မွန်သီချင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မွန်သီချင်း[ပြင်ဆင်ရန်]

ယနေ့တိုင် ကျန်ရှိနေသည့် ရှေးမြန်မာ သီချင်း ဂီတဆိုင်ရာ မှတ်တမ်းမှတ်စုများ၌ မွန်သီချင်း များနှင့် စပ်လျဉ်း၍ အများ အပြား မတွေ့ရှိရဘဲ မွန်-အလေးမေ့ခေါ် တောင်ယံတောက မောလေအောင် အစချီ တောင်ယံတောလေ၊ တောင်ယံတော ကြီး မွန်သီချင်း နှစ်ပုဒ်၊ မွန်-ကြာစေ့ကောက်ခေါ် နှင်းယွန်း ဂိမ္မာန် အစချီ သီချင်း၊ စိန်ခြယ်ညီလင်း အစချီ သီချင်း၊ မွန်-သံစုံခေါ် ကောင်းကြီးသခ‡ါ အစချီ သီချင်း၊ မွန်- ဆဲ့နှစ်ခန်းခေါ် ည|င်းည|င်း အစချီ သီချင်း၊ ဗိမ္မာသားလွှဲ ချင်းခေါ် စိန်မြရံခြယ် အစချီ သီချင်းနှင့် သောင်းကျေး ဒီပတွေ အစချီ သီချင်းရှစ်ပုဒ်လောက်သာလျှင် တွေ့ရှိရ လေသည်။

အဆိုပါ မွန်သီချင်းဟူ၍ အမည်တပ်ထားသော သီချင်း ရှစ်ပုဒ်မှာ ရှေးမွန်သီချင်းအလိုက် တေးသွား များကို တိုက်ရိုက် သီကုံးစပ်ဆိုထားသော သီချင်းမျိုးများ မဟုတ်ဘဲ ယိုးဒယား သီချင်းဟူ၍ အမည်တပ်ထားသော ရှေးမြန်မာသီချင်းမျိုးများ ကဲ့သို့၊ ရှေးမွန်သီချင်းများ၏ အဆွဲအငင် အဖွဲ့အနွဲ့ လေယူ လေသိမ်း အဖြတ်အတောက် စည်းဝင်စည်းထွက် အတော သီးချက် စသည်များကိုသာလျှင် အတုယူလျက် တစ်မျိုးဘာသာ တီထွင် စပ်ဆို သီကုံးထားသည့် မြန်မာသီချင်းများသာလျှင် ဖြစ်လေသည်။

မွန်သီချင်းအမည်များ၌ အလေးမေ့နှင့် ကြာစေ့ ကောက် ဟူသော အသုံးအနှုန်းများမှာလည်း မြန်မာ စကား အခေါ်အဝေါ်များ မဟုတ်ဘဲ၊ မွန်ဘာသာ အခေါ်အဝေါ် အသုံး အနှုန်းများဟူ၍ ယူဆရသည်။

မွန်သီချင်း ရှစ်ပုဒ်၏ စပ်ဆို သီကုံးထားသော အလိုက်တေး သွားများကို လေ့လာကြည့်မည်ဆိုလျှင် ကောင်းကြီးသခ‡ါ အစချီ သီချင်းနှင့် ည|င်းည|င်း အစချီ သီချင်းနှစ်ပုဒ်မှအပ ကျန်သီချင်း ခြောက်ပုဒ်၏ အလိုက်တေးသွားများ၊ သီကုံးစပ်ဆိုပုံများမှာ တစ်ပုဒ်နှင့်တစ်ပုဒ် အနည်းငယ်ဆင်တူယိုးမှား သီကုံးစပ်ဆိုထား သည်ကို တွေ့ရှိနိုင်ရုံမျှမက အလိုက်တေးသွားအားဖြင့် တူညီ သော အချို့ သီချင်းပိုဒ်များ၌ စာသားများကိုပါ တစ်ပုဒ်နှင့် တစ်ပုဒ် ဆင်တူယိုးမှား စပ်ဆိုထားသည်ကို အောက်ပါအတိုင်း တွေ့မြင်ရပေသည်။

