မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များ
မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်းအားလုံးကို "နိုင်ငံ့ဝန်ထမ်း" ဟု ခေါ်ဆိုပြီး အစိုးရဌာနများနှင့် အဖွဲ့အစည်းများကို "ဝန်ထမ်းအဖွဲ့အစည်း" ဟု ခေါ်ဆိုသည်။ ၎င်းတို့၏ အဆင့်များနှင့် ခန့်အပ်မှုများကို အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးဖြင့် အုပ်စုဖွဲ့ထားသည်။
ဝန်ထမ်းအမျိုးအစားများ
[ပြင်ဆင်ရန်]အရာထမ်း (သို့မဟုတ်) ပြန်တမ်းဝင်အရာရှိ
[ပြင်ဆင်ရန်]ရာထူးတိုးခြင်းနှင့် ခန့်အပ်ခြင်းတို့ကို မြန်မာနိုင်ငံပြန်တမ်းတွင် မှတ်တမ်းတင်ထားသည်။
အမှုထမ်း
[ပြင်ဆင်ရန်]ပြန်တမ်းဝင်အရာရှိများအောက် ရာထူးအဆင့်များ ဖြစ်သည်။
ရာထူးအဆင့်များနှင့် အခေါ်အဝေါ်များ
[ပြင်ဆင်ရန်]အစိုးရဌာနများတွင် ရာထူးအဆင့် ၁၃ ဆင့်ရှိပြီး ဌာနဆိုင်ရာ ရာထူးအဆင့်အခေါ်အဝေါ်များသည် ဌာနတစ်ခုနှင့်တစ်ခု မတူညီကြပေ။
ဝန်ဆောင်မှုပေးသည့် အစိုးရဌာနများ (ဥပမာ- လုပ်ငန်းများ၊ အင်တာပရိုက်များ၊ ကော်ပိုရေးရှင်းများ)
[ပြင်ဆင်ရန်]အရာထမ်းရာထူးအဆင့်များမှာ လက်ထောက်မန်နေဂျာ မှစပြီး ဦးဆောင်ညွှန်ကြားရေးမှူး အဆင့်အထိ ဖြစ်သည်။
မူဝါဒနှင့် ပေါ်လစီများ ထုတ်ပြန်ကြီးကြပ်ကွပ်ကဲသည့် အစိုးရဌာနများ (ဥပမာ- ဦးစီးဌာနနှင့် ညွှန်ကြားမှုဦးစီးဌာနများ)
[ပြင်ဆင်ရန်]အရာထမ်းရာထူးအဆင့်များမှာ ဦးစီးအရာရှိ မှစပြီး ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ဖြစ်သည်။
တက္ကသိုလ်များ
[ပြင်ဆင်ရန်]စာပေဆိုင်ရာ အဆင့်များဖြင့် ရာထူးသတ်မှတ်လေ့ရှိသည်။
ကျန်းမာရေးဌာနများ
[ပြင်ဆင်ရန်]ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်များဖြင့် ရာထူးသတ်မှတ်ကြသည်။
စက်/နည်းပညာ/ဆောက်လုပ်ရေးဌာနများ
[ပြင်ဆင်ရန်]အင်ဂျင်နီယာ အစရှိသော အခေါ်အဝေါ်များဖြင့် ရာထူးသတ်မှတ်ကြသည်။
ပြန်ကြားရေး၊ ပုံနှိပ်ရေး၊ ဇာနယ်ဇင်းနှင့် သတင်းဌာနများ
[ပြင်ဆင်ရန်]သက်ဆိုင်ရာ ရာထူးအခေါ်အဝေါ်များ ရှိသည်။
ရာထူးအဆင့် သတ်မှတ်မှုများ (ယေဘုယျ)
[ပြင်ဆင်ရန်]- ဦးစီးအရာရှိ/ဒုတိယမန်နေဂျာအဆင့် သည် မြို့နယ်ဌာနတာဝန်ခံ၊ ဘဏ်ခွဲတာဝန်ခံ၊ ဌာနစိတ်မှူး ဖြစ်သည်။
- လက်ထောက်ညွှန်ကြားရေးမှူး/မန်နေဂျာအဆင့် သည် ခရိုင်ဌာနတာဝန်ခံ ဖြစ်သည်။
- ဒုတိယညွှန်ကြားရေးမှူး/လက်ထောက်အထွေထွေမန်နေဂျာအဆင့် သည် တိုင်း/ပြည်နယ်ဒုတိယဌာနတာဝန်ခံ ဖြစ်သည်။
- ညွှန်ကြားရေးမှူး/ဒုတိယအထွေထွေမန်နေဂျာ သည် တိုင်း/ပြည်နယ်ဌာနတာဝန်ခံ ဖြစ်သည်။
