မြထွန်းအောင်

ဝီကီပီးဒီးယား မှ
(မြတ်ထွန်းအောင်၊ ဦး မှ ပြန်ညွှန်းထားသည်)
ဦးမြတ်ထွန်းအောင်(၁၈၅၆-၁၉၁၉)

ဦးမြတ်ထွန်းအောင် (၁၈၅၆-၁၉၁၉)သည် ရခိုင်ပြည်ကျောက်ဖြူမြို့ ဇာတိဖြစ်သည်။ အရေးပိုင် မြတ်ထွန်းအောင် ဟု လည်းကောင်း၊ ဒီဝီဇံ မြတ်ထွန်းအောင် ဟု လည်းကောင်း နာမည်ကြီးသည်။ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်း ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့ပြီး၊ မန္တလေးမြို့ကို သိမ်းယူရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် နယ်ပိုင် ဝန်ထောက်ဖြစ်လာပြီး၊ မြန်မာတိုင်းရင်းသား များထဲတွင် ပထမဆုံးသော အရေးပိုင် ရာထူးကို ရရှိခဲ့သည်။ ဦးမြတ်ထွန်းအောင် မတိုင်မီက အရေးပိုင်ရာထူးကို မျက်နှာဖြူများသာ ရရှိခဲ့သည်။ ဦးမြတ်ထွန်းအောင်အား ဗြိတိသျှ အစိုးရက အိန္ဒိယ အင်ပိုင်ယာ၏ ဆွေသဟာ (CIE)ဘွဲ့ (Companion of the Indian Empire)၊ ကျက်သရေဆောင် ရွှေစလွယ်ရမင်း (KSM)ဘွဲ့နှင့် သူရဲကောင်း ဓားတော်ရမင်း (TDM) ဘွဲ့များကို ချီးမြှင့်ခဲ့သည်။ ကျောက်ဖြူမြစ်အတွင်း ရေနစ် ကွယ်လွန်သည်။ ယခု ကျောက်ဖြူမြို့ရှိ၊ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦး နေရာသည် ဦးမြတ်ထွန်းအောင်၏ အိမ်နေရာ ဖြစ်သည်။

  • (မှတ်ချက်။ ၊ကျောက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းတွင်ကား ဦးမြထွန်းအောင် ဟု ပါရှိသည်။)

ကိုးကား[ပြင်ဆင်ရန်]