မာတိကာသို့ ခုန်သွားရန်

မြို့ပြစီမံကိန်း

ဝီကီပီးဒီးယား မှ

သိပ္ပံပညာရပ်များပေါ် ထွန်း၍ စက်မှုလက်မှု လုပ်ငန်းများ ထွန်း ကားလာသည့် ယခုခေတ်တွင် မြို့ကြီးပြကြီးများ၌ လူနေ အိမ်ခြေ တိုးတက် ထူထပ်လာလေသည်။ ဤသို့ မြို့ကြီးပြကြီးများ ၌ လူနေများ၍ စည်ကားလာသည့်အလျောက်လည်း အုပ်ချုပ်သူ တို့အဖို့ ပို၍ ပြဿနာများလာသည်။ မြို့နေလူအပေါင်းတို့ သွား လာမှု၊ စီးပွားရှာဖွေမှု၊ နေထိုင်မှုအစရှိသည်တို့တွင် သက်သာလွယ် ကူပြီးလျှင် ကျန်းမာရေးနှင့် ညီညွတ်ကာ ချမ်းသာစွာနေထိုင်နိုင်ကြ ရလေအောင် စီမံပေးရန်လိုအပ်လှပေသည်။ သို့ဖြစ်သောကြောင့် ယခုခေတ်တွင် ကမ္ဘာနှင့်အဝှန်း ခေတ်မှီတိုးတက်သော နိုင်ငံများ၌ မြို့ကွက်ရိုက်ခြင်းကို အရေးယူ စဉ်းစားဆောင်ရွက်ကြရသည်။ အစိုးရများက မြို့ကွက်ရိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် သီး ခြား ဌာနများကို ဖွဲ့စည်း ဖွင့်လှစ်ထားရလေသည်။ အမှန်စင်စစ် ဤသို့ ပြုလုပ်စီမံသည်မှာ အဆန်းမဟုတ်ပေ။ ရှေးပဝေဏီ အီဂျစ် ခေတ်ကတည်းကပင် မြို့ကြီးပြကြီးမျာကို အကွက်ချကာ မြို့ခင်း သာယာအောင် စံနစ်ကျနစွာ မြို့ကွက်ရိုက်ခြင်း ပြုလပ်ခဲ့သည်ကို တွေ့ရပေသည်။ မြို့ကွက်ရိုက်ခြင်း ပြုလုပ်ရာ၌ တစ်ခေတ်နှင့် တစ်ခေတ်မတူဘဲ၊ ခေတ်ပြောင်းသည်နှင့်အမျှ အယူအဆများလည် ပြောင်း လဲလာသည်။ ခေတ်နှင့်လျော်စွာ ပြုပြင်ဆောင်ရွက် လာကြရသည်။ ရှေးတစ်ခေတ်က မြို့ကွက်ရိုက်ခြင်း ဆောင်ရွက်သူတို့သည် မြို့ခင်း လှပသာယာမှုကို ပိုမိုအရေးထားကြ၏။ သို့ဖြစ်၍ ရေ တွင်း ရေကန်၊ တိုက်တာ အဆောက်အအုံ၊ ပန်းခြံစသည်တို့ကို လူမြင်ကွင်းတွင် စီမံဆောက်လုပ်၍ မြို့ပြပြုစုကြသည်။ ဆင်းရဲသား အလုပ်သမား ရပ်ကွက်များမှာကား ပြည့်ကျပ်ညစ်ပတ်ရှုပ်ထွေး၍ ကျန်းမာရေးနှင့် မညီမညွတ်ဘဲ ရှိတတ်လေသည်။ ယခုခေတ်တွင်ကား စက္ခုပသာဒ လှပမှုကို သာမကဘဲ၊ မြို့နေလူအ များစု သက်သာလွယ်ကူစွာ သွားလာနေထိုင်နိုင်၍ ကျန်း မာရေးနှင့် ညီညွတ်စေရန် အရေးထားစဉ်းစား ကြရလေသည်။ မြို့ကျယ်ဝန်းလာသည့်အလျောက် သွားလာမှု အခက်အခဲမရှိအောင် လမ်းများကို ကောင်းစွာဖောက်လုပ်ရသည် ။ ယာဉ်ရထား သွားရန် လမ်း၊ လူသွားလမ်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် လမ်းများဟူ၍ခွဲခြား၍ စံနစ်တကျ ပြုလုပ်ပေးရသည်။ မီးရထား လမ်းများအတွက်လည်း နေရာပေးရသည်။ အနောက်နိုင်ငံကြီးများ၌ မြေအောက်မီးရထားများ၊ တူးမြောင်း၊ လမ်းစသည်တို့ကို စံနစ်ကျန စွာ ဖောက်လုပ်ရသည်။ လမ်းဖောက်လုပ်ရာတွင် မြို့အနေအထား လိုက်၍ လမ်းရှည်လမ်းတိုမာိးကိုခွဲထုတ်ထားလေ့ရှိသည်။ လူဦးရေ ထူထပ်ပေါများသော မြို့ကြီးပြကြီးဖြစ်ပါက လမ်းပန်းဆက်သွယ်ရေး ပို၍ပင်စံနစ်ကျရန်လိုအပ်ပေသည်။ ထို့ပြင် မြို့သုံးရေ လုံလောက်စွာ ရရှိနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ရေသွင်းရေနုတ်မြောင်းများ ထားရှိရေး၊ အညစ်အကြေး သိမ်းဆည်းရှင်းလင်းရေးတို့ကိုလည်း စံနစ်တကျ ပြုလုပ်ထားရသည်။ အနောက်တိုင်းနိုင်ငံကြီးများဝယ် ဓာတ်ငွေ့ဓာတ်အားပေးရေး မှာလည်း အရေးကြီးပေသည်။ ဤသည်တို့ အပြင် အယူဝါဒရေး ဆိုင်ရာ အဆောက်အအုံများအတွက် နေရာပေးရသေးသည်။ နေအိမ်များ၊ ဈေး၊ ကျောင်း၊ ရုံး၊ ဆေးရုံများအပြင် အပန်းဖြေစရာ ဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်းများအတွက်လည်း စီမံပေးရပေသည်။ အချို့မြို့များမှာ အလုပ်သဘော လိုက်ကာ မြစ်ကမ်းခြေ၊ မီးရထား လမ်းဘေးစသည်တို့၌ အလုပ်ရုံး စက်ရုံများ တည်ရှိကာ လူစည်း ကားသောရပ်ကွက်များ၌ ဈေးနှင့် ဆိုင်ကြီးများ တည်ရှိပြီးလျှင် လူ နေရပ်ကွက်မှာ သီးခြားတည်ရှိတတ်သည်။ သီးခြားရပ်ကွက် များ မထားရှိဘဲ အရောရောအနှောနှော တည်ရှိသော မြို့တို့ကား ယခုအခါတွင် မနှစ်မြို့ဖွယ်ဖြစ်လေသည်။ မြို့ကွက်ရိုက်ခြင်းဟူရာ၌ မြို့သစ်တည်ဆောက်ခြင်းနှင့် ရှိရင်းစွဲမြို့ကို ချဲ့ထွင်ပြုပြင် မွမ်းမံခြင်းဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ လူ မနေသေးသော ရပ်ကွက်တစ်ခုကို မြို့သစ်ပြသစ်တစ်ခု ဖန်တီးရာ၌ စီမံကိန်း ဆွဲသူတို့သည် မိမိတို့ ကြိုက်နှစ်သက်သော ပုံသဏ္ဌာန်ဖြစ် လေအောင် စိတ်တိုင်းကျ အကွက်ချနိုင်ပေသည်။ စီမံကိန်း၊ မြို့ အကွက်ချပုံတို့သည် ကာလ၊ ဒေသကိုလိုက်၍ ခြားနားတတ်ပေ သည်။ လူဦးရေ တိုးတက်များပြားလာသောကြောင့် မြို့မဆံ့သဖြင့် မြို့ ကိုချဲ့ထွင် စီမံကိန်း ပြုရာ၌မူကား ရှိရင်းစွဲအဆောက်အအုံများကိုမူ တည်၍ပြုပြင်ရသဖြင့် ချဲ့ထွင်ရုံမကဘဲ ပြုပြင်ရန် လိုအပ်သော ရပ်ကွက်များ၊ လမ်းများကို