မြန်မာ့အထည်အလိပ်လုပ်ငန်း
ပုံပန်းသွင်ပြင်
မြန်မာ့အထည်အလိပ်လုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင်စက်ရုံပေါင်း (၂၆)ရုံ၊ စက်ရုံခွဲ(၈)ရုံ၊ စုစုပေါင်း (၃၄)ရုံရှိသည်။ ၎င်းစက်ရုံများ အနေဖြင့်-
- ချည်မျှင်အမျိုးမျိုး၊
- ချည် ထည်ပိတ်အမျိုးမျိုး၊
- ချည်ဇာပိတ်၊
- ဖလန်နယ်ပိတ်၊
- ချည်ခြင် ထောင်ဇာ၊
- မျက် နှာသုတ်ပဝါ၊
- ပေါ်လီအက်စတာ၊
- ဝါဂွမ်းရောစပ်ထည်၊
- ရှပ်အင်္ကျီ၊
- ဘောင်းဘီရှည်၊
- ဘောင်းဘီတို၊
- ခြေအိတ်၊
- ဆွယ်တာ၊
- စွပ်ကျယ်၊
- ခန်းဆီးပိတ်၊
- စောင်၊
- အမျိုးသားဝတ် လုံချည်၊
- သင်္ကန်း၊
- ပတ်တီးပိတ်၊
- ဆေးဂွမ်း၊
- အပ်ချည် စသည့် ကုန်ပစ္စည်း(၁၀၆)မျိုးတို့အား နှစ်အလိုက်သတ်မှတ်ထားသည့် ကုန်ထုတ် လုပ်မှုလျာထားချက် ပြည့်မီအောင် စီ မံထုတ်လုပ်ရေး၊ တိုးမြှင့်ထုတ်လုပ်ရေးအတွက် စီမံကိန်းသစ်များအကောင်အထည်ဖော်ရေး၊ ထုတ်ကုန်ပစ္စည်းများ ရောင်းချရေး၊ ငွေကြေးစီမံရေးနှင့် ဝန်ထမ်းရေးရာကိစ္စများကို ဆောင်ရွက်လျက်ရှိသည်။