မြန်မာတို့၏ကျင့်ဝတ်များ
ပုံပန်းသွင်ပြင်
တပည့်ကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- ညီညာထကြွ၊ ဆုံးမနာယူ၊
- လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
- သင်တွေးအံရွတ်၊ တပည့်ဝတ်၊
- မချွတ်ငါးခုသာ။
- (သင်္ဂဇာဆရာတော်)
ဆရာ့ဝတ္တရား ငါးပါး
[ပြင်ဆင်ရန်]- အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
- သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
- သင့်ရာအပ်ပို့၊ ဆရာတို့
- ကျင့်ဖို့ဝတ်ငါးဖြာ။
- (သင်္ဂဇာဆရာတော်)
လင်ကျင့်ဝတ်ငါးပါး
[ပြင်ဆင်ရန်]- မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊
- မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊
- မြတ်နိုးကျင်၊ ငါးအင်လင့်ကျင့်ရာ။
- (သင်္ဂဇာဆရာတော်)
မယားဝတ္တရား ငါးပါး
[ပြင်ဆင်ရန်]- အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊
- မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊
- ပျင်းရိမမူ၊ ဝတ်ငါးဆူ၊
- အိမ်သူကျင့်အပ်ရာ။
- (သင်္ဂဇာဆရာတော်)
သားသမီးကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
- မွေခံထိုက်စေ၊ လှူမျှဝေ၍၊
- စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
- ကျင့်ဖွယ်သားတို့တာ။
မိဘကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊
- အတတ်သင်စေ၊ ပေးဝေနှီးရင်း၊
- ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊
- ဖခင်မယ်တို့တာ။
မိတ်ဆွေကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
- စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
- သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
- ကျင့်လေမိတ်သဟာ။
ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊
- ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊
- သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊
- ဝတ်ငါးဆင့်၊ ပြုကျင့် မိတ်ဆွေများ။
အလုပ်ရှင်ကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊
- နာလျှင်ကုစေ၊ ငှဝေရသာ၊
- အခါကိုလွှတ်၊ အရှင်ဝတ်၊
- မချွတ် ငါးခုသာ။
အလုပ်သမားကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊
- ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊
- ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။
ဒါယကာကျင့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]- မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊
- ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊
- တတ်အားလှူစေ၊ ဝတ်ငါးထွေ၊
- ပြုလေ ဒါယကာ။
ရဟန်းကျင့်ဝတ်ခြောက်ပါး
[ပြင်ဆင်ရန်]- မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊
- အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
- နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊
- ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။
နာယကကျင့်ဝတ် ခြောက်ပါး
[ပြင်ဆင်ရန်]- ထကြွနိုးကြား၊ သနားသည်းခံ၊
- ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူ့ ကျင့်ရာတရားတည်း။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ စာအုပ်