မြန်မာနိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်
မြန်မာနိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၃)၊ "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ" အရ အခန်း(၅) အုပ်ချုပ်ရေး နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် ပြဋ္ဌာန်းထားသည့် အခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်များဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကြီးအကဲဖြစ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ ၏ အကြီးအကဲလည်း ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော် အား တာဝန်ခံရပြီး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ ကိစ္စရပ်များတွင် ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များကို အပ်နှင်းခြင်းခံထားရသည်။[၁]
အခြေခံဥပဒေ ပုဒ်မ ၂၀၂ မှ ၂၁၅ အထိ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် ဝန်ကြီးဌာနများ သတ်မှတ်ခြင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်းနှင့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များ ထုတ်ပြန်ခြင်း စသည့် အချုပ်အခြာအာဏာဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မိမိ၏ တာဝန်များကို ကျင့်သုံးဆောင်ရွက်မှုအတွက် မည်သည့်လွှတ်တော်နှင့် တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရဟူသော အခြေခံဥပဒေဆိုင်ရာ ကင်းလွတ်ခွင့်ကိုလည်း ရရှိထားသည်။
ယင်းအပြင် ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၅ / ၂၀၁၀) အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ နှင့်လည်း သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းပေးအပ်ထားသည်။[၂]
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ၏တာဝန်နှင့်လုပ်ပိုင်ခွင့် ပြဋ္ဌာန်းချက်များ
[ပြင်ဆင်ရန်]၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၂ မှ ၂၁၅ အထိ သမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။
| နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ |
|---|
| အုပ်ချုပ်ရေးနှင့် ဝန်ထမ်းဆိုင်ရာ လုပ်ပိုင်ခွင့်များ |
ပုဒ်မ ၂၀၂။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် -
|
| ပုဒ်မ ၂၀၈။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။ |
| တာဝန်ခံမှုနှင့် ကင်းလွတ်ခွင့်ဆိုင်ရာများ |
| ပုဒ်မ ၂၀၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။ |
| ပုဒ်မ ၂၁၅။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
| ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ဘွဲ့တံဆိပ်များ |
ပုဒ်မ ၂၀၄။ နိုင်ငံတော်သမ္မတသည် -
|
ပုဒ်မ ၂၀၅။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ -
|
| နိုင်ငံခြားရေး၊ သံတမန်ရေးရာ နှင့် စာချုပ်စာတမ်း လုပ်ပိုင်ခွင့်များ |
| ပုဒ်မ ၂၀၆။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။ |
ပုဒ်မ ၂၀၇။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ -
|
ပုဒ်မ ၂၀၉။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ -
|
| ဥပဒေပြုရေးနှင့် အရေးပေါ်အာဏာဆိုင်ရာ လုပ်ပိုင်ခွင့်များ |
| ပုဒ်မ ၂၁၀။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်။ |
| ပုဒ်မ ၂၁၁။ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော်နာယကအား အကြောင်းကြားနိုင်သည်။ |
ပုဒ်မ ၂၁၂။ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ခွင့် -
|
| ပုဒ်မ ၂၁၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ |
| စစ်မက်ရေးရာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ |
ပုဒ်မ ၂၁၃။ နိုင်ငံတော်သမ္မတ၏ စစ်မက်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ပိုင်ခွင့် -
|
၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
[ပြင်ဆင်ရန်]| နိုင်ငံတော်သမ္မတ၏ အသေးစိတ် တာဝန်နှင့် လုပ်ပိုင်ခွင့်များ (ပုဒ်မ ၂၅ မှ ၄၂ အထိ) |
|---|
| စာချုပ်စာတမ်းနှင့် သံတမန်ဆိုင်ရာ ကိစ္စများ |
|
