မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းအားလုံးကို " နိုင်ငံ့ဝန်ထမ်း "ဟုခေါ်သည်။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများကို " ဝန်ထမ်းအဖွဲ့အစည်း "ဟုခေါ်သည်။ ၎င်းတို့၏ အဆင့်များနှင့် ခန့်အပ်မှုများကို အမျိုးအစား နှစ်မျိုးဖြင့် အုပ်စုဖွဲ့ထားသည်။

  1. အရာထမ်း သို့မဟုတ် ပြန်တမ်းဝင်အရာရှိ - ရာထူးတိုးခြင်းနှင့် ခန့်အပ်ခြင်းတို့ကို မြန်မာနိုင်ငံပြန်တမ်းတွင် မှတ်တမ်းတင်ထားသည်။
  2. အမှုထမ်း - ပြန်တမ်းဝင်အရာရှိများအောက် ရာထူး။[၁]

အစိုးရဌာနများတွင် ရာထူးအဆင့်(၁၃)ဆင့်ရှိပြီး ဌာနဆိုင်ရာ ရာထူးအဆင့်အခေါ်အဝေါ်များမှာ ဌာနတစ်ခုနှင့်တစ်ခု မတူညီကြပေ။ လုပ်ငန်းများ၊ အင်တာပရိုက်များ၊ ကော်ပိုရေးရှင်းများ အစရှိသော တစ်နည်းအားဖြင့် ဝန်ဆောင်မှုပေးသည့် အစိုးရဌာနများတွင် အရာထမ်းရာထူးအဆင့်များမှာ လက်ထောက်မန်နေဂျာမှစပြီး ဦးဆောင်ညွှန်ကြားရေးမှူးအဆင့်ထိ ဖြစ်သည်။ ဦးစီးဌာနနှင့် ညွှန်ကြားမှုဦးစီးဌာနများ အစရှိသော တစ်နည်းအားဖြင့် မူဝါဒနှင့် ပေါ်လစီများ ထုတ်ပြန်ကြီးကြပ်ကွပ်ကဲသည့် အစိုးရဌာနများတွင် အရာထမ်းရာထူးအဆင့်များမှာ ဦးစီးအရာရှိမှစပြီး ညွှန်ကြားရေးမှူးချုပ်အဆင့်ထိ ဖြစ်သည်။ တက္ကသိုလ်များတွင် စာပေဆိုင်ရာ အဆင့်များဖြင့် ရာထူးသတ်မှတ်လေ့ရှိသည်။ ကျန်းမာရေးဌာနများတွင် ဆေးဘက်အခေါ်အဝေါ်များ၊ စက်/နည်းပညာ/ဆောက်လုပ်ရေးဌာနများတွင် အင်ဂျင်နီယာ အစရှိသော အခေါ်အဝေါ်များဖြင့် ရာထူးသတ်မှတ်ကြသည်။ ပြန်ကြားရေး၊ ပုံနှိပ်ရေး၊ ဇာနယ်ဇင်းနှင့် သတင်းဌာနများတွင်လည်း သက်ဆိုင်ရာ ရာထူးအခေါ်အဝေါ်များရှိသည်။

ယျေဘုယျအားဖြင့် ဦးစီးအရာရှိ/ဒုတိယမန်နေဂျာအဆင့်မှာ မြို့နယ်ဌာနတာဝန်ခံ၊ ဘဏ်ခွဲတာဝန်ခံ၊ ဌာနစိတ်မှူး ဖြစ်သည်။ လက်ထောက်ညွှန်ကြား‌‌ရေးမှူး/မန်နေဂျာအဆင့်သည် ခရိုင်ဌာနတာဝန်ခံဖြစ်သည်။ ဒုတိယညွှန်ကြားရေးမှူး/လက်ထောက်အထွေထွေမန်‌နေဂျာအဆင့်မှာ တိုင်း/ပြည်နယ်ဒုတိယဌာနတာဝန်ခံ ဖြစ်ပြီး ညွှန်ကြားရေးမှူး/ဒုတိယအထွေထွေမန်နေဂျာမှာ တိုင်း/ပြည်နယ်ဌာနတာဝန်ခံ ဖြစ်သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်/အထွေထွေမန်နေဂျာအဆင့်သည် ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးအဖြစ် ‌သော်လည်းကောင်း၊ ရုံးချုပ်တာဝန်ခံများအဖြစ် သော်လည်းကောင်း ဖြစ်ကြသည်။

စစ်ဘက်ရာထူးခန့်အပ်မှုများတွင် ပြန်တမ်းဝင်အရာရှိအဆင့်မှာ ဒုတိယဗိုလ်(ကြည်းတပ်/လေတပ် - Sub Lieutenant, ရေတပ် - Ensign)အဆင့်မှစသော်လည်း ဌာနဆိုင်ရာ အမှုထမ်းရာထူးများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်၊ ဦးစီးဌာနအချို့(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး/ပြည်သူ့အင်အား/အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ သစ်တောဦးစီးဌာန) ဒုတိယဦးစီးမှူးအဆင့်များနှင့် ဝတ်စားဆင်ယင်မှု(ကော်လာတံဆိပ်၊ ပခုံးအပွင့်)သည် ဆင်တူကြသည်။

