မြန်မာ့သိုင်း အခြေခံ (၆၃) မောင်း

ဝီကီပီးဒီးယား မှ

မြန်မာ့သိုင်းကို စတင်သင်ယူမည့်သူများသည် အရင်ဆုံး အခြေခံ (၆၃) မောင်းကို သင်ယူကြရသည်။ အခြေခံ (၆၃) မောင်းကို ကျွမ်းကျင်မှသာ အခြား အဆင့်များကို ဆက်လက်သင်ယူကြရသည်။[၁]


၁။ ခေါင်းတိုက် လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၁) ခေါင်း ရှေ့ဆတ်တိုက်ခြင်း

(၂) ခေါင်း နောက်ဆတ်တိုက်ခြင်း

(၃) ခေါင်း ဘယ်ဆတ်တိုက်ခြင်း

မြန်မာ့သိုင်း အခြေခံ ခေါင်းတိုက် လေ့ကျင့်နည်း
မြန်မာ့သိုင်း အခြေခံ ခေါင်းတိုက် လေ့ကျင့်နည်း

(၄) ခေါင်း ညာဆတ်တိုက်ခြင်း

၂။ လက်သီးထိုး လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၅) ဘယ်လက်သီး ဖြောင့်ထိုး

(၆) ညာလက်သီး ဖြောင့်ထိုး

(၇) ဘယ်လက်သီး ဝိုက်ထိုး

(၈) ညာလက်သီး ဝိုက်ထိုး

(၉) ဘယ်လက်သီး ပင့်ထိုး

(၁၀) ညာလက်သီး ပင့်ထိုး

၃။ လက်ဝါးစောင်း လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၁၁) ဘယ်လက်ဝါး စောင်းတည့်ခုတ် (လည်ပင်း)

(၁၂) ညာလက်ဝါး စောင်းတည့်ခုတ် (လည်ပင်း)

(၁၃) ဘယ်လက်ဝါး စောင်းတွက်ခုတ် (ဘေးနံ)

(၁၄) ညာလက်ဝါး စောင်းတွက်ခုတ် (ဘေးနံ)

(၁၅) ဘယ်လက်ဝါး စောင်းဖြတ်ခုတ် (လည်မြို)

(၁၆) ညာလက်ဝါး စောင်းဖြတ်ခုတ် (လည်မြို)

၄။ လက်ဖနောင့် လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၁၇) ဘယ်လက်ဖနောင့်တည့်တွန်း (ဝမ်းဘိုက်)

(၁၈) ညာလက်ဖနောင့်တည့်တွန်း (ဝမ်းဘိုက်)

(၁၉) ဘယ်လက်ဖနောင့်ပင့်တွန်း (မေးစေ့)

(၂၀) ညာလက်ဖနောင့်ပင့်တွန်း (မေးစေ့)

၅။ လက်ဖျန်မောင်း လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၂၁) ဘယ်လက်ဖျန်မောင်း အတွင်းရိုက်

(၂၂) ဘယ်လက်ဖျန်မောင်း အပြင်ရိုက်

(၂၃) ညာလက်ဖျန်မောင်း အတွင်းရိုက်

(၂၄) ညာလက်ဖျန်မောင်း အပြင်ရိုက်

(၂၅) ဘယ်လက်ဖျန် အပေါ်ပင့်

(၂၆) ဘယ်လက်ဖျန် ဝိုက်ခုတ် (အောက်)

(၂၇) ညာလက်ဖျန် အပေါ်ပင့်

(၂၈) ညာလက်ဖျန် ဝိုက်ခုတ် (အောက်)

၆။ တတောင် လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၂၉) ဘယ်တတောင် ရှေ့တိုက်

(၃၀) ဘယ်တတောင် အောက်ထောင်း

(၃၁) ဘယ်တတောင် ဘေးခတ်

(၃၂) ဘယ်တတောင် နောက်ဆောင့်

(၃၃) ညာတတောင် ရှေ့တိုက်

(၃၄) ညာတတောင် အောက်ထောင်း

(၃၅) ညာတတောင် ဘေးခတ်

(၃၆) ညာတတောင် နောက်ဆောင့်

၇။ ဒူး လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၃၇) ဘယ်ဒူး ပင့်တိုက်

(၃၈) ညာဒူး ပင့်တိုက်

(၃၉) ဘယ်ဒူး ဝိုက်တိုက်

(၄၀) ညာဒူး ဝိုက်တိုက်

၈။ ခြေ လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၄၁) ဘယ်ခြေဖျား ရှေ့ပင့်ခတ်

(၄၂) ညာခြေဖျား ရှေ့ပင့်ခတ်

(၄၃) ဘယ်ခြေဖျား ဝိုက်ခတ်

(၄၄) ညာခြေဖျား ဝိုက်ခတ်

(၄၅) ဘယ်ခြေစောင်း ရှေ့ကန်

(၄၆) ညာခြေစောင်း ရှေ့ကန်

(၄၇) ဘယ်ခြေစောင်း ဘယ်ဘေးကန်

(၄၈) ညာခြေစောင်း ညာဘေးကန်

၉။ တိမ်းထိုင် လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၄၉) ဘယ်တိမ်း ထိုင်-ထ

(၅၀) ညာတိမ်း ထိုင်-ထ

၁၀။ လက်စုံ (၁၃) နည်း လေ့ကျင့်နည်း[ပြင်ဆင်ရန်]

(၅၁) လက်ဝါးစုံ အောက်ဘေးရိုက်ကာ

(၅၂) လက်ခုံစုံ မျက်နှာရိုက်

(၅၃) လက်ဖနောင့်စုံ မျက်နှာရိုက်

(၅၄) လက်ဖျန်စုံ ရိုက်ကာခွဲ (အပေါ်)

(၅၅) လက်ဝါးစောင်းစုံ လည်ပင်းခုတ်

(၅၆) လက်ဖျန်စုံ အောက်ဘေးရိုက်ကာခွဲ

(၅၇) လက်ဖျားစုံပေါင်း ရင်ထိုးနှိုက် (လက်ခုံမှောက်)

(၅၈) လက်ဖျားစုံ အရှိုက်သို့ ပင့်နှိုက် (လက်ဝါးလှန်)

(၅၉) လက်ဖျန်အဆစ်စုံ နားအုံညှပ်ရိုက်

(၆၀) လက်သီးစုံထုတ် ပက်ပေါက် (လက်သီးလှန်ပေါက်)

(၆၁) လက်သီးစုံ အောက်ထိုး (ချက်အောက်)

(၆၂) လက်သီးစုံ အပေါ်ညှပ်ထိုး (နားထင်)

(၆၃) လက်ဝါးစုံ ခါးညှပ်တွန်းရိုက်

မြန်မာ့သိုင်း အခြေခံ (၆၃) မောင်းအား လက်တွေ့ကစားပြပုံ[ပြင်ဆင်ရန်]

ဖိုင်:မြန်မာ့သိုင်း အခြေခံ (၆၃) မောင်း.webm
မြန်မာ့သိုင်း အခြေခံ (၆၃) မောင်းအား လက်တွေ့ကစားပြပုံ
  1. မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ မြန်မာ့ကိုယ်ခံပညာ နိသျှည်းများ၊ [၁] Archived 17 June 2022 at the Wayback Machine.