစ်ညှိနှိုင်းခြင်း၊ သုံးသပ်ခြင်း၊
  • စိစစ်သုံးသပ်ရရှိချက်များကို နိုင်ငံတော်သမ္မတရုံးအပါအဝင် အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြအစီရင်ခံခြင်း၊
  • နိုင်ငံတော်၏ သားငါးကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများ အတည်ပြု ထုတ်ပြန်ခြင်း၊ ဖြန့်ဝေခြင်း၊
  • စာရင်းအင်း ကိန်းဂဏန်းများ အချက်အလက်များကို ကွန်ပျူတာတွင် ထည့်သွင်းသိုမှီးခြင်း၊ ရှေ့အခြေအနေများ တွက်ချက် သုံးသပ်ခြင်း၊
  • ရုံးလုပ်ငန်းများ သွက်လက် မြန်ဆန်ရေးအတွက် ကွန်ပျူတာ အသုံးပြု၍ ကူညီပံ့ပိုး ဆောင်ရွက်ခြင်း၊
  • ကွန်ပျူတာများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ကွန်ပျူတာဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊
  • ဦးစီးဌာန / လုပ်ငန်းများ၏ ဘဏ္ဍာငွေသုံးစွဲမှု စာရင်းများကို စစ်ဆေးခြင်း ၊ သုံးသပ်၍ အစီရင်ခံစာ တင်ပြခြင်း။

အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲ[ပြင်ဆင်ရန်]

ကုလသမဂ္ဂအဖွဲ့အစည်းများဌာနစု[ပြင်ဆင်ရန်]

ကုလသမဂ္ဂအဖွဲ့အစည်းများ (ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ ကုလသမဂ္ဂ အရင်းအနှီးဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တားဆီး ကာကွယ်နှိမ်နင်းရေး ရန်ပုံငွေအဖွဲ့ စသည်များ)မှ စီမံကိန်းလုပ်ငန်းများအတွက်-

  • ကျွမ်းကျင်မှု အကူအညီရယူရေး ကိစ္စရပ်များ
  • အထောက်အပံ့/ချေးငွေရယူရေး ကိစ္စရပ်များ
  • ထောက်ပံ့ငွေ/ချေးငွေရယူ ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းရပ်များမှ ပေါ်ပေါက်လာသည့် ကိစ္စရပ်များ
  • ယင်းတို့၏ အထောက်အပံ့ဖြင့် အစည်းအဝေး ဆွေးနွေးပွဲ၊ ကိုယ်စားလှယ်အဖွဲ့ လေ့လာရေးခရီး၊ ပညာသင်စသည်များ စေလွှတ်ရေးကိစ္စရပ်များ နှင့် ပြည်တွင်းတွင် ဆွေးနွေးပွဲ အစည်းအဝေးများ လက်ခံကျင်းပခြင်း ကိစ္စရပ်များ စသည်တို့ကို ဆောင်ရွက်ခြင်း။

ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဌာနစု[ပြင်ဆင်ရန်]

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ငါးမွေးမြူရေးဆိုင်ရာ ဆက်နွယ်မှုအဖွဲ့၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၊ အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ကူးစက်ရောဂါ ဌာနချုပ်၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၊ အာရှနှင့်ပစိဖိတ်ဒေသ တိရစ္ဆာန်မွေးမြူ ထုတ်လုပ်ရေးနှင့် ကျန်းမာရေးကော်မရှင် စသည်များမှ စီမံကိန်းလုပ်ငန်းများအတွက်-

  • ကျွမ်းကျင်မှု အကူအညီရယူရေး ကိစ္စရပ်များ
  • အထောက်အပံ့/ချေးငွေရယူရေး ကိစ္စရပ်များ
  • ထောက်ပံ့ငွေ/ချေးငွေရယူ ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းရပ်များမှ ပေါ်ပေါက်လာသည့် ကိစ္စရပ်များ
  • ယင်းတို့၏ အထောက်အပံ့ဖြင့် အစည်းအဝေး ဆွေးနွေးပွဲ၊ ကိုယ်စားလှယ်အဖွဲ့ လေ့လာရေးခရီး၊ ပညာသင်စသည်များ စေလွှတ်ရေးကိစ္စရပ်များ
  • ပုဂ္ဂလိက/သမဝါယမ/နိုင်ငံပိုင်အခန်းတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း။

အစိုးရနှင့်နိုင်ငံအချင်းအချင်း ဆက်သွယ်ရေးဌာနစု[ပြင်ဆင်ရန်]

နိုင်ငံခြားအစိုးရများ နိုင်ငံများမှ အဖွဲ့အစည်းများတို့မှ စီမံကိန်းလုပ်ငန်းကျွမ်းကျင်မှု အကူအညီ စသည်တို့ အတွက်-

  • နည်းပညာနှင့်ကျွမ်းကျင်မှု အကူအညီရယူရေးကိစ္စရပ်များ၊
  • အထောက်အပံ့/ချေးငွေရယူရေးကိစ္စရပ်များ၊
  • ထောက်ပံ့ငွေ/ချေးငွေရယူ ဆောင်ရွက်သည့် လုပ်ငန်းများမှ ပေါ်ပေါက်လာသည့် ကိစ္စရပ်များ၊
  • ယင်းထောက်ပံ့ငွေ/ချေးငွေနှင့် ကမ်းလှမ်းချက်အရ အစည်းအဝေး ဆွေးနွေးပွဲ၊ ကိုယ်စားလှယ်အဖွဲ့ လေ့လာရေးခရီးနှင့် ပညာသင်များစေလွှတ်ခြင်းများနှင့် ပြည်တွင်းတွင် ဆွေးနွေးပွဲ အစည်းအဝေးသင်တန်းများ လက်ခံ ကျင်းပခြင်းကိစ္စရပ်များ၊
  • စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာ၊ အတတ်ပညာရပ်များ ဖလှယ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခြင်း။

ကုန်သွယ်စီးပွားလုပ်ငန်းဌာနခွဲ[ပြင်ဆင်ရန်]

ကုန်သွယ်မှုနှင့်စီးပွားရေးလုပ်ငန်းဌာနစု[ပြင်ဆင်ရန်]

  • သားငါးကဏ္ဍ ထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ တိုးတက်ရရှိရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • နိုင်ငံခြားနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် ထူထောင်ထားသော ပြည်တွင်း စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်းများအပေါ် စိစစ်ဆောင်ရွက်ခြင်း၊
  • သားငါးဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်ခြင်း၊
  • ပုဂ္ဂလိက လုပ်‌ငန်းရှင်များ သားငါးတိုးတက် မွေးမြူထုတ်လုပ်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊
  • နိုင်ငံခြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် အခြားပြည်တွင်း/ပြည်ပ စီးပွား‌ရေး အဖွဲ့အစည်းများအား ကူညီပေးခြင်း၊ ၎င်းတို့၏ လုပ်ငန်းများကို စိစစ်သုံးသပ်၍ အထက်အဖွဲ့အစည်းသို့ တင်ပြခြင်း။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]

  1. မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာန။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန။ 20 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။