- ဒုတိယညွှန်ကြားရေးမှူးချုပ်/အထွေထွေမန်နေဂျာအဆင့် သည် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး သို့မဟုတ် ရုံးချုပ်တာဝန်ခံများ ဖြစ်ကြသည်။
စစ်ဘက်နှင့် ဌာနဆိုင်ရာ အမှုထမ်းရာထူးများ
[ပြင်ဆင်ရန်]စစ်ဘက်ရာထူးခန့်အပ်မှုများတွင် ပြန်တမ်းဝင်အရာရှိအဆင့်သည် ဒုတိယဗိုလ် (ကြည်းတပ် - Second Lieutenant၊ လေတပ် - Pilot Officer၊ ရေတပ် - Midshipman) အဆင့်မှ စတင်သည်။ ဌာနဆိုင်ရာ အမှုထမ်းရာထူးများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး/ပြည်သူ့အင်အား/အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ သစ်တောဦးစီးဌာန စသည့် ဦးစီးဌာနအချို့မှ ဒုတိယဦးစီးမှူး အဆင့်များနှင့် ၎င်းတို့၏ ဝတ်စားဆင်ယင်မှု (ကော်လာတံဆိပ်၊ ပခုံးအပွင့်) သည် ဆင်တူကြသည်။
အရေးယူပိုင်ခွင့်
[ပြင်ဆင်ရန်]ဝန်ထမ်းအဖွဲ့အစည်းများတွင် အရာထမ်းများသာ အမှုထမ်းများအား အရေးယူနိုင်သည့် အာဏာ ကို ရရှိသည်။ ပြစ်မှုကျူးလွန်သည့် အရာထမ်းများကိုမူ ၎င်းတို့ထက်မြင့်သည့် အရာထမ်းများက အရေးယူနိုင်သည်။ သို့ရာတွင် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းကိုမူ ဌာနအကြီးအမှူး (သို့မဟုတ်) ၎င်း၏အခွင့်အာဏာရ အရာထမ်းကသာ ဆောင်ရွက်နိုင်သည်။
| အခေါ်အဝေါ် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| အမြဲတမ်းအတွင်းဝန်
Permanent Secretary |
သံအမတ်ကြီး
Ambassador |
ညွှန်ကြားရေးမှူးချုပ်
Director General |
ပါမောက္ခချုပ်
Rector |
ကျောင်းအုပ်ကြီး
Principal |
ဦးဆောင်ညွှန်ကြားရေးမှူး
Managing Director |
ဒုတိယရဲဗိုလ်ချုပ်ကြီး
Police Lieutenant General | ||||||||
| ဒုတိယအမြဲတမ်းအတွင်းဝန်
Deputy Permanent Secretary |
ကောင်စစ်ဝန်ချုပ်
Consul General |
ဌာနမှူး
Head of Department |
ဒုတိယညွှန်ကြားရေးမှူးချုပ်
Deputy Director General |
ဆေးရုံအုပ်ကြီး
Medical Superintendent |
ပထမအဆင့် သုတေသနမှူးချုပ်
First Class Chief Researcher |
ဒုတိယပါမောက္ခချုပ်
Pro Rector |
ဒုတိယကျောင်းအုပ်ကြီး
Vice Principal |
အထွေထွေမန်နေဂျာ
General Manager |
အင်ဂျင်နီယာချုပ်
Chief Engineer |
ရဲဗိုလ်ချုပ်
Police Major General | ||||
| ရဲမှူးချုပ်
Commissioner | ||||||||||||||
| လက်ထောက်အတွင်းဝန်
Assistant Secretary |
သံမှူးကြီး
Minister Counsellor |
ဒုတိယဌာနမှူး
Deputy Head of Department |
ညွှန်ကြားရေးမှူး
Director |
စာတည်းမှူးချုပ်
Editor-in-Chief |
