မာတိကာသို့ ခုန်သွားရန်

မွန်တက်မဟယ်

ဝီကီပီးဒီးယား မှ
Mumtaz Mahal
အထွေထွေ အချက်အလက်များ
မြို့Kollupitiya, Colombo
နိုင်ငံSri Lanka
တည်ဆောက်မှု စတင်1928
ပြီးစီး1929
ပိုင်ဆိုင်သူParliament of Sri Lanka
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Homi Billimoria

မွန်တက်မဟယ် သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၏ ဆင်ခြေဖုံးအရပ်တစ်ခုဖြစ်သည့် ကိုလုပိတိယတွင် တည်ရှိသည့် သီရိလင်္ကာပါလီမန်ပြောခွင့်ရပုဂ္ဂိုလ်၏ ယခင်က နေအိမ်ဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သမ္မတအိမ်တော်ပြောခွင့်ရပုဂ္ဂိုလ်၏ နေအိမ်အဖြစ် ထားရှိရန် ဝယ်ယူခဲ့သည်။ Sri Jayawardenapura-Kotte ရှိ ပါလီမန်အဆောက်အဦအသစ် အနီးတွင် ၂၀၀၀ ခုနှစ်၌ နေအိမ်အသစ် မတည်ဆောက်ရသေးခင်အထိ နေထိုင်ခဲ့သည်။ ထို့နောက်တွင် ထိုအိမ်၌ အမျိုးမျိုးသော အစိုးရအဖွဲ့အစည်းများသည် အသုံးပြုနေထိုင်ခဲ့ကြသည်။[][][]

သမိုင်း

[ပြင်ဆင်ရန်]

အဆောက်အဦကို ၁၉၂၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ St Margaret ၏ ပြင်သစ်ပုံစံအိမ်သည် ပျက်စီးပြီးနောက်တွင် တည်ဆောက်မှုများကို ၁၉၂၇ ခုနှစ်တွင် စတင်ခဲ့သည်။ ဂယ်လီလမ်းမပေါ်ရှိ Kollupitiya တွင် တည်ရှိသည့် မြေကွက်တစ်ခုပေါ်တွင် တည်ရှိသည်။ St Margaret ၏ အိမ်ကို မိုဟာမက်အလီမိုဟာမက်ဟူစိန်အတွက် သူ၏ ဖခင်ဖြစ်သူ မိုဟာမက်အလီက တည်ဆောက်ပေးခဲ့သည်။ အိမ်သို့ ပြောင်းရွှေ့ပြီး နှစ်အနည်းငယ်ကြာသည့်အခါ ဟူစိန်သည် စိတ်ဓာတ်အကြီးအကျယ်ကျဆင်း၍ ဒေဝါလီခံခဲ့ရသည်။ ထို့နောက်တွင် အိမ်ကို ပြင်သစ်သံတမန်ရုံးသို့ ငှားရမ်းခဲ့သည်။ ၁၉၄၃ ခုနှစ် ပြင်သစ်အစိုးရ ကျဆုံးပြီးနောက်တွင် ပြင်သစ်သံတမန်ရုံးသည် ကျွန်းပေါ်မှ ထွက်ခွာခဲ့သည်။ အိမ်ကို သီရိလင်္ကာနိုင်ငံအကြီးအကဲ  Vice Admiral Sir Geoffrey Layton က အသုံးပြုရန်အတွက် အမိန့်ပေးခဲ့သည်။ သူသည် စစ်ပြီးဆုံးသည့်တိုက်အောင် ထိုအိမ်၌ နေထိုင်သွားခဲ့သည်။ သီရိလင်္ကာလွတ်လပ်ရေးရလာသည့်အခါတွင် ထိုအိမ်ကို သီရိလင်္ကာအစိုးရက ဝယ်ယူခဲ့ကာ အိမ်တော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Sir Francis Molamure ၏ တရားဝင်နေအိမ်အဖြစ် အသုံးပြုခဲ့သည်။  Sri Jayawardenepura Kotte ရှိ ပါလီမန်အဆောက်အဦအသစ်ဘေးနားရှိ အိမ်အသစ်သို့ ပြောင်းရွှေ့ခဲ့သည့် ၂၀၀၁ ခုနှစ်အထိ နေထိုင်ခဲ့သည်။ [][]

ဤအိမ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအဖွဲ့နှင့် Fiscal Ombudsman စသူတို့သည် ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်အဖြစ်သို့ မပြောင်းမီ ဆက်တိုက်နေထိုင်ခဲ့ကြသည်။ အဆောက်အဦသည် ဆိုးရွားစွာ ပျက်စီးခဲ့ပြီးနောက်တွင် မူလ အပြင်အဆင်များ၊ ပရိဘောဂများသည် ပျောက်ဆုံးပျက်စီးမှုများ ဖြစ်ခဲ့ရသည်။[][]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Kirinde၊ Chandani။ "PM proposes pay hike, extra allowances for MPs"၊ 20 November 2016။ 
  2. ၂.၀ ၂.၁ ၂.၂ A Mansion called Mumtaz။ Sunday Times of Ceylon (7 November 1993)။ 8 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Hussein၊ Ameena။ "Mumtaz Mahal, The Story of a House"။ 30 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 October 2016။