မြေမှုန်လွင် (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
မြေမှုန်လွင်
အမည်ရင်းစန်းမွန်အောင်
အလုပ်အကိုင်စာရေးဆရာ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
ထင်ရှားသည့်လက်ရာကျောက်စာကိုခဲဖျက်နှင့်ဖျက်၍မရ[၁]
မိဘဦးအောင်ဆန်းတင့် + ဒေါ်ခင်မြတ်မွန်

၁၉၈၆ ခုနှစ်တွင် ဧပြီလ (၂၂) ရက်တွင် ဖခင် ဦးအောင်ဆန်းတင့်၊ မိခင် ဒေါ်ခင်မြတ်မွန်တို့မှ မွေးဖွားခဲ့သည်။ ညီအစ်ကိုသုံးယောက်ရှိသည်။ အ.ထ.က (၁) ဒဂုံ မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၂၀၀၂ ခုနှစ် အောက် တိုဘာလထုတ် မုခမဂ္ဂဇင်းတွင် ဖော်ပြသော "ဂစ်တာပေါ်ကလ" သည် ပထမဆုံး ပုံနှိပ်ခံခဲ့ရသောစာမှုဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် ငါတို့စာပေ အမည်ရှိ စာပေတိုက်တည်ထောင်ပြီး စာအုပ်များထုတ်ခဲ့သည်။ အတွဲ ဝတ္ထုတိုပေါင်းချုပ်နှစ်အုပ်ဖြစ်သည့် ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင်၊ မဖဲ့မစောင်းနှင့် အတွဲ ကဗျာစာ အုပ်တစ်အုပ်(နာမ်)တို့တွင် ပါဝင်ခဲ့ပြီး စီးမလား အမည်ရှိ ကဗျာစာအုပ်ကို ၂၀၁၀ ပြည့်နှစ်က ထုတ်ဝေခဲ့သည်။ ၂၀၁၁ ခုနှစ် မေလတွင် နှစ်ပိုင်းတစ်ပိုင်း အမည်ရှိ လုံးချင်းဝတ္ထုစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ရေးသားခဲ့သော ဝတ္ထုတိုပေါငတို့တွင် ပါဝင်ခဲ့ပြီး စီးမလား အမည်ရှိ ကဗျာစာအုပ်ကို ၂၀၁၀ ပြည့်နှစ်က ထုတ်ဝေခဲ့သည်။ ၂၀၁၁ ခုနှစ် မေလတွင် နှစ်ပိုင်းတစ်ပိုင်း အမည်ရှိ လုံးချင်းဝတ္ထုစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် "ကျောက်စာကိုခဲဖျက်နှင့်ဖျက်၍မရ " အမည်ရှိ လုံးချင်းဝတ္ထုစာအုပ်ကို ထုတ်ဝေခဲ့သည်။ [၂][၃]

ကိုးကား[ပြင်ဆင်ရန်]