မွန်းချန်ဂီး

ဝီကီပီးဒီးယား မှ

မစ္စတာ မွန်းချန်ဂီး (Moon Changgil)ဟာ ၁၉၅၈ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ ဂျောန်လာနယ် မြောက်ပိုင်း ဂင်းမ်ဂျယ်မြို့မှာမွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ် မှာ စာပေအနုပညာ နယ်ပယ်ကို စတင် ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ကိုရီးယား ကဗျာဆရာအသင်း အဖွဲ့ဝင်၊ ကိုရီးယား စာရေးဆရာ အသင်း အဖွဲ့ဝင်၊ International စာပေအဖွဲ့ ကိုရီးယားနိုင်ငံရဲ့ အဖွဲ့ဝင်၊ Creation 21ဆိုတဲ့ စာအုပ်တိုက်ရဲ့ ကိုယ်စားလှယ်၊ ဂိုယန်းင်မြို့ ပြည့်သူ့အမျိုးသား အလုပ်အကိုင် ကိုယ်စားလှယ်များ အသင်း အဖွဲ့ဝင် နဲ့ Democratic society အဖွဲ့ဝင် ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ ၉၆ နှစ်မြောက် မွေးနေ့ကို မေလ ၁၀ ရက်က ကျင်းပခဲ့ရာ ကဗျာဆရာ မစ္စတာ မွန်းချန်ဂီးလည်း တက်ရောက်ခဲ့ပါတယ်။

မွန်းချန်ဂီးက ဆရာကြီး ဒဂုန်တာရာ နဲ့ ပတ်သက်တဲ့ အမြင်သဘောထား၊ ကိုရီးယား-မြန်မာ စာပေ အနုပညာ ဆိုင်ရာများကို ဆွေးနွေးခဲ့ပါတယ်။