မြန်မာတို့၏ကျင့်ဝတ်များ

ဝီကီပီးဒီးယား မှ
(မြန်မာ့တို့၏ကျင့်ဝတ်များ မှ ပြန်ညွှန်းထားသည်)

တပည့်ကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

ညီညာထကြွ၊ ဆုံးမနာယူ၊
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊
မချွတ်ငါးခုသာ။
(သင်္ဂဇာဆရာတော်)

ဆရာ့ဝတ္တရား ငါးပါး[ပြင်ဆင်ရန်]

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
(သင်္ဂဇာဆရာတော်)

လင်ကျင့်ဝတ်ငါးပါး[ပြင်ဆင်ရန်]

မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။
(သင်္ဂဇာဆရာတော်)

မယားဝတ္တရား ငါးပါး[ပြင်ဆင်ရန်]

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမူ၊ ဝတ်ငါးဆူ၊
အိမ်သူကျင့်အပ်ရာ။
(သင်္ဂဇာဆရာတော်)

သားသမီးကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။

မိဘကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊
အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊
ဖခင်မယ်တို့တာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။

ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊
ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊
သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊
ဝတ်ငါးဆင့်၊ ပြုကျင့် မိတ်ဆွေများ။

အလုပ်ရှင်ကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊
နာလျှင်ကုစေ၊ ငှဝေရသာ၊
အခါကိုလွှတ်၊ အရှင်ဝတ်၊
မချွတ် ငါးခုသာ။

အလုပ်သမားကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊
ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

ဒါယကာကျင့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ဝတ်ငါးထွေ၊
ပြုလေ ဒါယကာ။

ရဟန်းကျင့်ဝတ်ခြောက်ပါး[ပြင်ဆင်ရန်]

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊
အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

နာယကကျင့်ဝတ် ခြောက်ပါး[ပြင်ဆင်ရန်]

ထကြွနိုးကြား၊ သနားသည်းခံ၊
ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူ့ ကျင့်ရာတရားတည်း။

ကိုးကား[ပြင်ဆင်ရန်]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ စာအုပ်