မြန်​စံ (Smart) စာစီ​စရိုက်​စနစ်

ဝီကီပီးဒီးယား မှ

မြန်စံ (Smart) စာစီစာရိုက်စနစ်အသုံးပြုရာတွင် အသုံးပြုသူသည် Key alone ၊ Shift Key နှင့် (`) Key တို့ကို အသုံးပြုရမည်ဖြစ်သည်။ (ယင်းအား အသုံးပြုပုံကို အထက်ဖော်ပြပါ ဇယားတွင် ဖော်ပြထားသည်။) လိမ္မော်ရောင်ဖြင့် ပြသထားသည့် စာလုံးများသည် Shift နှင့်တွဲ ရိုက်ရမည့် စာလုံးများဖြစ်သည်။ မီးခိုရောင်ဖြင့် ပြသထားသည့် စာလုံးများသည် Key alone များဖြစ်သည်။ ပန်းရောင်ဖြင့် ပြသထားသည့် စာလုံးများသည် (`) Key ဖြင့် အသုံးပြု ရမည့် စာလုံးများဖြစ်သည် ။ ဆက်လက်ပြီး တင်ပြသွားမည့် အကြောင်းအရာများမှာ အသုံးပြု သူများ အသုံးပြုရာတွင် လွယ်ကူစေရန်နှင့် အမှားအယွင်းနည်းပါးစေရန် ပြုလုပ်ထားသော အကြောင်းအရာများ ဖြစ်သည်။

အထူးပြုစာလုံးများ[ပြင်ဆင်ရန်]

  1. ‘ဋ္ဌ’ဆိုသော အက္ခရာကို ‘ဥက္ကဋ္ဌ’ ဟု ရေးသားရာတွင် အများစုအသုံးပြုသည်။ ‘ဥက္ကဋ္ဌ’ဟု စာစီသော အခါတွင် အသုံပြုသူအများစုသည် ‘ဋ္ဌ’အစား ‘ဌ’ ကို မှားယွင်းအသုံးပြုတတ်ကြောင်းတွေ့ရသည်။ မြန်မာစာ အသုံးတွင် ‘ဋ္ဌ’သည် ‘ဋ’နှင့် ‘ဌ’ကို ပေါင်း၍ ရေးသားထားခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းအတွက် ပြေလည် စေရန် ‘ဋ္ဌ’ ကို ထည့်သွင်းပေးထားသည်။
  2. ‘ဏ္ဌ’အစား ‘ဏ္ဍ’ကို မှားယွင်းစွာ စာစီလေ့ရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် ယင်းကဲ့သို့ မှားယွင်းမှု များမရှိအောင် ‘ဏ္ဌ’ကို အထူးပြုစာလုံးအနေဖြင့် ထည့်သွင်းပေးထားသည်။
  3. ‘၎င်း’သည် ‘လည်းကောင်း’ကို အတိုချုံရေးသားထားခြင်းဖြစ်သည်။ ထိုအရေးအသားအတွက် အသုံး ပြုသူအများစုသည် ဂဏန်းမှ ‘၄’ကို မှားယွင်းအသုံးပြုနေသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ မှားယွင်းမှုမရှိ အောင် ‘၎င်း’ကို အထူးပြု စာလုံးအနေဖြင့် ထည့်သွင်းပေးထားသည်။
  4. ‘ဏ္ဍ’ဆိုသောအက္ခရာသည် ‘ဏ’နှင့် ‘ဍ’ကို ဆင့်၍ ရေးသားထားခြင်းဖြစ်သည်။ ယင်းအတွက် အ ဆင်ပြေစေရန် အထူးပြုစာလုံးအနေဖြင့် ထည့်သွင်းပေးထားသည်။
  5. ‘ကျပ်’ဆိုသောစကားလုံးကို က+ျ+ပ+် ဖြင့် စာစီနိုင်သော်လည်း အသုံးများသည့် စကားလုံး ဖြစ်သောကြောင့် အထူးပြုစာလုံးအနေဖြင့် ထည့်သွင်းပေးထားသည်။

ပါဌ်ဆင့် ( စာလုံးဆင့် )များ ရိုက်သွင်းနည်း[ပြင်ဆင်ရန်]

စာလုံးဆင့်များရိုက်နှိပ်လိုပါက အဆင့်ခလုတ်အဖြစ် အသုံးပြုထားသော အင်္ဂလိပ်ကီး f နှင့် shift key တို့ ကိုရိုက်နှိပ်ပြီး ဆင့်လိုသော အက္ခရာကို ဆက်ရိုက်လိုက်ပါက စာလုံးအဆင့်(ပါဌ်ဆင့်) ဖြစ်သွားပါလိမ့်မည်။

မတူကွဲပြားသော အက္ခရာများ[ပြင်ဆင်ရန်]

ကွန်ပျူတာ အသုံးပြုသူ အများစုသည် စာစီစာရိုက်ပြုလုပ်ရာတွင် တချို့သောစကားလုံးများကို မှားယွင်းစွာ ရိုက်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ယင်းသို့ မတူညီဘဲ ကွဲပြားသော အက္ခရာများကို သတိပြုနိုင်ရန် အောက်ပါအတိုင်း ဖော်ပြပေးထားသည်။

  1. သုည '၀' နှင့် ဝလုံး 'ဝ' မတူပါ
  2. စလုံးယပင့် 'ဈ' နှင့် ဇမြင်ဆွဲ 'ဈ'မတူပါ
  3. ညလေး 'ဉ ' နှင့် အက္ခရာအု 'ဥ'မတူပါ စ+ဉ+်=စဉ်
  4. ဝစ္စပေါက် 'း' နှင့် ':' မတူပါ။ ':' သည် အချိန် ရေးသားရာတွင် အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားခြင်း ဖြစ်သည်။ ဥပမာ- ၅:၀၀ နာရီ။
  5. သရရစ် 'ဩ' နှင့် အက္ခရာအော 'ဩ'မတူပါ
  6. အက္ခရာ ‘ဋ္ဌ’နှင့် အက္ခရာ ‘ဌ’ မတူပါ ဥ+က+္+က+ဋ္ဌ=ဥက္ကဋ္ဌ သ+ူ+ေ+ဌ+း=သူဌေး
  7. အက္ခရာ ‘ဏ္ဌ’နှင့် အက္ခရာ ‘ဏ္ဍ’ မတူပါ သ+ဏ္ဌ+ာ+န+်=သဏ္ဌာန် မ+ဏ္ဍ+ပ+်=မဏ္ဍပ်

နမူနာပြ စာရိုက်နည်း[ပြင်ဆင်ရန်]

စာလုံးအချို့ကို နမူနာအဖြစ် အောက်ပါဇယားတွင် ရိုက်နှိပ်ပုံအဆင့်ဆင့်ကို ဖော်ပြထားသည်။ ရရစ် အက္ခရာကို ဗျည်းနောက်မှ ရိုက်ရပါမည်။ ိ ု ၊ ု ံ ၊ ံ ့ ကဲ့သိုသော အပေါ်အောက် စာလုံးများကို နှစ်သက်ရာ အရင်ရိုက်နိုင်သည်။ ၎င်းအစီအစဉ်များကို တမျိုးတည်း ဖြစ်စေရန် အလိုလျောက် ပြင်ဆင်ပေးပါလိမ့်မည်။