မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း
ပုံပန်းသွင်ပြင်
မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) ကို ၁၉၉၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကွန်ပျူတာလုပ်ငန်းရှင်များ၏ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းရုံးဆောင်ရွက်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ကွန်ပျူတာလုပ်ငန်းရှင်အသင်းဝင်ပေါင်း ၂၉၁ ဦးရှိသည်။
အသင်း၏ ရည်ရွယ်ချက်
[ပြင်ဆင်ရန်]အသင်း၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်း ကွန်ပျူတာလုပ်ငန်းရှင် အသင်းဝင်များကို စုစည်းနိုင်ရန်နှင့် စည်းရုံးဆောင်ရွက်ရန်၊ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးဥပဒေပါ ရည်ရွယ်ချက်များနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ နှင့် ကွန်ပျူတာလုပ်ငန်းရှင်များ၏ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း၊ ပြည်ပဆက်သွယ်ဆောင်ရွက်မှုများကို ဖွဲ့စည်းရန် တို့ ဖြစ်သည်။
အသင်း၏ လုပ်ငန်းများ
[ပြင်ဆင်ရန်]- နိုင်ငံတကာဆက်ဆံမှု တိုးမြှင့်ရေးဆပ်ကော်မတီ
- ပြန်ကြားရေးနှင့် သတင်းဖြန့်ချိရေးဆပ်ကော်မတီ
- Seminar နှင့် Training ဆပ်ကော်မတီ
- IT လုပ်ငန်းကိစ္စရပ်များဖြေရှင်းရေးဆပ်ကော်မတီ
- ICT Award ဆိုင်ရာ ပြုလုပ်ရေး ဆပ်ကော်မတီ
- IT နှင့် ပတ်သက်၍ ကုမ္ပဏီများအား အကူအညီပေးရေး ဆပ်ကော်မတီ
- ဈေးနှုန်းစိစစ်ရေး ဆပ်ကော်မတီ
- ဘဏ္ဍာရေး ဆပ်ကော်မတီ
စသည့် ကော်မတီခွဲများ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပြီး
- အသင်းဝင်ကုမ္ပဏီများ၏ ICT နှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စရပ်များကို ကူညီပေးခြင်းနှင့် အခြားအငြင်းပွားမှုများနှင့် ပြဿနာများကို ဖြေရှင်းညှိနှိုင်းပေးခြင်း ၊ Service Center များအား MICA အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း၊ ICT ကုမ္ပဏီများက ပြည်ပမှ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လျှောက်ထားရာတွင် ဈေးနှုန်းသတ်မှတ်မှုလွယ်ကူစေရန် ဈေးနှုန်းများကို စိစစ်သတ်မှတ်ပေးခြင်းများ စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
အသင်း၏ လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]- ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်၍ seminar နှင့် workshop များကို လစဉ်ပြုလုပ်ပေးကာ အဖွဲ့ဝင်ကုမ္ပဏီများအား နည်းပညာ ဗဟုသုတများကို ရရှိစေခြင်း ။
- Myanmar Human Resource Co.,Ltd. နှင့် ပူးပေါင်း၍ ICT ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများကို ပို့ချလျက်ရှိခြင်း ။
- မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) တို့နှင့် ပူးပေါင်း၍ မြန်မာသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲများကို တပ်မတော်ခန်းမတွင် ၅ ကြိမ်၊ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ၁ ကြိမ်၊ Myanmar Info-Tech တွင် ၁ ကြိမ် စီစဉ်ကျင်းပခဲ့သည်။
- ၂၀၀၀ ပြည့်နှစ်မှ စတင်၍ Myanmar National ICT Award ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပခဲ့သည်။