ဝန်ထမ်းအဖွဲ့အစည်းများတွင် အရာထမ်းများသာ အမှုထမ်းများအား အရေးယူနိုင်သည့်အာဏာရရှိသည်။ ပြစ်မှုကျူးလွန်သည့် အရာထမ်းများကိုမူ ယင်းတို့ထက်မြင့်သည့် အရာထမ်းများက အရေးယူနိုင်သည်။ သို့ရာတွင် ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်းကိုမူ ဌာနအကြီးအမှူး (သို့မဟုတ်) ၎င်း၏အခွင့်အာဏာရ အရာထမ်းကသာ ဆောင်ရွက်နိုင်သည်။


အရာထမ်း ရာထူးအဆင့်များ
အခေါ်အဝေါ်
အမြဲတမ်းအတွင်းဝန်

Permanent Secretary

သံအမတ်ကြီး

Ambassador

ညွှန်ကြားရေးမှူးချုပ်

Director General

ပါမောက္ခချုပ်

Rector

ကျောင်းအုပ်ကြီး

Principal

ဦးဆောင်ညွှန်ကြားရေးမှူး

Managing Director

ဒုတိယရဲဗိုလ်ချုပ်ကြီး

Police Lieutenant General

ဒုတိယအမြဲတမ်းအတွင်းဝန်

Deputy Permanent Secretary

ကောင်စစ်ဝန်ချုပ်

Consul General

ဌာနမှူး

Head of Department

ဒုတိယညွှန်ကြားရေးမှူးချုပ်

Deputy Director General

ဆေးရုံအုပ်ကြီး

Medical Superintendent

ဒုတိယပါမောက္ခချုပ်

Pro Rector

ဒုတိယကျောင်းအုပ်ကြီး

Vice Principal

အထွေထွေမန်နေဂျာ

General Manager

အင်ဂျင်နီယာချုပ်

Chief Engineer

ရဲဗိုလ်ချုပ်

Police Major General

ရဲမှူးချုပ်

Commissioner

လက်ထောက်အတွင်းဝန်

Assistant Secretary

သံမှူးကြီး

Minister Counsellor

ဒုတိယဌာနမှူး

Deputy Head of Department

ညွှန်ကြားရေးမှူး

Director

စာတည်းမှူးချုပ်

Editor-in-Chief

ဒုတိယဆေးရုံအုပ်ကြီး

Deputy Medical Superintendent

ပါမောက္ခ

Professor

ဒုတိယအထွေထွေမန်နေဂျာ

Deputy General Manager

ဒုတိယအင်ဂျင်နီယာချုပ်

Deputy Chief Engineer

ရဲမှူးကြီး

Senior Superintendent

သံမှူး

Counsellor

လက်ထောက်ဌာနမှူး

Assistant Head of Department

ဒုတိယညွှန်ကြားရေးမှူး

Deputy Director

ခရိုင်ပညာရေးမှူး

District Educational Officer

ဒုတိယစာတည်းမှူးချုပ်

Vice Editor-in-Chief

အထူးကုဆရာဝန်ကြီး

Senior Consultant

တွဲဖက်ပါမောက္ခ

Associate Professor

လက်ထောက်အထွေထွေမန်နေဂျာ

Assistant General Manager

အင်ဂျင်နီယာမှူးကြီး

Senior Executive Engineer

ဒုတိယရဲမှူးကြီး

Deputy Senior Superintendent

ပထမအတွင်းဝန်

First Secretary

ဌာနခွဲမှူး

Head of Division

လက်ထောက်ညွှန်ကြားရေးမှူး

Assistant Director

မြို့နယ်ပညာရေးမှူး

Township Educational Officer

စာတည်းမှူး

Executive Editor

အထူးကုဆရာဝန်

Cosultant

ကထိက

Lecturer

မန်နေဂျာ

Manager

ဒုတိယအင်ဂျင်နီယာမှူးကြီး

Deputy Senior Executive Engineer

ရဲမှူး

Superintendent

ဒုတိယအတွင်းဝန်

Second Secretary

ဌာနစုမှူး

Head of Section

ဦးစီးအရာရှိ

Staff Officer

စာရင်းစစ်မှူး

Executive Auditor

ဒုတိယမြို့နယ်ပညာရေးမှူး

Deputy Township Educational Officer

လက်ထောက်စာတည်း

Assistant Editor

လက်ထောက်ဆရာဝန်

Assistant Physician

သူနာပြုအုပ်

Head Nurse

လက်ထောက်ကထိက

Assistant Lecturer

ဒုတိယမန်နေဂျာ

Deputy Manager

အင်ဂျင်နီယာမှူး

Executive Engineer

ဒုတိယရဲမှူး

Deputy Superintendent

တတိယအတွင်းဝန်

Third Secretary

လက်ထောက်မန်နေဂျာ

Assistant Manager

လက်ထောက်အင်ဂျင်နီယာ

Assistant Engineer

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "The Union Civil Service Board Rules"။ Article 2, rules of  (PDF) (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Union Civil Service Board။ p. 1။ "(a) Officer means the service personnel at the ranks of the gazetted officer and above; (b) Staff means the service personnel at the ranks below the gazetted officer"