ပြုပြင်ပေးရသည်။ ညစ်ပတ်၍ အန္တရာယ်များသောလမ်းများ၊ ရပ်ကွက်များကို ဖျက်ဆီးသင့်က ဖျက်ဆီး၍ အသစ်ပြုပြင်ပေးရသည်။ ရှေးတစ်ခေတ်က ဆိုလျှင် မြို့ကို ချဲ့ထွင်ရာ၌ လမ်းမများ၊ လမ်းရှည်များတွင် တိုက်တာ အဆောက်အအုံများကို ဆက်လက် ဆောက်လုပ်လေ့ ရှိလေသည်။ ဤစံနစ်ကား ရိုးနေ၍အဆင်ပြေမှုလည်း မရှိပေ။ ထိုကြောင့် ယခုအခါတွင် မြို့ကို ချဲ့ထွင်ရာ၌ မြို့၏ ပတ်ဝန်းကျင် ဆင်ခြေဖုံး ရပ်ကွက်များ၌ မြို့ကလေးများတည်ဆောက်ပြီးလျှင် မြို့နှင့်လွယ် ကူစွာ ဆက်သွယ်မိစေအောင် လမ်းပန်းဆက်သွယ်ရေးကို စီစဉ်ပေး သည်။ မြို့သစ် တည်သည်ဖြစ်စေ၊ မြို့ဟောင်းကို ချဲ့ထွင်သည်ဖြစ် စေ မြို့နေလူထုအပေါင်း အဆင်ပြေမှုရှိ၍ ကျန်းမားရေးနှင့် ညီညွတ်မှုရှိစေရန်ကိ အဓိကထားရလေသည်။ မြို့ကွက်ရိုက်ခြင်း စီမံသူတို့သည် ကျွမ်းကျင် တတ်မြောက်ရန် လိုသည်။ စီမံကိန်း ကောင်းလျှင် လူအပေါင်း သက်သာကြ၍ စီမံကိန်းမပြေပြစ်ပါက မကြာခဏ ပြင်ဆင်ရပြီးလျှင် အချိုးမကျဘဲ ရှိတတ်သည်။ မြန်မာနိုင်ငံ၌ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည်၏နောက်ပိုင်းကာလ တွင် ပြည်တွင်း သောင်းကျန်းမှုကြောင့် တောရွာကျေးလက် များတွင် နေရေးထိုင်ရေး မသာယာသဖြင့် ကျေးလက်တောရွာနေ လူအပေါင်းတို့သည် ရန်ကုန်မြို့သို့ လာရောက်ခိုလှုံကြသည်။ ဤသို့အဆမတန် ရောက်ရှိလာကြသဖြင့် ရန်ကုန်မြို့တွင် လူဦးရေ ၈ သိန်းခန့် အထိ တိုးလာသည်။ ရန်ကုန်မြို့တွင်း၌ မြေလပ်ရှိသမျှ လမ်းဘေးမကျန်အောင် နေရာအပြည့် တဲအိမ်များကို စည်းမဲ့ကမ်းမဲ့ ကျူးကျော် ဆောက်လုပ်နေထိုင်ကြသည် သို့ဖြစ်၍ မီးဘေး အန္တရာယ်ကိုမကြာခဏ တွေ့ကြုံကြရ၏။ ဤအခြေအနေဆိုးကို အချိန်မှီကာကွယ်နိုင်ရန်အတွက် ရန်ကုန် မြူနီစီပယ်အဖွဲ့က စည်းမဲ့ ကမ်းမဲ့ဆောက်လုပ်ထားသော ကွက်သစ်များဖျက်သိမ်းရန် တာဝန် ယူ၍ နိုင်ငံတော်ပြည်သူ့အိုးအိမ်အဖွဲ့ကမူ ရန်ကုန်မြို့၏ အပြင်ဘက် ရှိ ကျယ်ပြန့်သောမြေရာများတွင် မြို့၏ အင်္ဂါနှင့် ညီညွတ်သော မြို့သစ်များ တည်ဆောက်ရန် တာဝန်ယူသည်။ ဤစီမံကိန်းဖြင့် ရန်ကုန်မြို့၏ အရှေ့ဘက်တွင် သာကေတမြို့၊ အရှေ့မြောက်ဘက်တွင် တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပမြို့ ဟူသော အရံမြို့များကို တည်၍ မြေနေရာကွက်များ ချပေးသည်။ မြို့အင်္ဂါနှင့် ညီညွတ်စေ ၍ လမ်းကြီးလမ်းငယ်အသွယ်သွယ်ကို ဖောက်လုပ်ကာ လျှပ်စစ်ဓာတ်မီးများ တပ်ဆင်ပေးသည်။ မိုးတွင်း၌ ရေလွှမ်းမိုးခြင်း ဒဏ်ကို ကာကွယ်နိုင်ရန် မြောင်းကြီးများ၊ ရေတံခါးမျာကို ဖောက် လုပ်တပ်ဆင်ပြီးလျှင် ရေအလို့ငှာ အဝီစိတွင်များ၊ ရေကန်များ တူးဖော် ပေးလေသည်။ ထို့ပြင် အခြားဆင်ခြေဖုံး ရပ်ကွက်များ ကိုလည်း ရန်ကုန်မြို့တွင်းသို့ သွတ်သွင်း၍ မဟာရန်ကုန် စီမံကိန်း အရ ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့တွင်သာမက လူဦးရေ အဆမတန် တိုးတက်လာသဖြင့် နေထိုင်မှု အခက်အခဲများ ပေါ်ပေါက်လျက်ရှိသော မန္တလေး၊ ဟင်္သာတ၊ ပြည်အစရှိသော အခြားမြို့များတွင်လည်း အလားတူပင် စီမံဆောင်ရွက် ပေးခဲ့လေ သည်။ နိုင်ငံတော် ပြည်သူ့ အိုးအိမ်အဖွဲ့သည် ၁၉၅၁ ခုနှစ် အိုးအိမ်ပြန် လည်ထူထောင်ရေး အက်ဥပဒေ ပုဒ်မ ၆၄ အရ ၁၉၅၁ ခုနှစ် နိုဝင်ဘာလမှစ၍ တည်ရှိလာသော အဖွဲ့ဖြစ်၏။ နိုင်ငံတစ်ဝှန်းရှိ မြို့ရွာဒေသ အနှံ့အပြားတွင် စစ်ဘေးနှင့်သောင်းကျန်းမှုဒဏ်ကြောင့် အိုးအိမ်အများ ပျက်စီးခဲ့သဖြင့် နိုင်ငံတော်အစိုးရက ကြပ်မ၍ စံနစ်တကျ ပြန်လည်ထူထောင်ပေးမှသာ လူထုတစ်ရပ်လုံး၏ နေမှုထိုင်မှုသက်သာချောင်ချိမည်ဟု ယူဆ၍ ထိုအဖွဲ့ကို တည် ထောင်ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့တာဝန် ဝတ်တရားများမှာ နိုင်ငံတော် အတွင်း နေထိုင်လျက်ရှိသော ပြည်သူပြည်သားများအား သင့်လျော် သော ကျန်းမာရေး၊ လွယ်ကူမှု အခွင့်အရေးနှင့် ကောင်းကျိုးခံစား မှုတို့အတွက် မြို့ရွာစည်ပင်ရေးလုပ်ငန်းများနှင့် ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကြီးကြပ်အုပ်ချုပ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် တိုးတက်အောင်ဆောင်ရွက်ခြင်းတို့ ဖြစ်၏။ ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့ကို ပြည်သူ့အိုးအိမ်အဖွဲ့နှင့် ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ပူးပေါင်းလိုက်သော ကြောင့် ယခင် ရန်ကုန်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ သော လုပ်ငန်းတာဝန် ဝတ္တရားများကို ပြည်သူ့အိုး အိမ်အဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)