ထူးထူးထွေထွေ၊ ထူးထူးငယ်များထွေထွေ၊ သောင်ငွေ ယမုန်ထဲ၊ သဲခုံတွေ-ငှက်ဖာ်စုံရွှေ (နှင်းယွန်း ဂိမ္မာန်) ထူးထူးထွေထွေ၊ စုံခြေရဂုံတော၊ ငှက်မွန်လေဖော်ချင်းနှော(ကောင်ကြီးသခ‡ါ) တိုင်းကျေးငယ် ဝေးမြေတာ၊ ပျော်တော်နိုင်ပါရေး၊ ဘွေသီဟာ ဘွေသီဟာ(စိန်ခြယ်ညီးလင်း) တိုင်းကျေးမြေတာ၊ တိုင်းကျေးငယ် ဝေးမြေတာ၊ ဖန်ရာလွန်ကြည်ကွဲ၊ ကြုံတော်ပြန်လှာ (စိန်မြရံခြယ်) သွန်းဖြိုး မန္ဒာ၊ သွန်းဖြိုးငယ် မိုးမန္ဒာ၊ တံမြွာ ရွှေစည်ကျူး၊ ထူးသံသာ၊ ထူးသံသာ (တောင်ယံတောကြီး) သွန်းဖြိုး မန္ဒာ၊ သွန်းဖြိုးငယ် မိုးမန္ဒာ၊ ဘီလာတိမ်ခြေဦး၊ စံရာဘွေ၊ မန်းညာရွှေ(သောင်းကျေးဒီပါတွေ) မွန်သီချင်း အချီပိုဒ်များ၌ အလိုက်တေးသွားအားဖြင့် အမျိုးမျိုး စပ်ဆိုကြသည်ကို တွေ့ရှိရသော်လည်း အချပိုဒ် များတွင် ည|င်းည|င်း အစချီ သီချင်းတစ်ပုဒ်မှအပ ကျန်သီချင်းများ၌ စိန်ခြယ်ညီလင်း အစချီ သီချင်းရှိ အောက်ဖော်ပြပါအလိုက်တေးသွား အချပိုဒ်မျိုးကဲ့သို့ စပ်ဆို သီကုံးကြသည်ကို တွေ့ရှိရသည်မှာ မွန်သီချင်း၏ ထူးခြား ချက်တစ်ရပ်ပင် ဖြစ်သည်။

သောရာမြင့် သုံးဆင့် သံချိုညွှန်း၊ ယုန်ငွေဝန်း၊ ဖန်ခါခါဆွေးကြောင်း၊ တိမ်ခြေ ငွေနှင်းပေါင်း၊ လေပြန်လာသွန်းလောင်း၊ နန်းသူ ပူဆွေးကြောင်း၊ ဘွေသဉ်ကြာမင်းပေါင်း ငယ်လေ ခွေညိ|ုးပျောင်း မွန်သီချင်း ရှစ်ပုဒ်အနက် စိန်ခြယ်ညီလင်းအစချီ မွန်သီချင်း တစ်ပုဒ်သာလျှင် မြဝတီမင်းကြီး ရေးသား၍ ကျန် သီချင်းများကို ပြင်စည်မင်းသား ရေးသားခဲ့လေသည်။ ( စ၊ ဦး၊ မြဝတီဝန်ကြီး။) ( ပြင်စည်မင်းသား။) ပြင်စည်မင်းသား ရေးသားခဲ့သော နှင်းယွန်းဂိမ္မာန် အစချီ သီချင်းနှင့် မြဝတီ မင်းကြီး ရေးသားခဲ့သော ဥက္ကလာပပြန်ခေါ် စိန်ခြယ်ညီး လင်း အစချီ သီချင်းနှစ်ပုဒ်မှာ သက္ကရာဇ် ၁၂ဝ၃ ခုနှစ်တွင် ရွှေဘိုမင်းသည် ရွှေတိဂုံစေတီတော်မြတ်အား ဖူးမျှော်ရန်အတွက် အမရပူရမှ ဥက္ကလာပခေါ် ရန်ကုန်မြို့သို့ စုန်ဆင်းလာစဉ် ရန်ကုန်မြို့၌ မွန်သီချင်းများသည် ရွှေဘိုမင်းလက်ထက် အခါလောက်မှစ၍ ထွန်းကားပေါ်ပေါက်လာသည်ဟု ယူဆ ရသည်။

