မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ

ဝီကီပီးဒီးယား မှ

နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ်(၈/၂၀၁၁)ဖြင့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ

ကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီ၂၇ရက်က ထုတ်ပြန် ခဲ့သည်။

ယင်းဥပဒေတွင် အခန်း၁၂ခန်းပါရှိသည်။

အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊

အခန်း(၂) ရည်ရွယ်ချက်များ၊

အခန်း(၃) အထူးစီးပွားရေးဇုန်၊

အခန်း(၄) မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊

ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များ၊

အခန်း(၅) ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးများ၊

အခန်း(၆) ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏သီးခြားတာဝန်များ၊

အခန်း (၇) မြေအသုံးပြုခြင်း၊ အခန်း(၈) ဘဏ်နှင့်ငွေရေးကြေး ရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊

အခန်း(၉) အကောက်ခွန်ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်း များစစ်ဆေးခြင်း၊

အခန်း(၁၀) ကူးစက်ရောဂါရှိမရှိစစ် ဆေးခြင်းနှင့် ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရန် သီးသန့် ထားခြင်း၊

အခန်း(၁၁) အလုပ်သမားရေးရာကိစ္စရပ်များ၊

အခန်း(၁၂) အထွေထွေ

တို့ဖြစ်သည်။

အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနဝန်ကြီး

ဖြစ်ပြီး အတွင်းရေးမှူးမှာ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်

ဖြစ်ကာ တွဲဖက်အတွင်း ရေးမှူးမှာ ဆောက်လုပ်ရေး ဝန်ကြီး ဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်

တို့ ဖြစ်ကြသည်။ အဖွဲ့ဝင် ၁၉ ဦးထဲတွင်ပါဝင်သူ များမှာ

အမှတ်(၂)စက်မှုဝန်ကြီးဌာန ဝန်ကြီး၊

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊

ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၊

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဝန်ကြီး၊

အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဝန်ကြီး၊

ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေး နန်းဝန်ကြီးဌာနဝန်ကြီး၊

စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး၊

ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး၊

ရှေ့ နေချုပ်(ရှေ့နေချုပ်ရုံး)၊

တနင်္သာရီတိုင်းဒေသကြီး အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊

ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊

ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊

စက်မှုညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ဖြစ်ကြသည်။

ထို့ပြင် အဖွဲ့ဝင်များထဲတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊

မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် (ပို့ဆောင်ရေး ဝန်ကြီးဌာန) ဦးဆောင်ညွှန်ကြား ရေးမှူး၊

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်ကြောင်း သည်။

အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များထဲတွင် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် စီမံကိန်းနှင့်အစီအစဉ်များ ချမှတ်ခြင်း၊ အထူးစီးပွားရေး ဇုန် တည်ထောင်ရေးအတွက် အဆိုပြုချက်အပေါ် သက်ဆိုင်ရာအစိုးရ ဌာနအဖွဲ့အစည်းများ၏သဘောထား ရယူ၍စိစစ်ပြီး ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့သို့တင်ပြခြင်း၊ အထူးစီးပွားရေးဇုန်တွင် လမ်း၊ တံတား၊ လေဆိပ်၊ ဆိပ်ကမ်း၊ ရေ ပေးဝေရေး၊ လျှပ်စစ်ဓာတ်အားပေးရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ၊ သင်တန်းဌာန၊ တက္ကသိုလ်ကောလိပ် သိပ္ပံနှင့်စာသင်ကျောင်း၊ မူလတန်း ကြိုကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ ပြုစုစောင့်ရှောက်ရေးဂေဟာ၊ ဆေး ရုံ၊ အုပ်ချုပ်ရေး အဆောက်အအုံ စသည့်အများသုံးအခြေခံအဆောက် အအုံများ တည်ဆောက်လာစေခြင်း၊ အခြေခံအဆောက်အအုံများဆောက် လုပ်ထိန်းသိမ်းရာတွင် ရင်းနှီးတည် ဆောက်သူကစိုက်ထုတ်ကုန်ကျသည့် အသုံးစရိတ်များအား ပေးချေနိုင်ရေးအတွက် သတ်မှတ်ထားသည့်ကာလ အတွင်း ယင်းဇုန်မှကောက်ခံရရှိသော အခွန်အခများကိုသီးခြားရန်ပုံငွေဖြင့် ထိန်းသိမ်းထားရှိပြီး ထိုအသုံးစရိတ် များပေးချေခြင်း စသည့်အချက်တို့ ပါဝင်သည်။

ထို့ပြင် အထူးစီးပွားရေးဇုန် တည်ထောင်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အဓိကပြဿနာများ ပြေလည်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိ နှိုင်းဖြေရှင်းပေးခြင်း၊ အထူးစီးပွား ရေးဇုန်အလိုက် လုပ်ကိုင်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသတ်မှတ် ပေးခြင်း၊ ဥပဒေအရ စည်းကြပ် ကောက်ခံရမည့် အခွန်အခနှင့်မြေ အသုံးပြုခများကိုပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များပေးခြင်းနှင့် ကင်းလွတ်ခွင့်ကာလနှင့် သက်သာခွင့် ကာလများ တိုးမြှင့်ပေးခြင်း၊ အထူး စီးပွားရေးဇုန်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊ အထူးစီးပွားရေးဇုန် နှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ အခါ အားလျော်စွာပေးအပ်သည့် အခြား လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့လည်း ပါဝင်သည်။