ပုဒ်မ ၂၅။ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ ချုပ်ဆိုခြင်း၊ အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းနှင့် နုတ်ထွက်ခြင်းများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်လည်းကောင်း (ပုဒ်မခွဲ က)၊ အတည်ပြုချက်ရယူရန် မလိုအပ်ဘဲလည်းကောင်း (ပုဒ်မခွဲ ခ) ဆောင်ရွက်နိုင်သည်။ ပုဒ်မ ၂၆။ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ အဆက်အသွယ်ဖြတ်တောက်ခြင်း (လွှတ်တော် သို့မဟုတ် ကာလုံနှင့် ညှိနှိုင်း၍)၊ မိမိနိုင်ငံသံတမန်များ ခန့်အပ်/ပြန်ခေါ်ခြင်း၊ နိုင်ငံခြားသံတမန်များကို လက်ခံခြင်း/ခန့်အပ်ရန် သဘောတူခြင်းများ ပြုနိုင်သည်။ |
| နယ်နိမိတ်ဆိုင်ရာ ကိစ္စများ |
|
ပုဒ်မ ၂၇။ နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၂ နှင့်အညီ ဆောင်ရွက်ရမည်။ ပုဒ်မ ၂၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နယ်နိမိတ် ပြင်ဆင်ရန်ရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ နှင့်အညီ ဆောင်ရွက်ရမည်။ ပုဒ်မ ၂၉။ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် နယ်နိမိတ်များ ပြင်ဆင်ခြင်း/ဖွဲ့စည်းခြင်းကို သက်ဆိုင်ရာ ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် ဆောင်ရွက်ပေးရမည်။ ပုဒ်မ ၃၀။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ်နိုင်သည်။ |
| စစ်ရေးနှင့် အရေးပေါ်အာဏာဆိုင်ရာ ကိစ္စများ |
|
ပုဒ်မ ၃၁။ နိုင်ငံတော် ကျူးကျော်ခံရလျှင် ကာလုံနှင့်ညှိနှိုင်း၍ စစ်ရေးအရ ဆောင်ရွက်နိုင်သည်။ စစ်ကြေညာခြင်းနှင့် စစ်ပြေငြိမ်းခြင်းကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ ပြုရမည်။ ပုဒ်မ ၃၂။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများအကြား ချက်ချင်းအရေးယူရန်လိုအပ်သော အုပ်ချုပ်ရေးကိစ္စများအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များ ထုတ်ပြန်နိုင်သည်။ ယင်းအမိန့်ကို ၆၀ ရက်အတွင်း ကျင်းပမည့် လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။ |
| ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်းဆိုင်ရာ ကိစ္စများ |
|
ပုဒ်မ ၃၃။ လွှတ်တော်မှ ပေးပို့လာသော ဥပဒေကြမ်းများကို ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး ထုတ်ပြန်ရမည်။ သို့မဟုတ် သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့နိုင်သည်။ ပုဒ်မ ၃၄။ လွှတ်တော်က ပြန်လည်ပေးပို့လာသော ဥပဒေကြမ်းကို ၇ ရက်အတွင်း လက်မှတ်ထိုးရမည်။ သတ်မှတ်ရက်ကျော်ပါက ဥပဒေအဖြစ် အလိုအလျောက် ဖြစ်လာရမည်။ |
| ဘွဲ့တံဆိပ်၊ ဝန်ထမ်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်များ |
|
ပုဒ်မ ၃၅။ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်း ပြုနိုင်သည်။ ပုဒ်မ ၃၆။ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ပြုနိုင်သည်။ ပုဒ်မ ၃၇။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ ကာလုံ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။ |
| အထွေထွေနှင့် ဒုတိယသမ္မတဆိုင်ရာ ကိစ္စများ |
|
ပုဒ်မ ၃၈။ လွှတ်တော်အစည်းအဝေးများတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းသို့ဖြစ်စေ မိန့်ခွန်းပြောကြားခြင်းနှင့် သဝဏ်လွှာပေးပို့ခြင်းများ ပြုနိုင်သည်။ ပုဒ်မ ၃၉။ ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေး ခေါ်ယူရန် နာယကအား အကြောင်းကြားနိုင်သည်။ ပုဒ်မ ၄၀။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် သဘောထားရယူရန် ကိစ္စများကို ခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်။ ပုဒ်မ ၄၁။ ဒုတိယသမ္မတများ၏ လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ပေးခြင်း သို့မဟုတ် ယာယီပူးတွဲတာဝန် ထမ်းဆောင်စေခြင်းများ ပြုနိုင်သည်။ ပုဒ်မ ၄၂။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများက အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးထမ်းဆောင်ရမည်။ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်)။ 5 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဧပြီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၅ / ၂၀၁၀)။ မြန်မာဥပဒေသတင်းအချက်အလက်စနစ် (၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)။ ၅ ဧပြီ ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]