ထိုအချက်နှင့် စပ်လျဉ်း၍ သက္ကရာဇ် ၁၁၉၉ ခုနှစ် ရွှေဘိုမင်း နန်းမတက်မီ မွန်သီချင်းဟူ၍ တစ်သီးတစ်ခြား မပေါ်ပေါက်သေးကြောင်း အခိုင်အလုံ သိရှိရသော သာဓက တစ်ရပ်မှာ ဘိုးတော်မင်းတရား လက်ထက် သက္ကရာဇ် ၁၁၆၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် အိမ်ရှေ့မင်း အမိန့်တော်အရ ရှေးအစဉ်အဆက် ပသခဲ့သည့် ၃၇ မင်းနတ် တို့ကို ပွဲကန္နားသဘင်ကျင်းပရာ၌ ပတ်၊ နှဲ၊ လင်းကွင်းများ မည်သို့ တီးမှုတ်လျက် မည်သို့ ကခုန်သည့် အချက်အလက် များကို ဆိုင်းတော်တီး ဦးမြတ်သာ၊ ဦးတရုတ်နှင့် တကွ ပန်တျာ ပညာသည်များကို စစ်ဆေးမေးမြန်း မှတ်သားစေ ပြီးလျှင် သက္ကရာဇ် ၁၁၈၂ ခုနှစ် သီတင်းကျွတ်လဆန်း ၄ ရက်နေ့တွင် နတ်ထိန်းကြီး ပဝိဒေဝကျော်၊ ရာဇဝင်ဆရာ ဦးနုနှင့်တကွ အခြား ရာဇဝင်ပညာရှိများနှင့်အတူ တိုက်ဆိုင်၍ ၃၇ မင်းနတ်စဉ်၊ အမျိုးအမည်၊ ဆင်ယင်ပသနည်း၊ တီးမှုတ် နည်း၊ နတ်သံများကို မြဝတီမင်းကြီး မှတ်သားစုဆောင်းထား သည့် မှတ်တမ်းရှိ မွန်အမျိုးအနွယ် နတ်များနှင့် စပ်လျဉ်း၍ သုံးပန်းလှ နတ်အကြောင်းတွင် - ကြေး နှဲ ပတ်ဝန်းများက တီးမှုတ်ရသည်။ အလျင်တလိုင်း ဘာသာ နှစ်ကြိမ်တီးသည်။ နောက် မြန်မာ ဘာသာ ကွင်းတီး သည်။ သုံးခါကပြီးမှ နတ်သံပစ်သည်ဟူ၍လည်းကောင်း၊ သံတော်ခံ နတ်အကြောင်းတွင် - နတ်သံချလျှင် ကြေး နှဲ ပတ်ဝန်းးကျင်များက တီးမှုတ်ကြ ရသည်မှာ တလိုင်းသီချင်းကို တလိုင်းတီး တီးသည်ဟူ၍ လည်းကောင်း၊ မယ်တော် ရွှေစကားနတ် အကြောင်းတွင် - နတ်သံချလျှင် ပတ်က တီးရသည်မှာ တျောဒုံနှင့် တျာဒူး တွင် တလိုင်းချက်နှင့် တီးသည်။ 'တီးခေါင် ပေါက်ကယ် နောက်ဆံစည်း' ပီအောင် တီးသည်ဟူ၍လည်းကောင်း၊ ထီးဖြူဆောင်း မယ်တော်နတ်အကြောင်းတွင် - ကြေး နှဲ ပတ်ဝန်းများက တီးရသည်မှာ တလိုင်းချက်နှင့် တျောဒုံဖက်၍ တလိုင်းကို အထက်မယ်တော် ရွှေစကားနတ် နည်း တီးရသည်ဟူ၍လည်းကောင်း၊ တွေ့ရှိရသဖြင့် ထိုအချိန်တိုင်အောင် မွန်သီချင်းဟူ၍ တသီး တခြား ခေါ်ဝေါ်သော မြန်မာသီချင်းမျိုးများ မပေါ်ပေါက်သေး ဘဲ မွန်ဘာသာ သီချင်းအလိုက် တေးသွားအတိုင်း တိုက်ရိုက် တီးမှုတ်သည့် မွန်တီးချက်များ သာလျှင် ထွန်းကား ပေါ်ပေါက် နေသည်မှာ သိသာထင်ရှားလေသည်။

