မြန်​မာ့​ဂီ​တသ​မိုင်း

ဝီကီပီးဒီးယား မှ

မြန်မာ့ဂီတသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် တည်ရှိခဲ့ရာ ရှည်လျားသောသမိုင်းကြောင်း ရှိခဲ့သည်ဟု ဆိုနိုင်သည်။

ပျူခေတ် တရုတ်ပြည်သွား တေးဂီတအဖွဲ့[ပြင်ဆင်ရန်]

ပျူခေတ် ခရစ်နှစ် ၈၀၁-ခုနှစ် နှစ်လည်ပိုင်းတွင် ပျူဘုရင်၏ သားတော် သုနန္ဒ ဦးဆောင်သော ပျူတေးဂီတအဖွဲ့ သရေခေတ္တရာမှ တရုတ်နိုင်ငံမြို့တော် ချန်အန်သို့ သွားရောက်ဖျော်ဖြေခဲ့ပုံကို တရုတ်မှတ်တမ်းများအရ သိရသည်။ ယင်းအဖွဲ့တွင် ဂီတပညာရှင်များ အပါအဝင် အဖွဲ့ဝင် ၃၅ဦးလိုက်ပါသွားခဲ့သည်။ ပျူတေးဂီတအဖွဲ့ သည် တေးသီချင်း ၁၂-ပုဒ်ဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ သီချင်းအများစုမှာ ဗုဒ္ဓဘာသာ အခြေခံတေးသီချင်းများ ဖြစ်ကြသည်။ ပျူတေးဂီတအဖွဲ့ အကြောင်းကို တရုတ်နန်းတွင်း အမတ်ကြီး ပေါ်ကျူယိက ကဗျာရှည်ဖြင့် ရေးဖွဲ့မှတ်တမ်းတင်ခဲ့သည်။

ပုဂံခေတ် ပန်တျာ[ပြင်ဆင်ရန်]

ပုဂံခေတ်ကျောက်စာများတွင် စည်ကြီး၊ နောင်နင်၊ ခက်ခွင်၊ ပသာ စသည့် ဂီတတူရိယာ ပစ္စည်း အမျိုးအမည်များကို တွေ့ရှိရသကဲ့သို့ ဂီတနှင့် ပတ်သက်သည့် ပန်တျာ ဟူသော ဝေါဟာရကိုလည်း စတင်တွေ့ရှိရသည်။ ဆရာကြီး ဦးဖိုးလတ်၏ မြန်မာစကား အဖွင့်ကျမ်းအရ - ပန် = ဖန်ဆင်းပြုလုပ်ခြင်း အတတ်၊ တျာ = တီးမှုတ်ခြင်း ဖြစ်ရာ ပန်တျာကို တီးမှုတ်သီဆိုခြင်း အတတ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ခရစ်နှစ်-၁⁠၁၉၀ ပြည့်နှစ်ထိုး ကြံသိုင်းကြီးသမီး ကျောက်စာတွင် ပန်တျာအိုလာပန်တျာအိုမုံ စသည်ဖြင့် ပန်တျာဝေါဟာရကို အမျိုးသမီးများ အမည်ဖြင့် တွဲဖက်သုံးထားသည်ကို တွေ့ရှိရသည်။ အလားတူ ခရစ်နှစ်-၁၂၃၅ ခုနှစ်ထိုး မင်းဆရာ ပိတရစ် ကျောက်စာတွင် သိခြင်သည်(သီချင်းသည်)၊ စန္ဒြသည်(စန္ဒရားသည်) စသည်ဖြင့် ရေးထိုးထားသည်။

ပင်းယ မြင်စိုင်းခေတ်[ပြင်ဆင်ရန်]

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ဂီတသမိုင်းကြောင်း၊ တင်နိုင်တိုး၊ ဒေးလီးအလဲဗင်း နေ့စဉ် (၁.၇.၂၀၁၄)