မြေအောက်ပုံပြင်

ဝီကီပီးဒီးယား မှ
Undertale
The logo shows the text "UNDERTALE" in white pixel-art text, with a red heart making up the counter in the "R".
ဖန်တီးသူ တိုဘီဖော့စ် [မှတ်စု ၁]
ထုတ်ဝေသူ
ဒီဇိုင်းနာ တိုဘီဖော့စ်
ဂိမ်းအနုပညာရှင် Temmie Chang
တေးရေး တိုဘီဖော့စ်
ဂိမ်းအင်ဂျင် ဂိမ်းမိတ်ကာစတူဒီယို
ပလက်ဖောင်း
ဖြန့်ချီသည့်နေ့စွဲ
ဂိမ်းအမျိုးအစား Role-playing
Mode(s) Single-player

Undertale(အန်ဒါတေးလ်) မြေအောက်ပုံပြင် သည် အမေရိကန်ဂိမ်းတီထွင်သူ တိုဘီဖော့စ် မှ ဖန်တီးခဲ့သော ၂၀၁၅ ခုနှစ် 2D role-playing ဗီဒီယိုဂိမ်းတစ်ခုဖြစ်သည်။ ကမ္ဘာ့မြေအောက်ရှိ မှော်အတားအဆီးတို့ဖြင့် ခြားထားသော မွန်းစတားများနေထိုင်ရာ ကြီးမားသည့် သီးခြား‌‌ အောက်ကမ္ဘာသို့ မတော်တဆပြုတ်ကျသွား‌သော ဖရစ်ဟုအမည်ရသည့် ကလေးငယ်‌နေရာတွင် ဆော့ကစားရမည်ဖြစ်သည်။ ကစားသမားသည် ကမ္ဘာ့မြေပြင်အပေါ်သို့ ပြန်ရာလမ်းခရီးစဉ်တွင် မွန်းစတားမျိုးစုံများနဲ့ တွေ့ရပြီး မွန်းစတားအချို့နဲ့ တိုက်ပွဲသတ်ပွဲများ ဆင်နွှဲကြရသည်။တိုက်ပွဲများအတွင်းတွင် ကစားသမား၏စိတ်ဝိညာဉ်ကို ကိုယ်စားပြုသည့် နှလုံးသားကို ထိန်းချုပ်ရပြီး ရန်သူ မွန်းစတား၏ ကျည်ဆန်တိုက်ခိုက်မှုများကို ရှောင်ရှားရမည်ဖြစ်သည်။

တမ်မီချန် နှင့် အခြားဧည့်သည်ဒီဇိုင်နာများ၏ အနုပညာလက်ရာများနှင့် ဇာတ်ကောင်ဒီဇိုင်းများအပြင် ဖော့စ် သည် ဇာတ်ညွှန်းနှင့်ဂီတအပါအဝင်ဂိမ်းတစ်ခုလုံးကို ကိုယ်တိုင်ဖန်တီးခဲ့သည်။ အန်ဒါတေးလ်ကို မူလက ၂နာရီခန့် ကစားချိန်ရှိသောဂိမ်းတစ်ခုအဖြစ် စီစဉ်ထားသော်လည်း ပုံမှန်အားဖြင့်၆နာရီမှ ၈နာရီအထိရှိပြီး ရွေးချယ်မှု၊ ကစားမှုပုံစံတို့အပေါ် မူတည်၍ နာရီ ၂၀ နှင့် နာရီ ၂၀အထက်အချိန်ကြာနိုင်သည်။ ၎င်းကို ၂၀၁၄နှစ်လယ်တွင် ဖြန့်ချိရန် စီစဉ်ထားသော်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နှောင့်နှေးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ဂိမ်းသည် OS X နှင့် ဝင်းဒိုးစ် အတွက် စက်တင်ဘာလ ၂၀၁၅ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ၂၀၁၆ခုနှစ် ဇူလိုင်လတွင် လင်းနပ်စ် ၊ 2017ခုနှစ် သြဂုတ်လတွင် ပလေးစတေရှင် ၄ နှင့် ပလေးစတေရှင် ဗီတာ ၊ ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် နင်တန်းဒို ဆွစ်ချ် နှင့် ၂၀၂၁ခုနှစ် မတ်လတွင် အိတ်ဇ်ဘောက်စ်ဝမ်း တို့တွင်ထွက်ရှိခဲ့သည်။ ဂိမ်းသည် ကော်ပီတစ်သန်းကျော် ရောင်းချခဲ့ရပြီး ဆုများနှင့် အမည်စာရင်းများ တင်သွင်းခံခဲ့ရသည်။အန်ဒါတေးလ်ကို တစ်နှစ်တာအကောင်းဆုံးဂိမ်း အဖြစ် စာရင်းသွင်းထားပြီး အခြားဂိမ်းများသည် ၎င်းကို ဖန်တီးဖူးသမျှတွင် အကောင်းဆုံးဗီဒီယိုဂိမ်း များထဲမှတစ်ခုအဖြစ် စာရင်းသွင်းကြသည်။ ဆက်စပ်သောဂိမ်းတစ်ခုဖြစ်သည့် ဒယ်လ်တာရွန်အခန်းနှစ်ခန်းကို ၂၀၁၈နှင့် ၂၀၂၁ခုနှစ်တွင် ထုတ်ဝေခဲ့သည်။


မှတ်စု[ပြင်ဆင်ရန်]

  1. 8-4 developed the console versions.[၁][၂]
  2. Self-published on PC version
  3. 8-4 published the console versions.

ကိုးကား[ပြင်ဆင်ရန်]

  1. Fox၊ Toby (June 13, 2017)။ UNDERTALE is Coming to PlayStation!။ May 31, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 22, 2020 တွင် ပြန်စစ်ပြီး။ “Along the way that transformed into having them develop and publish the PlayStation versions, too.”
  2. Toby Fox and 8-4။ Undertale (Nintendo Switch)။ 8-4။ Scene: Credits။ Nintendo Switch Conversion: 8-4, Ltd.