မြတ်လေးနီ

ဝီကီပီးဒီးယား မှ
မြတ်လေးနီ (Ipomoea quamoclit)
အပွင့်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Solanales
မျိုးရင်း: Convolvulaceae
မျိုးဇာတ်: Ipomoeeae
မျိုးစု: Ipomoea
မျိုးစိတ်:
I. quamoclit
ဒွိနာမ
Ipomoea quamoclit

မြတ်လေးနီပန်း(အင်္ဂလိပ်ဘာသာ:Ipomoea quamoclit) သည်နွယ်ရုံပင်မျိုးနွယ်ဝင် အပင်တစ်ပင်ဖြစ်ပြီး အိုင်ပိုမိုရီယ မျိုးနွယ်ဝင်ဖြစ်ပြီး ကမ္ဘာသစ်၏ အပူပိုင်းရာသီဥတုရှိသည့်ဒေသများတွင် မူရင်းပေါက်ရောက်ပြီး ကမ္ဘာ့အပူပိုင်းဒေသ မည်သည့်ဒေသတွင်မဆို ယူဆောင်စိုက်ပျိုးပါက ပေါက်ရောက်တတ်သည်။

အသွင်အပြင်[ပြင်ဆင်ရန်]

အပင်တစ်ခုလုံးတွင် အထူးခြားဆုံးမှာအရွက်ဖြစ်သည်။ ရွက်ပြားဟိုက်ပြီး အရိုးထိဟိုက်သည့်အတွက် ရွက်ပေါင်းရွက်ကဲ့သို့ထင်ရသည်။ အရွက်များမှာ ၁-၄ လက်မ(၂၅-၁၀၂မီလီမီတာ) ရှည်ပြီး တဖက်စီတွင် အရွက်မျှင် ၉-၁၉ ရွက်စီ ရှိတတ်သည်။ အမွှာနွယ်မျိုးကြီးထွားကြီး ၃-၁၀ပေအထိ မြင့်သည်။ အပွင့်များမှာ ၁-၂လက်မခန့်(၂၅-၅၁မီလီမီတာ) ရှည်ပြီး အချင်း၁လက်မခန့်ရှိသည်၊ နှဲအော်လန်ပုံသဏ္ဍန်ရှိပြီး အစွန်း၅ခုရှိကာ အနီရောင် ပန်းရောင် သို့မဟုတ် အဖြူရောင်အမျိုးမျိုးရှိတတ်သည်။

ပေါက်ရောက်ရာဒေသနှင့် ပျံ့နှံ့ပုံ[ပြင်ဆင်ရန်]

တောင်အမေရိက မြောက်ဘက်ပိုင်း မက္ကဆီကို မြောက်ပိုင်းမှ မူရင်းပေါက်ရောက်သည်။ အိန္ဒိယတောင်ပိုင်းတွင် မရာယ် မနစ်ခမ်ဟူ၍ခေါ်ကြသည်။

စိုက်ပျိုးခြင်းနှင့်အသုံးပြုပုံ[ပြင်ဆင်ရန်]

ကမ္ဘာ့အပူပိုင်းဒေများတွင် အလှပန်းပင်အဖြစ်စိုက်ပျိုးကြပြီး တစ်နှစ်တွင် တရာသီသာ ကြီးထွားနိုင်ပြီး ဆောင်းရာသီအပူချိန်တွင် မပင်မပေါက်နိုင်သော အချို့အပူပိုင်းဒေသအပြင်ပိုင်းတွင်လည်း စိုက်ပျိုးနိုင်သည်။ အချို့အပူပိုင်းဒေသများတွင် ယူဆောင်စိုက်ပျိုးတတ်ကြသည်။ နွေရာသီတွင် အပွင့် ပွင့်ပြီး ကြွေ၏။ အစေ့များအား မိုးရာသီတွင်စိုက်ပျိုးနိုင်သည်။ ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသများတွင် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ဆက်တိုက်ပွင့်တတ်ကြပြီး ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများတွင် ဖေဖော်ဝါရီလမှ ဇွန်လတိုင်အောင်ပွင့်ကြသည်။ အစေ့ချစိုက်ပျိုးရာတွင် အမြဲတမ်းစိုထိုင်းနေစေရမည်ဖြစ်သည်။ ကြီးထွားမှုကောင်းမွန်ရန်အတွက် နေရောင်ခြည် အပြည့်ရရှိရန်လိုအပ်သည်။ ဤနွယ်ပင်သည် ငှက်ပိတုန်းများအား ဆွယ်ဆောင်ရန်အကောင်းဆုံးအပင်ဖြစ်ပြီး အာမာန်တတ်ကြွသော စိုက်ပျိုးသူများဖြစ်ကြသည်။ ပူနွေးသည့်ရာသီတွင် ဤအပင်များသည် အလွန်ပေါက်ပွားတတ်ကြသည်။ ဂရုစိုက်ရန်အတွက် မည်သည့် မြေဩဇာမျှအသုံးပြုရန်မလိုအပ်ပဲ ဖူးပွင့်နိုင်သည်။ အခြားအပင်များနှင့်အတူရောနှောစိုက်ပျိုးနိုင်ပြီး ထည့်စရာအကြီးအသေးမရွေးထည့်သွင်းစိုက်ပျိုးနိုင်ပြီး ကောင်းမွန်စွာရှင်သန်နိုင်သည်။[၁]

မြတ်လေးနီပန်းကို တိုင်းရင်းဆေးများတွင် အသုံးပြုကြသည်။ အရွက်သည် အေးသောကြောင့် အရွက်ကိုကြိတ်ပြီး သွေးမြင်းသရိုက်နာကိုလိမ်းရ၏၊ ကိုဘ်အရော်အဆင်းကို ကြည်လင်တောက်ပစေ၏။ ဟူ၍ဆိုထား၏။ ယင်းအပင်၏အမြစ်အား ဆေးအဖြစ်အသုံးပြုနိုင်သေး၏။[၂]

ကိုးကား[ပြင်ဆင်ရန်]