သက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် ဇေယသခ‡ယာ ရေးသားခဲ့ သော ရွှေဘုံနိဒါန်း၌လည်း မြန်မာမင်းများ၏ ဝင်စည်တော် တီးမှုတ်ရာ၌ မွန်တီးချက်နှင့် မွန်ဘာသာ တေးသွားအတိုင်း တိုက်ရိုက်တီးမှုတ်ကြောင်းကို အောက်ပါအတိုင်း တွေ့ရှိရသည်။

စည်ငါးလုံး၊ နှဲလေးစင်း၊ ပုံတစ်၊ စည်းစုပ်တစ်၊ စည် ချင်းမှာ သမိန်ဗြမ်း တီးသည်။ သမိန်မှာ မြန်မာပြန်လျှင် မင်း ဆိုသည်မှာ၊ ဗြမ်းမှာ ဘုန်းတန်ခိုးကြီးသည် ဆို၏။ ဘုန်းတန်ခိုးကြီးသောမင်း ဆိုလိုသည်။ နှဲချင်းမှာ သီရိ ပဝရ အဂ္ဂဓမ္မရာဇာ မဟာစ္စက္ကဝေါ သမိန်ထောလွတ်တရ ဟူ၍ မှုတ်သည်။ ပါဠိ မှာ မြန်မာ တလိုင်း ယွန်းအက္ခရာ အတူတူ ပင် ဖြစ်သည်။ သမိန်ထောမှာ မင်းတရား ဆိုသည်။ လွတ်တရမှာ ဝင်တော့ ဆိုသည်။ လွတ်တရမှာ ဝင်တော့ ဆိုသည်။ မင်းတရား ဝင်တော်မူတော့ ဆိုသည့် စကားပင် ဖြစ်သည်။

