မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး

ဝီကီပီးဒီးယား မှ

ဗမာလုံးဆိုင်ရာ ရဟန်းများပူးပေါင်းအဖွဲ့ (All Burma Monks' Alliance, AMBA) သည် ဗမာရဟန်းပျိုများသမဂ္ဂ၊ ဗမာ့ရဟန်းများသမဂ္ဂအဖွဲ့ချုပ်၊ ရန်ကုန်ရဟန်းပျိုများသမဂ္ဂနှင့် ဗမာ့သံဃာ့ဒူတကောင်စီ (the Sangha Duta Council of Burma) စသည့် အဖွဲ့များကို ကိုယ်စားပြုကာ ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့တစ်ခု ဖြစ်သည်။[၁] ၎င်းအဖွဲ့ကို ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သည့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်တွေနှင့် ပခုက္ကူရှိ ရဟန်းများက ဖွဲ့စည်းခဲ့သည်။[၁] အဖွဲ့ကို တည်ထောင်စဉ်ကာလအတွင်း AMBA သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ အရေးပါသည့် တောင်းဆိုမှုများစွာ ပြုလုပ်ခဲ့သည်။ ထိုတောင်းဆိုမှုများတွင် သံဃာများအားပြန်လည်တောင်းပန်ရန်၊ လောင်စာဆီနှင့် လူသုံးကုန်ဈေးနှုန်းများ လျှော့ချပေးရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် စသည်တို့အပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Lintner၊ Bertil (2009)။ The resistance of the monks: Buddhism and activism in Burma။ Human Rights Watch။ pp. 49–50။ ISBN 9781564325440
  2. Roberts၊ Adam; Timothy Garton Ash (3 September 2009)။ Civil Resistance and Power Politics: The Experience of Non-violent Action from Gandhi to the Present။ Oxford University Press။ pp. 355ISBN 9780191619175