မြန်မြန်စားခြင်း

ဝီကီပီးဒီးယား မှ

အစားအစာကို ဖြည်းဖြည်း စားတာက ဗိုက်ခေါက်ထူ ထွက်လာခြင်းကို အောင်နိုင်စေနိုင်ပါတယ်။

ဂျပန်လူမျိုး ၃၀၀၀ ယောက်ကျော်ကို လေ့လာပြီးနောက် British Medical Journal ကထုတ်ဖော် ရေးသားထားတဲ့ ဆောင်းပါးက အစားအစာကို မြန်မြန် စားတတ်သူတွေဟာ ဖြည်းဖြည်းစားတဲ့ သူတွေထက် နှစ်ဆ ပိုဝ စေနိုင်ပါတယ် လို့ ဆိုပါတယ်။

အစားအစာကို မြန်မြန်လည်းစားတယ်..ဗိုက် အလွန်ပြည့်တဲ့ထိလည်း စားတတ်တယ် ဆိုရင် သူများထက် ပိုဝဖို့ ၃ ဆ ဖြစ်လာနိုင်ပါတယ်။ လေ့လာ သုတေသနပြုလုပ်သူများရဲ့ အဆိုအရ အစားကို မြန်မြန်စားတဲ့သူတွေက အစားစားနေစဉ်မှာ ကယ်လိုရီ အတော်များများကို စားသုံးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစားမြန်မြန်စားသူတွေက သူတို့ ကယ်လိုရီ ပမာဏ ဘယ်လောက်စားသုံးတယ်ဆိုတာနဲ့ မဆိုင်ဘဲ ပိုဝလာစေခြင်းကို ဖြစ်စေနိုင်ပါတယ်။

University of New South Wales မှ Dr.Elizabeth Denny Wilson က လူတွေဟာ အစားကို ဖြည်းဖြည်းစားတာကို အလေ့အကျင့်ပြုလုပ်သင့်တယ် လို့ ဆိုပါတယ်။ အစားကို ဖြည်းဖြည်းစားပြီး ဗိုက်ပြည့် မပြည့်ကိုလည်း သိရှိစေဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

အစာစားတဲ့ အချိန်တစ်ခုကို သတ်မှတ်ထားပြီး စကား စမြည် ပြောဆိုရင်း အစာစားခြင်းဟာ အစာစားတဲ့ အမြန်နှုန်းကို နှေးစေပြီးနောက် ဗိုက်ပြည့်၊ မပြည့်ကိုလည်း သိနိုင်စေတဲ့အတွက် အလွန်အကြူးစားခြင်းမှ ရှောင်ကြဉ်စေသလိုပဲ ဖြစ်ပါတယ်။