မြန်မာနိုင်ငံ ဗိသုကာကောင်စီ

ဝီကီပီးဒီးယား မှ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံဗိသုကာကောင်စီ ဥပဒေကို (၂၀၁၄)ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၉ အရ နိုင်ငံတော်သမ္မတမှ အတည်ပြု လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာခဲ့သည်။
  • မြန်မာနိုင်ငံဗိသုကာကောင်စီကို တာဝန်ခံဝန်ကြီးဌာနဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။ ကောင်စီ၏ သက်တမ်းမှာ (၄)နှစ်ဖြစ်သည်။


ရည်ရွယ်ချက်[ပြင်ဆင်ရန်]

  • ဗိသုကာအသိပညာ၊အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်။
  • ဗိသုကာပညာဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ဗိသုကာပညာရှင် ၊ ဗိသုကာ ဗိသုကာဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာ ကျွမ်းကျင်သူများ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် အရည်အသွေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန်။
  • ဗိသုကာပညာ၊ ဗိသုကာအလုပ်များနှင့် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းများတွင် စနစ်တကပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်။


အဖွဲ့ဝင်များနှင့် ရွေးချယ်ပုံ[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံ ဗိသုကာကောင်စီကို ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့် အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်။
  • တာဝန်ခံဝန်ကြီးဌာန ဖြစ်သော ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဗိသုကာ(၄)ဦး၊ ဗိသုကာပညာသင်ကြားရေးဆိုင်ရာ တက္ကသိုလ်မှ(၂)ဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဗိသုကာ(၁)ဦး၊ အစိုးရမဟုတ်သော ဗိသုကာပညာရပ်ဆိုင်ရာ အသင်းအဖွဲ့ဖြစ်သော မြန်မာနိုင်ငံဗိသုကာအသင်းမှ ရွေးကောက်ခံ ဗိသုကာပညာရှင် (၁၈)ဦး နှင့်ဝါရင့်ဗိသုကာပညာရှင် (၃)ဦး၊ စုစုပေါင်း (၂၉)ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။


ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

  • ကောင်စီဝင် (၂၉)ဦးမှာ ဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦး၊ အထွေထွေ အတွင်းရေးမှူး တစ်ဦး၊ တွဲဖက် အတွင်းရေးမှူး နှစ်ဦး နှင့် ဘဏ္ဍာရေးမှူး တစ်ဦးပါဝင်သော အလုပ်အမှုဆောင်အဖွဲ့(၁၅)ဦးတို့ကို ဖွဲ့စည်းထားသည်။


အခန်းကဏ္ဍ၊ တာဝန် နှင့် လုပ်ပိုင်ခွင့်[ပြင်ဆင်ရန်]

  • ဗိသုကာကောင်စီ၏ အခန်းကဏ္ဍ၊ တာဝန် နှင့် လုပ်ပိုင်ခွင့်များမှာ အဓိကအားဖြင့် သုံးပိုင်းရှိသည်၊ ဗိသုကာပညာရေး၊ ဗိသုကာအသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အခြား ဆက်စပ်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။


ဗိသုကာပညာရေး[ပြင်ဆင်ရန်]

  • ဗိသုကာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ် အသိအမှတ်ပြုရေးနှင့် ဗိသုကာစဉ်ဆက်မပြတ် သင်ကြားရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိသည်။


ဗိသုကာအသက်မွေးဝမ်းကျောင်းလုပ်ငန်း[ပြင်ဆင်ရန်]

  • ဗိသုကာအသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် မှတ်ပုံတင်လက်မှတ်စိစစ်ရေး၊ ကျင့်ဝတ် သိက္ခာထိန်းသိမ်းရေး၊စည်းကမ်းထိန်းသိမ်းရေး၊ စံချိန်စံညွှန်းနှင့် ဗိသုကာပညာရပ်ဆိုင်ရာ ကျင့်ထုံးများပြုစုရေး၊ဗိသုကာ ပညာရပ်ဆိုင်ရာ ကုမ္မဏီများ၊ အဖွဲ့အစည်းများ စိစစ် အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျှက်ရှိသည်။


