မြေနန်းဝန်

ဝီကီပီးဒီးယား မှ

မြေနန်း(သေနတ်)ဝန်[ပြင်ဆင်ရန်]

မြေနန်းသေနတ်ရာထူးကို မြေနန်းဝန်ဟူ၍သာ ယေဘုယျခေါ်ဆိုကြသည် ။ မြေနန်းဝန်သည် ရွှေနန်းတော်ကြီးနှင့် အြခားဌာနများ တဲ ၊ ကန္နား ၊ပြဿဒ် ၊ မဏ္ဍပ် ၊ တန်းဆောင် ၊ နန်းတော်ဆောင် ၊ အိမ်တော်များ၌ အခမ်းအနားပြင်ဆင်ရေး နှင့်စပ်လျင်းသော တာဝန်များကို လုပ်ဆောင်ရသည် ။ မြေနန်းဝန်၏ လက်အောက်တွင် မြေနန်းစာရေးများကိုလည်း သီးခြားထားရှိသည် ။ ကုန်ဘောင်ခေတ်ဦးကာလက မြေနန်းဝန်နှင့်မြေနန်းသေနတ်ဝန်ရာထူးကို သီးခြားထားရှိသည် ။ ထိုစဉ်က မြေနန်းဝန်မှာလောကီ ၊ လောကုတ္တရာနှင့် စပ်ဆိုင်သော အခမ်းအနားများတွင် လွှတ်တော်မှဆင့်ဆိုသော အမိန့်စာချွန်အတိုင်း ကော်ဇောကမ္ဗလာ စသည်တို့အား ရွှေတိုက်တော်မှ ထုတ်ယူခင်းကျင်းပေးကြရ၏ ။ ယင်း မြေနန်းဝန်ရာထူးကို ညောင်ရမ်းခေါတ် ၂၄ စက်တင်ဘာ၁၅၉၈ ရက်စွဲပါ အမိန့်တော်၌ အစောဆုံးတွေ့ ရှိရသည် ။ ကုန်းဘောင်ခေတ်ဦးကာလ မြေနန်းသေနတ်ဝန်ရာထူးမှာ မြေနန်းစောင့်လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား ကြီးကြပ်ကွပ်ကဲရေး တာဦဝန်ကို အဓိကထမ်းဆောင်ရသည် ။ သို့သော် ကုန်းဘောင်ခေတ်လယ်ပိုင်းမှ စ၍ ရာထူးနှစ်ခုမှာ ရောပြွမ်းသွားဟန်ရှိ၏ ။ မြေနန်းဝန်သည်ပင် မြေနန်းသေနတ်အစုသားများကိုပါ ကြီးကြပ်ကွပ်ကဲရေးတာဝန် ယူခဲ့ရသည် ။

မြေဒူးမင်းလက်ထက်[ပြင်ဆင်ရန်]

မြေဒူးမင်း ( ဆင်ဖြူရှင် ) ( ၁၇၆၃ - ၁၇၆၆ ) လက်ထက် မြေနန်းဝန်အြဖစ် ဘယနန္ဒသူအား ခန့်အပ်ခဲ့သည် ။ သူသည် ၁၅ စက်တင်ဘာ ၁၇၆၄ ခုနျစ်တွင် ဖွဲ့စည်ခဲ့သည့် လက်ဝဲရံတိုင် ဦးစီသော သွေးသောက်အဖွဲ့၌ ပါဝင်ခဲ့သူ ဖြစ်သည် ။ သို့သော် ၅ စက်တင်ဘာ ၁၇၆၉ ခုနှစ်တွင် စန္ဒပူရိ( လင်းဇင်း )မှ သမီးကညာဆက်သသောအခါ ယင်းအခမ်းအနားသို့ တက်ရောက်သူ မြေနန်းဝန်အြဖစ် ဓမ္မမင်းရဲကို တွေ့ရှိရသည် ။ မြေနန်းဝန်ဓမ္မမင်းရဲသည် သမီးကညာတက်သရန် မဂင်္လာအခါတော်ကို လျှောက်တင်ခဲ့ရသည့် ပညာရှိ မှူးမတ်ဖြစ်ပြီး ယင်းသို့ လျှောက်တင်ခဲ့မှုကြောင့်လည်း ဆုလာဘ်များရရှိခဲ့ကြောင်း တွေ့ရှိရ၏။ မြေဒူးမင်းလက်ထက် နှောင်းပိုင်းကာလ ၁၇၇၄ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီတက်တိုက်ခိုက်စဉ် မြေန်းသေနတ်ဝန် ကျော်စွာရွှေတောင်နော်ရထာ ဦးစီးသော တပ်တစ်တပ်လိုက်ပါ စစ်မှုထမ်းခဲ့ရ၏ ။