ထိုပြင် လွန်ခဲ့သည့်နှစ်ပေါင်း ၁၅ဝဝ ခန့်မှစ၍ မွန်တို့၏ ဒေသဖြစ်သော မြန်မာနိုင်ငံအောက်ပိုင်းရှိ ပဲခူးမြို့နှင့် သထုံမြို့ များနှင့် ပျူတို့၏ အရပ်ဒေသဖြစ်သော မြန်မာနိုင်ငံ အလယ် ပိုင်းရှိ သရေခေတ္တရာမြို့များမှ ယဉ်ကျေးမှုအားဖြင့် နှစ်ပေါင်း များစွာ အဆက်အသွယ်ရှိခဲ့ခြင်း၊ ကျန်စစ်သားမင်း၏ နန်းတည် ကျောက်စာ၌ ပုဂံနန်းတည် အခမ်းအနားတွင် မွန်အတီးအမှုတ် များနှင့် ပျူအတီးအမှုတ်များ ပါဝင်သည်ဟူ၍ တွေ့ရှိရခြင်း၊ သက္ကရာဇ် ၁ဝ၃၅ ခုနှစ် မင်းရဲကျော်ထင်မင်း ဥကင်တော်ဖွင့် မဂ‡လာအခမ်းအနား ဆင်ယင်ကျင်းပရာတွင် ပါဝင်ကပြရန်နှင့် စပ်လျဉ်း၍ သက္ကရာဇ် ၁ဝ၃၄ ခုနှစ် တန်ခူးလဆန်း ၃ ရက်နေ့ နာခံပြော့မှူးကြီး၏ လွှတ် ပြန် အမိန့်တော်၌ မြန်မာ အတီး အက - နောက် ၄ဝ ရှေ့ ၈ဝ၊ မွန် အတီးအက၊ ယိုးဒယား၊ အတီးအက နောက် ၁၅ ရှေ့ ၃ဝဟူ၍ တွေ့ရှိရခြင်း၊ အင်းဝ ခေတ်မင်းများ လက်ထက်တွင် မင်းခမ်းမင်းနား သဘင်များ ဆင်ယင်ကျင်းပကြသည့်အခါ၌ ပါဝင်တီးမှုတ်ကြသည့် မြန်မာ တူရိယာများအထဲတွင် မွန်နှဲဟုခေါ်သော နှဲတစ်မျိုး အစဉ် ထည့်သွင်း တီးမှုတ်လေ့ရှိကြောင်း ပျို့ကဗျာများ၌ တွေ့ရှိရခြင်း၊ သက္ကရာဇ် ၁၁၈၇ ခုနှစ် မုံရွေး ဆရာတော် ရေးသားခဲ့သည့် မဟာသီလဝပျို့၌ တုလောင်ငွေမောင်း၊ စည်ပန်းတောင်းက သံညောင်း ပန်းတိယား၊ အခြားခြားတည့်၊ သားများသားနည်း၊ ဂျွမ်းကျည်းယွန်းမွန်၊ အတန်တန်ကို၊ စိတ်ဉာာဏ်မှတ်ပိုက်၊ ဇာတ်စရိုက်ဖြင့်၊ သမိုက်သမျှ၊ တီးမျိုးစသား၊ ရာဇဘွယ်ရာ၊ စိတ်တောသာတိုင်း၊ အခါမလွဲ၊ ရွှေနန်းထဲတွင်၊ သဲသဲ ထိတ်ထိတ်၊ ကရဝိတ်တွန်သံ၊ ပုံနှင့်စံ၍၊ ညံညံမစဲ၊ ရွှေနန်းပွဲကို၊ ခံမြဲခံတော်မူပါလော့ ဟူ၍ တွေ့ရှိ ရခြင်း၊ သက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးသည် ကျောက်တော်ကြီး ဘုရားကို ဖူးမြေ|ာ်ရန်အတွက် ထွက်တော်မူလာပုံ ဆေးရေး ပုရပိုက်တစ်ဆူတွင် မြန်မာဆိုင်းဝိုင်း တူရိယာများထဲ၌ မွန် တူရိယာဖြစ်သော ကြေးကောက် တူရိယာကို တွေ့ရှိရခြင်း စသည့် အချက်အလက်များကြောင့် ထိုခေတ်အခါက မြန်မာ လူမျိုးများနှင့် မွန်လူမျိုးများတို့သည် ပန်တျာ အတီးအမှုတ် ပညာရပ်များကို တစ်ဦးထံမှ တစ်ဦး ဖလှယ်နည်း ယူ လက်ခံ တီးမှုတ် သီဆိုကြမည်မှာ ယုံမှားဖွယ် မရှိချေ။

ဧဧခြူရေးချိုက် အစချီ ယိုးဒယားဘာသာ သီချင်း တေးသွားအတိုင်း တိုက်ရိုက် စီကုံးရေးသားစပ်ဆိုခဲ့သည့် လွမ်းပိုအောင် အစချီ ယိုးဒယား သီချင်းမျိုးကဲ့သို့ ရှေး အခါက ခေတ်အစားဆုံး မွန်သီချင်းများ၏ အလိုက် တေးသွား များနှင့် အတော တီးချက်အတိုင်း နှောင်းခေတ်ဆရာတစ်ဦး မြန်မာဘာသာဖြင့် တိုက်ရိုက် စပ်ဆို သုံးခဲ့သည့် မွန်သံဟောင်း သီချင်းခေါ် တလိုင်းသံ နှိုင်းစံပယ်ခွာ အစချီ သီချင်းတစ်ပုဒ် တည်းလည်း မြန်မာ့ ပန်တျာလောကတွင် ယနေ့တိုင် ခေတ်စား လျက်ရှိပေသည်။

မွန်သီချင်းများသည် များသောအားဖြင့် အလွမ်းသံ အဆွေး သံများ ဖြစ်သဖြင့် ယနေ့ ဇာတ်သဘင်များ ကပြရာ လွမ်းခန်း ဆွေးခန်းများ၌ ဇာတ်လမ်း ဇာတ်ကွက်များနှင့် ဆီလျော်ရာ သီချင်းပိုဒ်များကို ကောက်နုတ် သီဆို တီးမှုတ်လေ့ရှိကြသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)