မာတိကာသို့ ခုန်သွားရန်

မြန်မာဘာသာစကားစနစ်၏ အခြေခံများ

ဝီကီပီးဒီးယား မှ

မြန်မာဘာသာစကားရှိ စကားသံများ[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်းတွင် ဗျည်းသံနှင့်သရသံဟူ၍ ပါဝင်ပါသည်။ သို့ရာတွင် ပါဝင်သည့် ဗျည်းသံနှင့် သရသံအရေအတွက်မှာ ဘာသာစကားတစ်ခုနှင့်တစ်ခု မတူညီပါ။ မြန်မာဘာသာစကားတွင် ယေဘုယျအားဖြင့် ဗျည်းသံ(၃၃)ခု၊ အခြေခံသရသံ(၅)ခုနှင့် သရတွဲသံ (၄)ခုပါဝင်သည်ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ဤနေရာတွင် ရည်ညွှန်းသည့် ဗျည်းသရဟူသော အသုံးအနှုန်းများမှာ အက္ခရာသင်္ကေတများနှင့် မဆိုင်ပါ။ စကားသံသက်သက်ကိုသာ ရည်ညွှန်းခြင်းဖြစ်ပါသည်။

ဗျည်းသံများ[ပြင်ဆင်ရန်]

မြန်မာဗျည်းသံ(၃၃)မျိုးကို အသံဖြစ်ရာနေရာ(ဌာန်)နှင့် အသံဖြစ်ဟန်အလိုက် အောက်ပါ ဇယားဖြင့် ဖော်ပြထားပါသည်။

အသံဖြစ်ရာဌာန်
အသံဖြစ်ဟန် နှုတ်ခမ်း သွား သွားရင်း အာခေါင်

သွားရင်း

အာခေါင်မာ အာခေါင်ပျော့ လည်စေ့
ရုန်းပွင့်သံ

ဖ ဗ

ထ ဒ

က

ခ ဂ

ရန်းပွင့်ပွတ်

တိုက်သံ

ကျ

ချ ဂျ

လျှာသွင်းသံ လှ

ပွတ်တိုက်သံ

သှ ဂ

ဆ ဇ

ယှ

ဟှ ဂ

သရတစ်ပိုင်း

ဗျည်းတစ်ပိုင်း

နှာသံ မှ

နှ

နှ

ညှ

ငှ

[၁]

အထူးသတိပြုရန်အချက်မှာ အထက်ဖော်ပြပါ အသံ(၃၃)မျိုးသည် အရေးအသားစနစ်ရှိ ဗျည်း(၃၃)လုံးကို တိုက်ရိုက်ရည်ညွှန်းခြင်း မရှိသည့်အချက် ဖြစ်သည်။ အချို့သော အသံများမှာ တိုက်ရိုက် ဆက်နွှယ်သည့် ဗျည်းအက္ခရာများရှိသော်လည်း အချို့မှာ မရှိပါ။ ဥပမာ - အာခေါင်နှင့် သွားရင်းအရပ်တို့ကို အခြေပြုပြီးဖြစ်သည့် ဗျည်းသံများဖြစ်သည့် “ကျချ၊ဂျ၊ယှ’တို့သည် ဗျည်းသံတစ်ခုစီသာ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့ကို ကိုယ်စားပြုမည့်ဗျည်းအက္ခရာသီးခြားမရှိသည့်အတွက် ယပင့်၊ ရရစ်များဖြင့် အစားထိုး ရေးသားပါသည်။ သို့ဖြစ်ရာ အရေးတွင် ဗျည်းတွဲပုံသဏ္ဌာန်ဖြစ်နေပါသည်။ စင်စစ်မှာ ဗျည်းသံတစ်သံသာ ဖြစ်သည်ကို သတိပြုရပါမည်။ အလားတူပင် နှာသံများဖြစ်သည့် “မှ၊ နှ၊ ညှ၊ ငှ’တို့သည်လည်း သံညှင်း ဗျည်းသံတစ်သံစီသာ ဖြစ်သည်။ ထိုအသံတစ်သံစီအတွက် သီးခြားဗျည်းအက္ခရာမရှိသဖြင့် ဟထိုး(ှ)ထည့်ကာ ရေးသားခြင်းဖြစ်သည်။ ၎င်းတို့ကိုလည်း ဗျည်းတွဲသံဟု မသတ်မှတ်နိုင်ပါ။ ပွတ်တိုက်သံများဖြစ်သော ‘သု၊ ဟှ’တို့သည်လည်း ထူးခြားပါသည်။ မြန်မာစကားရှိ ‘သတင်းစာ’ဟူသောစကားလုံး၏ အစဗျည်းသံမှာ ရိုးရိုး “သ’အသံမဟုတ်ဘဲ သံပြင်းဗျည်းသံဖြစ်သဖြင့် သင်္ကေတ ‘သှ” ကို သုံးထားခြင်းဖြစ်သည်။ ‘သီးသီး’ ဟူသော စကားလုံးကို ရွတ်ဆိုကြည့်လျှင် ‘သ” သံနှစ်ခု မတူညီကြောင်း သတိထားမိမည်ထင်ပါသည်။ အလားတူပင် ‘ဟှ’ ဟူသော အသံမှာ အံ့အားသင့်သည့်အခါ ထွက်လာသည့် “ဟာ၊ ဟေ၊ ဟင်၊ ဟယ်” စသည့်အသံမျိုးကို ကိုယ်စားပြုခြင်းဖြစ်သည်။ အဆိုပါ အာမေဋိတ်အသံများသည် ရိုးရိုး ‘ဟ’အသံ မဟုတ်ကြောင်း သတိထားမိမည်ထင်ပါသည်။ အဆိုပါအသံမျိုးအတွက် သီးခြားအက္ခရာမရှိသဖြင့် ‘ဟ’ ဖြင့်သာ ရေးရသော်လည်း အသံထွက်သည့်အခါတွင်မူ သံပြင်းဗျည်းသံဖြင့် “ဟှာ၊ ဟှေ၊ ဟှင်၊ ဟှယ်'ဟုသာ အသံထွက်ရပါသည်။

သရသံများ[ပြင်ဆင်ရန်]

မြန်မာဘာသာစကားသည် တက်ကျသံ (tone) ရှိသော ဘာသာစကားဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ အသံအနိမ့်အမြင့်အလိုက် အဓိပ္ပာယ် ကွဲပြားသော ဘာသာစကားဖြစ်သည်။ မြန်မာဘာသာစကားတွင် ယေဘုယျအားဖြင့်-

  • ၁။ သံတို (အနိမ့် သက်သံ) ... အ
  • ၂။ သံရှည် (သံပြေ) ... အာ
  • ၃။ သံလေး (အမြင့်သက်သံ)... အား
  • ၄။ သံရပ် (အနိမ့်သက်သံရပ်) ... အတ်

ဟူ၍ တက်ကျသံ လေးမျိုးခွဲကြသည်။ ထို့အပြင် မြန်မာဘာသာစကားတွင် အ သရသံကို အပြည့်မထွက်ဘဲ မတြာဝက်သံဟုခေါ်သောအသံဖြင့် ထွက်ဆိုသည့် စကားလုံးများစွာရှိသည်။ ဥပမာ - “အမေ”ဟူသော စကားလုံးရှိ ရှေ့ဆုံးမှ “အ”အသံကို “အာ့”ဟု သရသံအပြည့်မထွက်ဘဲ မတြာဝက်မျှ ကြာသော အသံဖြင့် ထွက်ခြင်းမျိုးဖြစ်သည်။ အဆိုပါသရများကိုမူ တက်ကျသံမဲ့ (neutral tone) သရသံဟု ခေါ်လေ့ရှိသည်။ မြန်မာဘာသာစကားရှိ သရသံများကို အထက်တွင် ဖော်ပြခဲ့သည့် တက်ကျသံ(၄)မျိုးဖြင့် ထပ်မံခွဲခြား ကြည့်လျှင် မြန်မာဘာသာစကားတွင် သရသံများ များစွာရှိသည်ဟု ပြောလျှင်လည်း ရနိုင်မည်ထင်ပါသည်။ မြန်မာဘာသာစကားရှိ သရသံများကို မူလသရ (၂၂)လုံး၊ နှာသံသရ (၁၈)လုံးနှင့် သံရပ်သရ (၇)လုံး၊ စုစုပေါင်း (၄၇)လုံးရှိသည်ကို အောက်ပါဇယားအတိုင်း တွေ့နိုင်ပါသည်။

မြန်မာသရသံ(၄၇)မျိုးဇယား[ပြင်ဆင်ရန်]

အမျိုးအစား နိုင်ငံတကာ

သဒ္ဒဗေဒ သင်္ကေတ

မူလသရ

(တက်ကျသံများ)

သံရပ်သရ နှာသံသရ မှတ်ချက်
အခြေခံ

သရများ

a အ (အာ့)

အာ အား အတ် အန့် အန် အန်း သရတူ

သော်လည်း

ရေးထုံးကွဲရှိ

အပ် အမ့် အမ် အမ်း
အံ့ အံ
i အိ အီ အီ အစ် အင့် အင် အင်း သရတူ

သော်လည်း

ရေးထုံးကွဲရှိ

အည့် အည် အည်း အဉ့် အဉ် အဉ်း
u အု အူ အူး
e အဲ့ အယ် အဲ အက် သရတူ

သော်လည်း

ရေးထုံးကွဲရှိ

အယ့်
o အော့ အော် အော
သရတွဲများ ei အေ့ အေ အေး အိတ် အိန့် အိန် အိန်း သရတူ

သော်လည်း

ရေးထုံးကွဲရှိ

အိပ် အိမ့် အိမ် အိမ်း
ou အို့ အို အိုး အုတ် အုန့် အုန် အုန်း သရတူ

သော်လည်း

ရေးထုံးကွဲရှိ

အုပ် အုမ့် အုမ် အုမ်း
အုံ့ အုံ အုံး
ai အိုက် အိုင့် အိုင် အိုင်း
au အောက် အောင့် အောင် အောင်း

[၂]

မြန်မာကာရန်(၆၄)ပါး[ပြင်ဆင်ရန်]

စဉ် ကာရန်ကြီး ကာရန်ငယ်
၁။ အ - အကာရန္တာဒိ အ အာ အား
၂။ အိ - အိကာရန္တာဒိ အိ အီ အီး
၃။ အု - အုကာရန္တာဒိ အု အူ အူး
၄။ အေ - အေကာရန္တာဒိ အေ အေ အေး
၅။ အဲ - အဲကာရန္တာဒိ အဲ အဲ့ အယ်
၆။ အော - အောကာရန္တာဒိ အော အော့ အော်
၇။ က် - အက်ကာရန္တာဒိ အက်

အောက် အိုက်

၈။ င် - အင်ကာရန္တာဒိ အင် အင့် အင်း

အောင် အောင့် အောင်း

အိုင် အိုင့် အိုင်း

၉။ စ် - တစ်ကာရန္တာဒိ အစ်
၁၀။ ဉ် - အဉ်ကာရန္တာဒိ အဉ် အဉ့် အဉ်း
၁၁။ ည် - အည်ကာရန္တာဒိ အည် အည့် အည်း
၁၂။ တ် - အတ်ကာရန္တာဒိ အတ်

အိတ် အုတ်

၁၃။ န် - အန်ကာရန္တာဒိ အန် အန့် အန်း

အိန် အိန့် အိန်း အုန် အုန့် အုန်း

၁၄။ ပ် - အပ်ကာရန္တာဒိ အပ်

အိပ် အုပ်

၁၅။ မ် - အမ်ကာရန္တာဒိ အမ် အမ့် အမ်း

အိမ် အိမ့် အိမ်း အုမ် အုမ့် အုမ်း

၁၆။ င် - အိုဝ်ကာရန္တာဒိ အိုဝ် အိုဝ့် အိုဝ်း


ပါဠိသရ(၈)လုံး
အာ
အာ အိ အီ အု အူ အေ အော
a ā i ī u ū e o

ပါဠိဗျည်း (၃၃)လုံး[ပြင်ဆင်ရန်]

က ခ ဂ ဃ င
k kh g gh n
စ ဆ ဇ ဈ ဉ
c ch j jh ñ
ဋ ဌ ဍ ဎ ဏ
ṭ ṭh ḍ ḍh ṇ
တ ထ ဒ ဓ န
t th d dh n
ပ ဖ ဗ ဘ မ
p ph b bh m
ယ ရ လ ဝ သ
y r l v s
ဟ ဠ အံ
h ḷ ṃ

ဝဏ္ဏဖွဲ့စည်းပုံနှင့် သရသံ ဗျည်းသံအတွဲအစပ်[ပြင်ဆင်ရန်]

သရသံ သက်သက်ဖြစ်စေ၊ သရသံနှင့် ဗျည်းပေါင်းစပ်၍ဖြစ်စေ ဖြစ်ပေါ်လာသော အသံအစိတ် အပိုင်းကို ဝဏ္ဏဟုခေါ်ခြင်းဖြစ်သည်။ ဝဏ္ဏတစ်ခု၏ အသံဖြစ်ပေါ်မှုသည် ယေဘုယျအားဖြင့် တစ်မတြာ (တစ်နည်းအားဖြင့် လက်ဖျစ်တစ်ချက်တီး)ကြာသည်ဟု မှတ်ယူကြသည်။ ဥပမာ“အိမ်”ဟု အသံထွက်လျှင် သရသံတစ်ခုတည်းနှင့် ဝဏ္ဏတစ်ခုဖြစ်သည်။ “စာ”ဟုဆိုလျှင် ဗျည်းသံ (စ)နှင့် (အာ)တွဲဆက်ထားသည့် ဝဏ္ဏတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပြီး “အိမ်စာ”ဟုဆိုလျှင် ဝဏ္ဏ(၂)ခုရှိသည်ဟု ယေဘုယျအားဖြင့် မှတ်ယူ နိုင်ပါသည်။ မြန်မာဘာသာစကား၏ ဝဏ္ဏဖွဲ့စည်းပုံများမှာ -

  • ၁။ သရသံသက်သက်ဝဏ္ဏ - ဥပမာ အား၊ အေး၊ အင်း၊ အိပ်
  • ၂။ ဗျည်းသံနှင့်သရသံတွဲဝဏ္ဏ - ဥပမာ စား၊ ဆေး၊ ဆန်၊ ဆိတ်
  • ၃။ ဗျည်းတွဲသံနှင့်သရသံတွဲဝဏ္ဏ - ဥပမာ ပျား၊ ပွဲ၊ ပြုံး၊ သွား

မြန်မာဘာသာစကားတွင် အရေးပုံသဏ္ဌာန်၌ ဗျည်းတွဲဟုထင်ရသော်လည်း အသံတစ်သံသာ ထွက်သည့် အရေးအသားများရှိသည်။ ဥပမာ-ကျ၊ ချ၊ ဂျ၊ ကြ၊ ခြ၊ ဂြ ဟူသော ကဝဂ်ဗျည်းများကို ယပင့်၊ ရရစ် တွဲသည့်အခါ အသံမှာ ဗျည်းသံတစ်သံသာထွက်ရပါသည်။ ထိုအရေးအသားများကို နှစ်ပုံသုံးစာလုံး (Digraph) ဟုခေါ်ကြသည်။ အဆိုပါအရေးအသားမျိုးမှာ ကလေးများနားလည်ရန် ခက်ခဲသည့် ရှုပ်ထွေးသည့် အရေးအသားမျိုးဖြစ်သဖြင့် ကနဦးသင်ကြားရာတွင် မထည့်သွင်းသင့်ဟု အကြံပြုကြသည်။

မြန်မာဘာသာ အရေးအသားစနစ်သည် အင်္ဂလိပ်ဘာသာကဲ့သို့ အက္ခရာများကို အစဉ်အလိုက် စီရေးသည့် အရေးအသားစနစ်မဟုတ်ပါ။ ရှေ့တွင်ဖော်ပြခဲ့သကဲ့သို့ အဓိကအက္ခရာကို အခြေပြုပြီး အခြား သင်္ကေတများကို ထက်အောက် ဝဲယာပေါင်းစပ်ရေးသားသည့် ဘာသာစကားဖြစ်သဖြင့် ဝဏ္ဏတစ်လုံး ချင်း၏ရေးဖွဲ့ပုံ အရေးပါပါသည်။ ထို့ကြောင့်လည်း မြန်မာစာအရေးအသားစနစ်ကို ဝဏ္ဏအရေးအသား စနစ်ဟု အချို့က ခေါ်ကြပါသည်။ သို့ဖြစ်သည်နှင့်အညီ ကလေးများအနေဖြင့် စာရေးစာဖတ် အစပျိုး သင်ယူနိုင်ရန် ဝဏ္ဏတစ်ခုချင်းစီကို ခွဲခြားနိုင်သောအသိ (Syllabic awareness) ရှိရန် အရေးကြီးသည်ဟု ဆိုပါသည်။ မြန်မာဘာသာစကားတွင် စကားလုံးအများစုမှာ ဧကဝဏ္ဏ(အလွယ်ပြောရလျှင် စကားသံတစ်ချက်) စကားလုံးများဖြစ်သည်။ သို့ရာတွင် အခြားဘာသာစကားများ နည်းတူ ဝဏ္ဏတစ်လုံးထက် ပိုသော စကားလုံး များလည်း များစွာရှိပါသည်။ ဥပမာအားဖြင့် -

  • ၁။ လူ၊ အိမ်၊ ကျောင်း၊ ခွေး၊ ပွဲ စသည်တို့သည် ဧကဝဏ္ဏ (အသံတစ်ချက်သာ ကြားရသည့်) စကားလုံးများ
  • ၂။ ထမင်း၊ စာအုပ်၊ အမေ၊ အဖေ စသည်တို့သည် ဒွိဝဏ္ဏ (အသံနှစ်ချက် ကြားရသည့်) စကားလုံးများ
  • ၃။ ဆရာ၊ ကျောင်းသား၊ ဆရာမ၊ ကုလားထိုင်၊ ကနဖော့၊ ကနုကမာ၊ ငှက်ကြီးဝန်ပို စသည် တို့တွင်မူ (အသံတစ်ချက်မက ကြားရသည့်) စကားလုံးများဖြစ်သဖြင့် ဗဟုဝဏ္ဏစကားလုံး များဟု ခေါ်ကြပါသည်။

ကလေးများအနေဖြင့်ကြားရသည့် စကားသံတစ်ခွန်းတွင် ဝဏ္ဏမည်မျှပါသည်ကို ခွဲခြားသိမြင်နိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ အောက်ဖော်ပြပါလုပ်ငန်းများကို လုပ်ကိုင်ပေးခြင်းဖြင့် ကလေးများကို အသံ သဘော၊ ဝဏ္ဏသဘောများ သိမြင်နားလည်စေနိုင်မည်ဖြစ်သည်။

၁။ ကာရန်တူအသံများ ဖော်ထုတ်ခြင်း
ဥပမာ - ကား၊ လား၊ အား၊ စား စသည်ဖြင့်
၂။ သံတူစပ်တေးကဗျာများ၊ စာပိုဒ်များရွတ်ဆိုခြင်း
ဥပမာ -
တစ်ပြားနှစ်ပြား၊ ပဲလင်ပြား၊
ပြားလားစက္ကူ၊ ဖလံဖြူ
ထူထူထဲထဲ၊ ပိုးတောင့်တဲ ကျွဲရေသောက်၊ နွားရေသောက်။
ရွှံ့ပေါ် ရှဉ့်ပြေး၊ ရှဉ့်မွေးကို ရွှံ့မလူး။
တောင်ပေါ်က ရှမ်းကလေး လျှော်ထမ်းလို့ပြေး
ရှည်တဲ့လျှော်က ရှည် ရှည်
တိုတဲ့ လျှော်က တို တို။
လသာတုန်း လမ်းမက
လူတွေကို လိုက်ကြည့်တာ
လိပ်တွေပဲ လာနေတော့
လုဖမ်းတဲ့ လူတွေဟာ လုံးနေတာပဲ။
(ဆရာမများအနေဖြင့် ကလေးများနှင့်အတူ အထက်ပါကဲ့သို့သော အသံတူထပ်စကားမျိုးကို မိမိဖာသာ တီထွင်အသုံးပြုသင့်ပါသည်။)
၃။ စကားလုံးများ၊ ဝါကျများမှ ဝဏ္ဏများကို ခွဲထုတ်ခြင်း
ဥပမာ - ရထား = ရ + ထား
၄။ ဝဏ္ဏများကို ပေါင်းစပ်ခြင်း
ဥပမာ - စ + ပါး = စပါး
အစဗျည်းသံများ ခွဲခြားခြင်း
ဥပမာ - (ခ)အသံနဲ့ စတဲ့ဟာ ဘာတွေရှိသလဲ။

အရေးအသားစနစ်[ပြင်ဆင်ရန်]

မြန်မာစာအရေးအသားစနစ်သည် အက္ခရာနှင့် အခြားသင်္ကေတများ ပေါင်းစပ်ပြီး ဝဏ္ဏတစ်ခု အဖြစ် စုစည်းရေးဖွဲ့သည့် အရေးအသားစနစ်ဖြစ်သဖြင့် ဝဏ္ဏတစ်ပိုင်း၊ အက္ခရာစဉ်တစ်ပိုင်း အရေးအသား (Alpha-syllabery) စနစ်ဟု သတ်မှတ်ကြသည်။ သို့ဖြစ်ရာ စာရေးစာဖတ် အစပျိုးသင်ကြားရာတွင်၊ အက္ခရာများကိုရော ဝဏ္ဏဖွဲ့ရာတွင် အသုံးပြုရသည့် အခြားသင်္ကေတများကိုပါ မှတ်မိပြီး အသံနှင့် အက္ခရာ သင်္ကေတများ မည်သို့မည်ပုံဆက်စပ်သည်ကို သိရှိနားလည်အောင် လုပ်ပေးရန် လိုအပ်မည်ဖြစ်သည်။

ဗျည်းအက္ခရာများ[ပြင်ဆင်ရန်]

မြန်မာစာအရေးအသားတွင် ဗျည်းအက္ခရာဟုဆိုရာတွင် ကမှ အ အထိ (၃၃)လုံးရှိသည်ဟု မှတ်ယူကြပါသည်။ “အ” အက္ခရာသည်အသံအားဖြင့် သရသံဖြစ်သော်လည်း အက္ခရာအဖြစ်ယူရာတွင် ဗျည်းအဖြစ်သာ အစဉ်အလာအရ မှတ်ယူကြသည်ဖြစ်သဖြင့် ဗျည်း(၃၃)လုံးဟု ဆိုခြင်းဖြစ်သည်။ အဆိုပါ ဗျည်း(၃၃)လုံးမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြန်မာဗျည်းအက္ခရာ(၃၃)လုံး[ပြင်ဆင်ရန်]

က

အထက်ဖော်ပြပါ ဗျည်းအက္ခရာ(၃၃)လုံးသည် မြန်မာစကားတွင် ရှိသော ဗျည်းသံ(၃၃)သံကို ကိုယ်စားပြုခြင်း မဟုတ်ပါ။ အချို့သော ဗျည်းများ ဥပမာ - ဂနှင့် ဃ၊ ဇနှင့် ဈ၊ ဒနှင့် ဓ၊ ဗနှင့် ဘတို့သည် အက္ခရာနှစ်မျိုးကွဲသော်လည်း အသံများ ဗျည်းသံတစ်ခုစီကိုသာ ကိုယ်စားပြုပါသည်။ အချို့သော ဗျည်းများ ဋ၊ ဋ္ဌ၊ ဍ၊ ဎ နှင့် ဏ တို့သည် အသုံးနည်းသော အက္ခရာများဖြစ်သည်ကို သတိပြုရပါမည်။ အလားတူပင် အချို့သော ဗျည်းသံများအတွက်မူ၊ ကိုယ်စားပြုနိုင်သော ဗျည်းအက္ခရာ မရှိပါ။ သို့ဖြစ်ရာ ဗျည်းသံတစ်သံ အတွက် အက္ခရာသင်္ကေတ နှစ်မျိုးတွဲသုံးပြီး ရေးသားရသည်လည်း ရှိပါသည်။ အထက်တွင် ဖော်ပြခဲ့သော နှစ်ပုံသုံးစာလုံး (Digraph) အရေးအသားများဖြစ်သော “ကျ၊ ချ၊ ယှ၊ မှ၊ လှ”တို့သည် အဆိုပါအမျိုးအစားတွင် ပါဝင်ပါသည်။ အခြားသတိထားရမည့် အချက်တစ်ခုမှာ အသတ်သင်္ကေတများဖြစ်သည်။ မြန်မာစာအရေး အသားတွင် “စက်၊ တစ်၊ နတ်၊ အပ်'စသည့် စကားလုံးများကဲ့သို့ နောက်ပိတ်ဗျည်းသတ်ပြီး ရေးပုံမျိုး တွေ့ရသည့်တိုင် အသံထွက်သည့်အခါ အဆိုပါ နောက်ပိတ်ဗျည်းများကို အသံထွက်လေ့မရှိသော အချက်ဖြစ်သည်။ ထို့ကြောင့် အသတ်သင်္ကေတများကို သင်ရိုးတွင် နောက်ပိုင်းမှ ထည့်သွင်းသင်ကြားကြခြင်း ဖြစ်သည်။

သရအက္ခရာများ[ပြင်ဆင်ရန်]

မြန်မာဘာသာစကားတွင် တက်ကျသံ၊ နှာသံ၊ သံရုပ်များကို ထည့်သွင်းခွဲခြားကြည့်ပါက သရသံ စုစုပေါင်း(၄၇)လုံးရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အရေးအသားစနစ်တွင်မူ အစဉ်အလာ အရ သရအက္ခရာများကို သတ်မှတ်ရာ၌ အခြေခံသရနှင့် သင်ရိုးသရဟူ၍ နှစ်မျိုးခွဲခြားမှတ်သားလေ့ရှိသည်။ အဆိုပါနှစ်မျိုးကို အောက်ဖော်ပြပါ ဇယားများတွင် သရသင်္ကေတများနှင့် ယှဉ်တွဲဖော်ပြထားပါသည်။ သတိပြုရာမှာ သရဇယားများတွင် ယေဘုယျအားဖြင့် အခြေခံသရများကို ဖော်ပြထားခြင်းသာဖြစ်ပြီး တက်ကျသံ၊ နှာသံနှင့် သံရပ်များအားလုံးကို ထည့်သွင်းထားခြင်း မရှိသေးပါ။ ထို့ပြင် အသတ်ရေးထုံးနှင့် ယှဉ်သော အသံများကိုလည်း ဖော်ပြမထားသေးသဖြင့် သရသံအားလုံးကို လွှမ်းခြုံနိုင်သော အရေးအသား မဖြစ်နိုင်သေးပါ။ သို့ဖြစ်ရာ သရသံအားလုံးနှင့် ဆိုင်သောအရေးသင်္ကေတများနှင့် ပတ်သက်၍မူ အထက်တွင် ဖော်ပြခဲ့သည့် သရသံ(၄၇)လုံး ဇယားကို ကြည့်ရှုစေလိုပါသည်။

အခြေခံသရနှင့် သင်္ကေတပြဇယား[ပြင်ဆင်ရန်]

သရအက္ခရာ အာ အဲ အို
အသံထွက် အာ အိ အီ အု အူ အေ အဲ အော အော် အို
သင်္ကေတ -

‌ေ ‌ော

‌ေါ

‌ော်

‌ေါ်

ို
တွဲပုံ(ဥပမာ) ခါ ခိ ခီ ခု ခူ ခေ ခဲ ခေါ ခေါ် ခို


သင်ရိုးသရနှင့် သင်္ကေတပြဇယား[ပြင်ဆင်ရန်]

သရအက္ခရာ အာ အဲ အံ အား
အသံထွက် အာ အိ အီ အု အူ အေ အဲ အော အော် အံ အား
သင်္ကေတ -

‌ေ ‌ော

‌ေါ

‌ော်

‌ေါ်

ား

ါး

တွဲပုံ(ဥပမာ) က ကာ ကိ ကီ ကု ကူ ကေ ကဲ ကော ကော် ကံ ကား

အခြားအရေးသင်္ကေတအမှတ်အသားများ[ပြင်ဆင်ရန်]

မြန်မာဘာသာစကား၏ အရေးအသားစနစ်တွင် စာလုံးကြီး၊ စာလုံးသေး၊ ကော်မာစသည်တို့မရှိဘဲ ပုဒ်ဖြတ်ပုဒ်ရပ်အဖြစ် ဖော်ပြရန်အတွက် ပုဒ်ကလေး(တစ်ချောင်းပုဒ်)၊ ပုဒ်မ(နှစ်ချောင်းပုဒ်)တို့ကို အသုံးပြု ရသည်။ ပုဒ်ကလေးကို ဝါကျတစ်ခုအတွင်း အရေးပါသောပုဒ်များ မရောထွေးစေရန် ခြားရာ၌ အသုံးပြုပြီး၊ ပုဒ်မကိုမူ ဝါကျဆုံးကြောင်း ဖော်ပြရန်အတွက် အသုံးပြုသည်။ အခြားသင်္ကေတများဖြစ်သော လက်သည်း ကွင်း၊ မျဉ်းစောင်း၊ မျဉ်းတို့ကို စာအုပ်တွင် တွေ့ရှိပါကလည်း ကလေးများ သတိပြုမိအောင် ရှင်းပြသင့်ပါသည်။

ဝေါဟာရများ[ပြင်ဆင်ရန်]

နေ့စဉ်အသုံးများသော စကားလုံးများ[ပြင်ဆင်ရန်]

ကလေးငယ်များကို စာရေးစာဖတ်သင်ကြားရာတွင် ဗျည်း၊ သရ၊ အက္ခရာများကို ခွဲခြားမသင်ကြား မီတွင် စကားလုံးအချို့ကို သင်ကြားနိုင်ပါသည်။ အချို့သော စကားလုံးများကို အမြင်ဖြင့် စွဲသွားအောင် သင်ကြားပေးခြင်းဖြင့် စာရေးစာဖတ် မြန်ဆန်မှန်ကန်စွာ တတ်မြောက်ရေးအတွက် အထောက်အကူဖြစ် ပါသည်။ ထပ်ကာထပ်ကာ မြင်ရတွေ့ရများပြီး အမြင်ဖြင့် မှတ်မိသော စကားလုံးများဖြင့် အပြင်စွဲစကားလုံး များဟုလည်း ခေါ်ပါသည်။ စင်စစ်အားဖြင့် စာရေးစာဖတ်တတ်သည်ဆိုသည်မှာ စကားလုံး အားလုံးနီးပါး လောက်ကို အမြင်စွဲဖြင့် ဖတ်နိုင်ခြင်းဖြစ်သည်။

အမြင်စွဲဖြင့် စကားလုံးများကို မှတ်သားသိုလှောင်ပုံမှာ ကလေးတစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါ။ တစ်ဦးချင်းစီ ထိတွေ့ ရင်းနှီးရသည့် စကားလုံးများအပေါ်တွင် မူတည်ပါသည်။ သူငယ်တန်း ဆရာများကို ကလေးများအမြင်စွဲဖြင့် ဖတ်နိုင်အောင် လုပ်ပေးသင့်ပါသည်။ ယေဘုယျအားဖြင့် အင်္ဂလိပ် ဘာသာစကားတွင် နေ့စဉ်တွေ့ ရ၊ ဖတ်ရှုရသည့် စာသားတစ်ပုဒ်အတွင်း (၅၀)%သော စကားလုံးများမှာ အသုံးအများဆုံးစကားလုံး (၁၀၀)အတွင်းတွင် ပါဝင်နေသည်ဟု ဆိုပါသည်။ အဆိုပါစကားလုံး (၁၀၀)ကို အမြင်စွဲအဖြစ် မှတ်သားမိသော ကလေးအနေဖြင့် စာရေးစာဖတ်တတ်မြောက်မှုတွင် ရှေ့သို့ ရောက်နေပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာစကားတွင် အသုံးအများဆုံးသော စကားလုံးများကို ရှာဖွေပြီး အမြင်စွဲဖြင့် သင်ကြားပေးနိုင်ပါသည်။

အများဆုံးမြင်တွေ့ နေကျ အမြင်စွဲ စကားလုံးများ[ပြင်ဆင်ရန်]

-ရှိတယ် -ပြီး -မ-ခင် -အဘွား
-ဖြစ်တယ် -တဲ့- -ဟုတ်ကဲ့ -သမီး
-လဲ -ပေမဲ့ -သူ -သား
-လား -ပဲ -နင်/ငါ -စကား
-မယ် -မ-ဘဲ -လုပ် -ငါး
-မှာ -ရင်/လျှင် -စမ်း -ဝါး
-ပါ -တော့ -တုန်း -နွား
-နဲ့ -တာ -ရေး -လျှာ
-မလို့ -နော် -ဖတ် -နေ
-တယ် -လေ့ရှိ -ပြော -လူကလေး
-ဘူး -ဆိုရင် -သွား -ကလေး
-ရှိ -လိုက် -ထိုင် -အသီး
-ဒါ -ဘယ်တော့ -ထ -သစ်ပင်
-ပြီ -ကျွန်တော် -စား -ကျောင်း
-ရဲ့ -ကျွန်မ -ကြည့် -ဘယ်/ညာ
-အုန်း/ဦး -ရေ -တွက် -ထီး
-ပေါ့ -အမေ -ပုံဆွဲ -ဖိနပ်
-ဟင့်အင်း -အဖေ -ပျင်း -သောက်
-ဆုံး -အစ်မ -ဆို -လို့
-က -အစ်ကို -မ -မလို့
-လို့ပါ -ညီလေး -မောင် -စားပွဲ
-ကို -ညီမလေး -ဒေါ် -ကုလားထိုင်
-ဟာ -သူငယ်တန်း -ဦး
-လို့ -ဦးလေး -ဆရာမ
-ဒီ/သည် -အဒေါ် -အဘိုး

[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. ခင်မင်(မောင်)(၁၉၉၀)ကို မှီးပါသည်။
  2. အ = မတြာဝက် မြန်မာစာအဖွဲ့(၂၀ဝ၅)မြန်မာသဒ္ဒါကို မှီးသည်။
  3. သူငယ်တန်း ( KINDERGARTEN ) ဘာသာစကားမှီငြမ်းပြုလမ်းညွှန် အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