မြေနန်းဝန်အပြောင်းအလဲ[ပြင်ဆင်ရန်]

ဗဒုံမင်း ( ဘိုးတော်ဘုရား ) ( ၁၇၈၃ -၁၈၁၉ ) လက်ထက် ၉ ဖေဖော်ဝါရီ ၁၇၉၅ ခုနှစ်တွင် သမီးတော်မိတ္တီလာ မင်းသမီးအား ကွမ်းခွံမဂင်္လာ အခမ်းအနားကျင်းပရာ မြေနန်းဝန် နေမျိုးဇေယကျော်စွာတက်ရောက်ခဲ့သည် ။ သို့သော် ၁၈၀၇ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ဆင်ဖြူတော်ဆက်သသောအခါ၌မှု အခမ်းအနားသို့တက်ရောက်ခဲ့သူ မြေနန်းဝန်မှာ ပျံချီရွှေတော်ကျော် ဖြစ်ကြောင်းတွေ့ရှိရ၏ ။ စစ်ကိုင်းမင်း ( ဘြကီးတော် ) ( ၁၈၁၉ - ၁၈၃၇ ) လက်ထက် ၁၈၂၁ - ၂၂ ခုနှစ်များတွင် မြေနန်းဝန်မဟာမင်းလှသာဂသူဦးဆောင်သော အဖွဲ့အား ဗုဒ္ဓဂယာသို့ လှူဖွယ်ဝတ္ထုများနှင့်တကွ သွားရောက်စေခဲ့၏ ။ မြေနန်းဝန်နှင့် အမှာတော်ရေး ဦးရွှေလူး တို့ဦးဆောင်သော အဖွံသည် ဗုဒ္ဓဂယာ၌ ကျောက်စာရေးထိုးစိုက်ထူ ခဲ့ကြသည် ။

ရတနာပုံခေတ်[ပြင်ဆင်ရန်]

မင်းတုန်းမင်း ( ၁၈၅၃ -၁၈၇၈ ) လက်ထက် အစောပိုင်းကာလတွင် မင်းလှမင်းထင်ကျော်စွာအား မြေနန်းဝန်အရာခန့်အပ်ခဲ့သည် ။ ၁၈၅၅ ခုနှစ် စက်တင်ဘာလတွင် အာသာဖယ်ရာတို့သံအဖွဲ့ အမရပူရသို့ လာရောက်ခဲ့စဉ်က မြေနန်းဝန်မင်းလှမင်းထင်ကျော်စွာ ကြိုဆိုရေးအဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့သည် ။ မင်းတုန်မင်းလက်ထက် နှောင်းပိုင်းကာလတွင် မြေနန်းဝန်အြဖစ် သံတော်ဆင့် ဦးမောင်မောင်လေးအား ခန့်အပ်ခဲ့၏ ။ မြေ နန်းဝန်ဦးမောင်မောင်လေးသည် ရေနံချောင်းမြို့စား ဝန်ကြီးဦးရွှေစိုး၏ သားဖြစ်ပြီး သီပေါမင်းနန်းတက်စကာလ ၁၈၈၀ ပြည့်နှစ် ဇူလိုင်လအတွင် ကွယ်လွန်သွားသည် ။ ဦးမောင်မောင်လေး၏ မင်းပေးဘွဲ့ အမည်မှာမဟာမင်းလှသခင်္ယာ ဖြစ်သည် ။ ကွယ်လွန်စဉ်က အသက် ၂၇ နှစ်အရွယ်သာရှိပါသေးသည် ။ သီပေါမင်းလက်ထက်တွင် မြေနန်းဝန်မောင်မောင်လေးကွယ်လွန်သွားပြီး နောက်မြေနန်းဝန်ရာထူးဆက်လက်ခန့်ခဲ့ဟန်မတူပေ ။