ဗိသုကာနှင့် ဆက်စပ်သော အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

  • ပြည်နယ်တိုင်းများတွင်ရှိသည့် စည်ပင်သာယာရေး ကော်မတီ ၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ၊ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန များတွင် စာတမ်းဖတ်ခြင်း၊ ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများ ရေးသားပြုစုရာတွင် ပါဝင်ကူညီခြင်း၊သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဗိသုကာဆိုင်ရာ လိုအပ်ချက်များအတွက် အကဲဖြတ်စိစစ်ခြင်းများတွင် ပါဝင်ကူခြင်းများ ဆောင်ရွက်နေပါသည်။


မြန်မာနိုင်ငံ ဗိသုကာကောင်စီ အဖွဲ့ဝင်စာရင်း[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံ ဗိသုကာကောင်စီ ဗဟိုကော်မတီအဖွဲ့
စဉ် အမည် ရာထူး
ဦးမောင်သော် ဥက္ကဋ္ဌ
ဦးဆန်းဦး ဒု-ဥက္ကဋ္ဌ
ဒေါ်လှိုင်မော်ဦး ဒု-ဥက္ကဋ္ဌ
ဦးခိုင်ဝင်းလတ် အထွေထွေအတွင်းရေးမှူး
ဒေါ်ထူးထူးငွေ အထွေထွေအတွင်းရေးမှူး(၁)
ဦးဝင်းမြင့်(၂) အထွေထွေအတွင်းရေးမှူး(၂)
ဦးဇော်မိုး ဘဏ္ဍာရေးမှူး
8 ဦးသန့်ဇင် ဝါရင့် ဗိသုကာ ပညာရှင်
9 ဒေါက်တာကျော်လတ် ဝါရင့် ဗိသုကာ ပညာရှင်
10 ဒေါ်သင်းသင်းအေး ဝါရင့် ဗိသုကာ ပညာရှင်
11 ဦးဝင်းမြင့်(၁) အဖွဲ့ဝင်
12 ဦးမော်လင်း အဖွဲ့ဝင်
13 ဒေါ်မိုးမိုးလွင် အဖွဲ့ဝင်
14 ဒေါ်လှစုမြတ် အဖွဲ့ဝင်
15 ဦးသန်းတင်အောင် အဖွဲ့ဝင်
16 ဦးစည်သူမြင့်ဆွေ အဖွဲ့ဝင်
17 ဒေါ်တင်တင်ကြည် အဖွဲ့ဝင်
18 ဒေါက်တာမောင်လှိုင် အဖွဲ့ဝင်
19 ဦးဝင်းဇော် အဖွဲ့ဝင်
20 ဦးကိုကိုနိုင် အဖွဲ့ဝင်
21 ဦးဇာနည်အောင် အဖွဲ့ဝင်
22 ဦးအောင်မြင့် အဖွဲ့ဝင်
23 ဦးအောင်နိုင်ချစ် အဖွဲ့ဝင်
24 ဒေါ်ခင်ယုဝတီမြင့် အဖွဲ့ဝင်
25 ဒေါ်ခင်ရွှေဦး အဖွဲ့ဝင်
26 ဒေါ်စမ်းစမ်းမိုး အဖွဲ့ဝင်
27 ဒေါ်မီမီတင် အဖွဲ့ဝင်
28 ဒေါ်လှဌေးအောင် အဖွဲ့ဝင်
29 ဒေါ်အေးအေးမြင့် အဖွဲ့ဝင်


လုပ်ငန်းကော်မတီများအလိုက် အဖွဲ့ဝင်များစာရင်း[ပြင်ဆင်ရန်]

(၁) မှတ်ပုံတင်လက်မှတ် စိစစ်ရေးလုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဦးမော်လင်း အဖွဲ့ခေါင်းဆောင်
ဒေါ်လှဌေးအောင် အဖွဲ့ဝင်
ဦးဇာနည်အောင် အဖွဲ့ဝင်
ဦးကိုကိုနိုင် အဖွဲ့ဝင်
ဒေါ်တင်တင်ကြည် အဖွဲ့ဝင်
ဦးအောင်နိုင်ချစ် အဖွဲ့ဝင်

(၂) ဗိသုကာပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဒေါက်တာကျော်လတ် အဖွဲ့ခေါင်းဆောင်
ဒေါက်တာမောင်လှိုင် အဖွဲ့ဝင်
ဦးဆန်းဦး အဖွဲ့ဝင်
ဒေါ်သင်းသင်းအေး အဖွဲ့ဝင်
ဦးဝင်းမြင့်(၁) အဖွဲ့ဝင်

