မြတ်စွာဘုရားသော်မှ နို့တစ်လုံးဖိုးသာကျေ
ပုံပန်းသွင်ပြင်
မြတ်စွာဘုရားသော်မှ နို့တစ်လုံးဖိုးသာကျေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“မြတ်စွာဘုရားသော်မှ နို့တစ်လုံးဖိုးသာကျေ” ဆိုသည်မှာ မြတ်စွာဘုရားကဲ့သို့ ဂုဏ်ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်ပင်လျှင် မိခင်၏ “နို့တစ်လုံးဖိုး” (နို့တစ်ကြိမ်စာ) ကျေးဇူးကိုသာ အပြည့်အဝ ဆပ်နိုင်သည်ဟု ဆိုရလောက်အောင် မိခင်၏ ဂုဏ်ကျေးဇူးသည် အလွန်ကြီးမားသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် မိခင်၏ မေတ္တာနှင့် ကျေးဇူးကို အလေးအနက်ထား ဖော်ပြသည်။ ