မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း

ဝီကီပီးဒီးယား မှ

ပါတီဝင်တိုင်း စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းများ[ပြင်ဆင်ရန်]

ပါတီဝင်တစ်ဦးသည် အောက်တွင်ပြဋ္ဌာန်းထားသော စည်းကမ်းများကို တိတိကျကျစောင့်ထိန်းလိုက် နာရမည်-

  • (က)နိုင်ငံသားတိုင်း စောင့်သိရိုသေ ထိန်းသိမ်းရမည့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။
  • (ခ) အခြားမည်သည့် ပါတီ၏သစ္စာကိုမျှ မခံယူရ။
  • (ဂ) ပါတီအဖွဲ့အစည်းတစ်ခုခု၏ စုစည်းမှုအောက်တွင် ပါဝင်၍ကိစ္စအဝဝကို တစ်ဦးတစ်ယောက် ၏ ပုဂ္ဂလိကဦးဆောင်မှုမဖြစ်စေပဲ အဖွဲ့အစည်းအဖြစ်ဖြင့်သာ ဦးဆောင်မှုပေးရမည်။
  • (ဃ)ပါတီကချမှတ်ထားသော လမ်းညွှန်သဘောတရား၊ ရည်မှန်းချက်၊ အခြေခံလမ်းစဉ်၊ မူဝါဒနှင့် ပါတီဖွဲ့စည်းပုံ အခြေခံမျဉ်းတို့ကို ခံယူစောင့်ထိန်းရမည်။ ချမှတ်ကျင့်သုံးလျက်ရှိသော ပါတီ၏ လမ်းညွှန်သဘော တရားနှင့် ဆန့်ကျင်ပြီး ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ ရေးသားဖြန့်ဝေခြင်း မပြုရ။
  • (င)သာမန်အားဖြင့် မိမိ၏ကာယ၊ ဉာဏလုပ်အားမှ တရားသဖြင့် ရရှိအပ်သောဝင်ငွေမှတပါး အခြားဝင်ငွေမရှိစေရ။ သို့ရာတွင်တရားဝင် ခံစားခွင့်များနှင့်မသက်ဆိုင်စေရ။
  • (စ)တံစိုးလက်ဆောင်ပေးခြင်းနှင့် ယူခြင်းတို့ကို လုံးဝရှောင်ကြဉ်ရမည်။
  • (ဆ)အကြောင်းအားလျော်စွာ ပေးဆောင်အပ်နှင်းလာသော အဖိုးထိုက်တန်သည့် မေတ္တာလက် ဆောင်များကို ပါတီသို့ စာရင်းအင်းနှင့်တကွ ပေးအပ်ရမည်။ သို့ရာတွင် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံအရ ပေးအပ်ခြင်းမျိုးနှင့် မသက်ဆိုင်စေရ။
  • (ဇ)အများပြည်သူ အကြည်အညိုပျက်စေမည့် အပြောအဆို၊ အမူအကျင့်မှန်သမျှကို ရှောင်ကြဉ်ရ မည်။
  • (ဈ)နိုင်ငံတော်၏ လျှို့ဝှက်ချက်များနှင့် ပါတီ၏လျှို့ဝှက်ချက်များကို စောင့်ထိန်းရမည်။
  • (ည)ပါတီတွင်း ရွေးချယ်တင်မြှောက်ပွဲများတွင် မိမိအတွက်သော်လည်းကောင်း၊ သူတပါး အတွက်သော်လည်းကောင်း မဲဆွယ်ခြင်းမပြုရ။
  • (ဋ)ပါတီအတွင်း အပြန်အလှန်အချေအတင် ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပါတီ၏ ခွင့်ပြုချက် မရဘဲ ပါတီပြင်ပတွင် မည်သည့်နည်းနှင့်မျှ မပေါက်ကြားစေရ။
  • (ဌ) ပါတီကဆုံးဖြတ်ပြီးသော ကိစ္စများတွင် မိမိဆန္ဒနှင့် မတိုက်ဆိုင်မကိုက်ညီစေကာမူ ထိုတာဝန် ကိုမိမိအားပေးအပ်လျှင် ကျေပွန်စွာထမ်းဆောင်ရမည်။
  • (ဍ) ပါတီက အပ်နှင်းသည့်လုပ်ပိုင်ခွင့်နှင့် တာဝန်များအရသာ ဆောင်ရွက်ရမည်။ ယင်းလုပ်ပိုင် ခွင့်နှင့်တာဝန်အတွင်း အကျုံးမဝင်သည့် အချက်များကိုဆောင်ရွက်ရန် လိုအပ်လာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းသို့တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်ရမည်။ ယင်းသို့တင်ပြချိန်မရတော့ပဲ လက်ငင်းချက်ချင်း ပင် ဖြေရှင်းဆောင်ရွက်ရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်လာပါက နိုင်ငံ၏အကျိုး၊ ဆိုရှယ်လစ်စနစ်၏ အကျိုး၊ ပါတီ၏အကျိုးကို မဆုတ်ယုတ်အောင် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းကြံဆ၍ ဖြေရှင်းဆောင်ရွက် နိုင်သည်။ ယင်းသို့ ဆောင်ရွက်ခဲ့သည့်အကျိုးအကြောင်း အပြည့်အစုံ အစီရင်ခံစာကို သက်ဆိုင်ရာအဖွဲ့အစည်း သို့ အမြန် ဆုံးတင်သွင်းရမည်။
  • (ဎ) ပါတီဝင်တစ်ဦး၏အားနည်းချက်၊ ချွတ်ယွင်းချက်များကို ပြုပြင်လာစေရန် အချင်းချင်း ကူညီရမည်။ ယင်းသို့ကူညီ၍မရက သက်ဆိုင်ရာပါတီအဖွဲ့အစည်း၏ရှေ့တွင်သာ အပြုသဘောဖြင့် မျက်နှာ စုံညီဝေဖန်ဆွေးနွေးရမည်။ ဝေဖန်ခံရသောပါတီဝင်သည် ပြန်လည်ချေပခွင့်ရှိသည်။ အကယ်၍ မှန်လည်းမမှန်၊ ယုတ္တိလည်းမရှိဟု သိလျက်နှင့်အခြားပါတီဝင်တစ်ဦးအား နစ်နာစေရန်စွပ်စွဲခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့လျှင် ထိုသို့ စွပ်စွဲသူသည် အရေးယူခြင်းခံရမည်။
  • (ဏ) ပါတီဝင်တစ်ဦးသည် ကြီးလေးသောပြစ်မှုကိုကျူးလွန်ကြောင်းသိရှိရလျှင် သက်ဆိုင်ရာပါတီ အဖွဲ့အစည်းသို့ဖြစ်စေ၊ ဗဟိုကော်မတီသို့ဖြစ်စေ ချက်ချင်းတိုင်ကြားရမည်။
  • (တ) ပါတီ၏ရည်မှန်းချက်နှင့် အခြေခံလမ်းစဉ်ကိုလည်းကောင်း၊ ပါတီကြံ့ခိုင်ရေးနှင့် ညီညွတ်ရေး ကိုလည်းကောင်း ထိခိုက်ပျက်ပြားစေမည့် အကြောင်းကိစ္စမှန်သမျှကို ရှောင်ကြဉ်ရမည်။
  • (ထ) ပါတီနှင့်နိုင်ငံတော်အား ထိခိုက်စေမည့်နိုင်ငံရေးလှုပ်ရှားမှုများကို သိရှိလျှင်သက်ဆိုင်ရာ ပါတီ အဖွဲ့အစည်းသို့ အချိန်မှအစီရင်ခံရမည်။
  • (ဒ) သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း၏ အစည်းအဝေးသို့ခွင့်မပန်ပဲ ပျက်ကွက်ခြင်းမရှိစေရ။
  • (ဓ) ပါတီလမ်းစဉ်ကြေးများကို ပါတီတာဝန်တရပ်အနေဖြင့် မှန်မှန်မပျက်မကွက် ပေးသွင်း ရမည်။
  • (န) ပါတီကချမှတ်ထားသော အိမ်ထောင်ရေးနှင့် လိင်မှုစည်းကမ်းများကို လိုက်နာကျင့်သုံးရ မည်။

ပါတီဝင်များ၊ ပါတီမိတ်ဆွေများ လိုက်နာရမည့်စည်းကမ်းများကို လိုအပ်လျှင် ဗဟိုကော်မတီသည် သီးခြားပြဋ္ဌာန်း၍ ကျင့်သုံးနိုင်သည်။ ယင်းပြဋ္ဌာန်းချက်များကို အနီးကပ်ဆုံးပါတီညီလာခံသို့တင်ပြ၍ အတည် ပြုချက်ရယူရမည်။