မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း
ပုံပန်းသွင်ပြင်
မြန်မာ့အထွေထွေနှင့် ပြုပြင်ထိန်းသိမ်းရေး စက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် စက်ရုံပေါင်း(၁၈)ရုံ၊ စက် ရုံခွဲ(၁၂)ရုံ၊ စုစုပေါင်း (၃၀)ရုံရှိသည်။ ၎င်းစက်ရုံများ အနေဖြင့်
- သားရေနှင့်သားရေ ပစ္စည်းအမျိုးမျိုး၊
- ထုပ်ပိုးစက္ကူဘူး များ၊
- ထုပ်ပိုးသစ်သား သေတ္တာ၊
- ဘောပင်၊
- ရာဘာပစ္စည်းအမျိုးမျိုး၊
- ဖိနပ်၊
- စက်ဘီး၊
- အပ်ချုပ်စက်ခေါင်း၊
- ကြွေရည်သုတ် ပစ္စည်းအမျိုးမျိုး၊
- ထီးအမျိုးမျိုးစသည့် ကုန်ပစ္စည်း(၂၅၅) မျိုးတို့အား နှစ်အလိုက်သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှု လျာထားချက်ပြည့်မီအောင် စီမံထုတ်လုပ်ဆောင် ရွက်လျက်ရှိသည်။ ၎င်းပြင် ဝန်ကြီးဌာနအတွင်း
- ဆောက်လုပ်ရေး လုပ်ငန်းများ၊
- အထွေထွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊
- ရေအေး လေအေးစက်များပြုပြင်ခြင်းလုပ်ငန်း၊
- လျှပ်စစ်ပစ္စည်း ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိသည်။