(၃) ကျင့်ဝတ်သိက္ခာထိန်းသိမ်းရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဒေါ်မိုးမိုးလွင် အဖွဲ့ခေါင်းဆောင်
ဒေါ်လှဌေးအောင် အဖွဲ့ဝင်
ဒေါ်လှစုမြတ် အဖွဲ့ဝင်
ဦးကိုကိုနိုင် အဖွဲ့ဝင်

(၄) စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဦးသန့်စင် အဖွဲ့ခေါင်းဆောင်
ဦးစည်သူမြင့်ဆွေ အဖွဲ့ဝင်
ဦးကိုကိုနိုင် အဖွဲ့ဝင်
ဒေါက်တာမောင်လှိုင် အဖွဲ့ဝင်
ဦးဝင်းမြင့် (၁) အဖွဲ့ဝင်

(၅) စံချိန်စံညွှန်းနှင့် ဗိသုကာဆိုင်ရာလုပ်ထုံးများပြုစုရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဒေါ်လှစုမြတ် အဖွဲ့ခေါင်းဆောင်
ဒေါက်တာကျော်လတ် အဖွဲ့ဝင်
ဒေါ်လှိုင်မော်ဦး အဖွဲ့ဝင်
ဒေါ်တင်တင်ကြည် အဖွဲ့ဝင်
ဒေါ်မီမီတင် အဖွဲ့ဝင်
ဦးအောင်မြင့် အဖွဲ့ဝင်

(၆) ဗိသုကာပညာ စဉ်ဆက်မပြတ်သင်ကြားရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဗိသုကာပညာ စဉ်ဆက်မပြတ်သင်ကြားရေး လုပ်ထုံးလုပ်နည်း
ဒေါ်ခင်ရွှေဦး အဖွဲ့ခေါင်းဆောင်
ဦးသန်းတင်အောင် အဖွဲ့ဝင်
ဦးဆန်းဦး အဖွဲ့ဝင်
ဒေါ်အေးအေးမြင့် အဖွဲ့ဝင်
ဒေါက်တာမောင်လှိုင် အဖွဲ့ဝင်
ဦးမော်လင်း အဖွဲ့ဝင်
ဦးကိုကိုနိုင် အဖွဲ့ဝင်
ဒေါ်ခင်ယုဝတီမြင့် အဖွဲ့ဝင်

(၇) ဗိသုကာပညာဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများကို စိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဦးဝင်းမြင့်(၁) အဖွဲ့ခေါင်းဆောင်
ဒေါ်သင်းသင်းအေး အဖွဲ့ဝင်
ဦးဇော်မိုးရွှေ အဖွဲ့ဝင်
ဒေါ်ထူးထူးငွေ အဖွဲ့ဝင်
ဦးစည်သူမြင့်ဆွေ အဖွဲ့ဝင်

(၈) နိုင်ငံခြားသားဗိသုကာမှတ်ပုံတင်လက်မှတ် စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

နိုင်ငံခြားသားမှတ်ပုံတင် ဗိသုကာနှင့် နိုင်ငံခြားဗိသုကာဆိုင်ရာ ကုမ္ပဏီလက်မှတ်နှင့် စပ်လျဉ်းသည့် လုပ်ခုံးလုပ်နည်း
ဦးဇော်မိုးရွှေ အဖွဲ့ခေါင်းဆောင်
ဒေါ်လှိုင်မော်ဦး အဖွဲ့ဝင်
ဦးမော်လင်း အဖွဲ့ဝင်
ဦးစည်သူမြင့်ဆွေ အဖွဲ့ဝင်

(၉) နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

ဦးဆန်းဦး အဖွဲ့ခေါင်းဆောင်
ဦးဇော်မိုး အဖွဲ့ဝင်
ဒေါ်ခင်ရွှေဦး အဖွဲ့ဝင်
ဒေါ်မိုးမိုးလွင် အဖွဲ့ဝင်


ဆက်သွယ်ရန်[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံ ဗိသုကာကောင်စီ
  • ၂၂၈-၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်၊ မြန်မာနိုင်ငံ။
  • ဝက်ခ်ဆိုက် - www.mac.org.mm