ဒုတိယဆေးရုံအုပ်ကြီး
Deputy Medical Superintendent |
ဒုတိယအဆင့် သုတေသနမှူးချုပ်
Second Class Chief Researcher |
ပါမောက္ခ
Professor |
ဒုတိယအထွေထွေမန်နေဂျာ
Deputy General Manager |
ဒုတိယအင်ဂျင်နီယာချုပ်
Deputy Chief Engineer |
ရဲမှူးကြီး
Senior Superintendent | ||||
| သံမှူး
Counsellor |
လက်ထောက်ဌာနမှူး
Assistant Head of Department |
ဒုတိယညွှန်ကြားရေးမှူး
Deputy Director |
ခရိုင်ပညာရေးမှူး
District Educational Officer |
ဒုတိယစာတည်းမှူးချုပ်
Vice Editor-in-Chief |
အထူးကုဆရာဝန်ကြီး
Senior Consultant |
အကြီးတန်း
သုတေသနမှူး Senior Researcher |
တွဲဖက်ပါမောက္ခ
Associate Professor |
လက်ထောက်အထွေထွေမန်နေဂျာ
Assistant General Manager |
အင်ဂျင်နီယာမှူးကြီး
Senior Executive Engineer |
ဒုတိယရဲမှူးကြီး
Deputy Senior Superintendent | ||||
| ပထမအတွင်းဝန်
First Secretary |
ဌာနခွဲမှူး
Head of Division |
လက်ထောက်ညွှန်ကြားရေးမှူး
Assistant Director |
မြို့နယ်ပညာရေးမှူး
Township Educational Officer |
စာတည်းမှူး
Executive Editor |
အထူးကုဆရာဝန်
Consultant |
ကထိက
Lecturer |
မန်နေဂျာ
Manager |
ဒုတိယအင်ဂျင်နီယာမှူးကြီး
Deputy Senior Executive Engineer |
ရဲမှူး
Superintendent | |||||
| ဒုတိယအတွင်းဝန်
Second Secretary |
ဌာနစုမှူး (၁)
Head of Section (1) |
ဦးစီးအရာရှိ
Staff Officer |
စာရင်းစစ်မှူး
Executive Auditor |
ဒုတိယမြို့နယ်ပညာရေးမှူး
Deputy Township Educational Officer |
ဒုတိယစာတည်းမှူး
Deputy Editor |
လက်ထောက်အထူးပြုခွဲစိတ်ဆရာဝန်
Specialist Assistant Surgeon |
သူနာပြုအုပ်
Head Nurse |
သုတေသနမှူး
Researcher |
လက်ထောက်ကထိက
Assistant Lecturer |
ဒုတိယမန်နေဂျာ
Deputy Manager |
အင်ဂျင်နီယာမှူး
Executive Engineer |
ဒုတိယရဲမှူး
Deputy Superintendent | ||
| တတိယအတွင်းဝန်
Third Secretary |
ဌာနစုမှူး (၂)
Head of Section (2) |
ဒုတိယဦးစီးအရာရှိ
Deputy Staff Officer |
ဒုတိယစာရင်းစစ်မှူး
Deputy Executive Auditor |
လက်ထောက်မြို့နယ်ပညာရေးမှူး
Assistant Township Educational Officer |
လက်ထောက်စာတည်း
Assistant Editor |
လက်ထောက်ဆရာဝန်
Assistant Physician |
လက်ထောက်သုတေသနမှူး
Assistant Researcher |
နည်းပြ
Tutor |
လက်ထောက်မန်နေဂျာ
Assistant Manager |
လက်ထောက်အင်ဂျင်နီယာ
Assistant Engineer | ||||