မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industry Association-MRIA) ကို ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၂၀ အတွင်း၌ပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၂၀ ကျော်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်များတွင်ပါ အသင်းများ ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်ဟု MRIA ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောဆိုသည်။ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းအနေဖြင့် မြို့နယ်အဆင့် အသင်းများကို ဖွဲ့စည်းရာတွင် ဆန်စပါးကဏ္ဍနှင့် သက်ဆိုင်သည့် နယ်ပယ်လေးခုမှ သက်ဆိုင်သူများကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့သည်။ ဆန်စပါးကဏ္ဍနဲ့ သက်ဆိုင်တဲ့ နယ်ပယ်လေးခုဆိုတာက အခြေခံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါးကုန်သည်နဲ့ အခု အခြေခံစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို အရင်းအနှီး ပံ့ပိုးမှုပြုလုပ်နေတဲ့ မြို့နယ်အလိုက် ဆန်စပါးအထူးပြုကုမ္ပဏီလုပ်နေတဲ့ သူတွေကိုဆိုလိုတာပါ။ အဲဒီအတွက် မြို့နယ်အဆင့်အသင်းမှာ တောင်သူကစပြီး အထူးပြုကုမ္ပဏီလုပ်ကိုင်သူတွေ အထိပါဝင်ပါတယ်။ မြို့နယ်အဆင့် အသင်းတွေမှာပါဝင်တဲ့သူတွေ ကိုရွေးချယ်တဲ့အခါမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပုံးထောင်ပြီးရွေးပါတယ် ဟု ဦးချစ်ခိုင်က ရှင်းပြခဲ့သည်။

ဆန်စပါး အဓိကစိုက်ပျိုး ထုတ်လုပ်တဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ဖွဲ့စည်းဖို့စီစဉ်ထားတယ်။ အခု စိုက်ပျိုးစရိတ်၊ သွင်းအားစုတွေ ကို ပံ့ပိုးပေးတယ်။ အခု ဒေသတိုင်း မှာ တောင်သူတွေစိုက်ပျိုးနေတဲ့ မျိုးတွေက အနည်းဆုံးငါးမျိုး၊ ခြောက်မျိုး လောက်ရောထွေးနေတဲ့ စပါးမျိုးတွေ ဖြစ်နေတယ်။ နိုင်ငံတကာ ဈေးကွက်ဝင်တဲ့မျိုးနဲ့ ပြည်တွင်းဈေးကွက်ဝင်မျိုးကို အရင်ဆုံးခွဲခြားမယ်။ ပြီးတဲ့အခါ ရှိပြီးသားလက်ရှိဒေသ မျိုးတွေကို ပြန်သန့်စင်မယ်။ ဆန်စက်တွေရဲ့နည်းပညာ၊ အရည်အသွေးတွေကို မြှင့်သွားဖို့ရှိတယ်။ ဆန်စပါး ထွက်ရှိမှု၊ စားသုံးမှုနဲ့ ပြည်ပတင်ပို့မှုအပိုင်းတွေ တည်ငြိမ်ဖို့အတွက် အခုကတည်းက အစီအစဉ်တွေ ဆွဲနေပါတယ်ဟု ဦးချစ်ခိုင်က ရှင်းပြခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

Weekly Eleven News Journal