မြန်မာ့ စစ်ပညာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာ့ စစ်ပညာ[ပြင်ဆင်ရန်]

သေနင်္ဂဗျူဟာ စစ်ပညာသည် တိုင်းပြည်အသီးသီး၊ လူမျိုးအသီးသီးတွင် ရှေးကတည်းက ရှိခဲ့သည်။ ယခုလည်းရှိနေဦးမည်။ နောင်လည်း ရှိရမည်ပင် ဖြစ်သည်။ စစ်ပညာများမှာ အချိန်ကာလ ခေတ်အားလျော်စွာ တစ်မျိုးတစ်ဖုံ ထူးခြား တိုးတက် လာသော်လည်း အခြေအနေ အချိန်အခါအရ ရှေးပညာရပ်များကို လက်လွှတ်၍ မရပေ။ ထို့ကြောင့် ရှေးမြန်မာ့ စစ်ပညာကို တိမ်မြုပ်မသွားအောင် ထိန်းသိမ်းထားသင့်ပေသည်။ လက်ဝဲသုန္ဒရ အမတ်ကြီးက မြန်မာ့ စစ်ပညာကို ပျောက်ပျက်မသွားစေရန် ရည်ရွယ်၍ သေနင်္ဂဗျူဟာပျို့၊ ဗျူဟစက္ကိပျို့နှင့် နန္ဒီသေနပျို့များကို ရေးသား စပ်ဆိုခဲ့သည်။

စစ်ပညာသည် စစ်ကိုအောင်နိုင်စွာ တိုက်ခိုက်နိုင်ရန် လိုက်နာကျင့်သုံးရသော စစ်တိုက်နည်းများနှင့် စစ်သဘောတရားများ ဖြစ်သည်။ ယခုခေတ်တွင် စစ်ပညာကို လေ့လာဆည်းပူးရာ၌-

  1. စစ်ဦးဆောင်ညွှန်ကြားရေး
  2. စစ်ဆင်ယင်ရေး(စစ်ပရိယာယ်)
  3. တိုက်ပွဲခင်းကျင်းရေး(သေနင်္ဂဗျူဟာ)
  4. စစ်ဖွဲ့စည်း အုပ်ချုပ်ရေး ဟူ၍ ပိုင်းခြားကာ လေ့လာဆည်းပူးရသည်။

စစ်တိုက်နည်း ခိုက်နည်း[ပြင်ဆင်ရန်]

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး

  1. စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)
  2. စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
  3. စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
  4. စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
  5. စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
  6. စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
  7. စစ်ပြန်ခြင်း(၃)ပါး (သေနာနိဝတ္တန)

စစ်အင်္ဂါ(၇)ပါး[ပြင်ဆင်ရန်]

စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

  1. စစ်ဖျား စစ်လျင်
  2. စစ်၏ ရင်ဝ
  3. စစ်၏ ပခုံး
  4. စစ်၏ နံပါး
  5. စစ်၏ ဝမ်း
  6. စစ်၏ ကျောက်ကုန်း(ကျောကုန်း)
  7. စစ်ခံတပ် တို့ဖြစ်သည်။

စစ်ချီခြင်း(၄)ပါး[ပြင်ဆင်ရန်]

စစ်ကပ်ခြင်း(၂)ပါး[ပြင်ဆင်ရန်]

  1. လမင်းပုံ စစ်ကပ်ခြင်း
  2. နေမင်းပုံ စစ်ကပ်ခြင်း

စစ်ထိုးခြင်း(၆)ပါး[ပြင်ဆင်ရန်]

စစ်ခံခြင်း(၆)ပါး[ပြင်ဆင်ရန်]

စစ်ဖျက်ခြင်း(၆)ပါး[ပြင်ဆင်ရန်]

စစ်ပြန်ခြင်း(၃)ပါး[ပြင်ဆင်ရန်]

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မေမြို့မိုးကြည် ၏ မြန်မာ့ စစ်ပညာ (ဟံသာဝတီ ပုံနှိပ်တိုက်၊၁၉၆၄၊ဖေဖေါ်ဝါရီလ)