မြန်မာ​ဂ​ရပ်​ဖစ်​အနု​ပညာပြပွဲ

ဝီကီပီးဒီးယား မှ
မြန်မာဂရပ်ဖစ်အနုပညာပြပွဲ လိုဂို
အမျိုးသားပြတိုက်တွင် ပြသခဲ့သည့် မြန်မာဂရပ်ဖစ်အနုပညာပြပွဲ

မြန်မာဂရပ်ဖစ်အနုပညာပြပွဲကို ၂၀⁠၀၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပြသခဲ့သည်။ ယင်းပြပွဲတွင် မြန်မာနိုင်ငံတဝန်းရှိ ဂရပ်ဖစ်အနုပညာရှင် ၁၄၀ ကျော် ပါဝင်ပြသခဲ့သည်။ ယင်းပြပွဲသည် ဂရပ်ဖစ်ပြပွဲနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသော ပြပွဲကြီးတစ်ခုဖြစ်သည်။ ပြပွဲတွင် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ဂရပ်ဖစ်အနုပညာရှင်ကြီးများ၊ ဂရပ်ဖစ်အနုပညာအသိုင်းအဝန်းတွင် လုပ်ကိုင်နေသူများနှင့် ဂရပ်ဖစ်အနုပညာအသိုင်းအဝန်းသို့ ဝင်ရောက်ရန်ကြိုးစားနေသော လူငယ်ဂရပ်ဖစ်အနုပညာရှင်များပါဝင်ပြသခဲ့သည်။ ထို့အပြင် ဂရပ်ဖစ်အတတ်ပညာ၊ ဂရပ်ဖစ်အနုပညာနှင့် ဆက်စပ်နေသော လုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ခဲ့သည်။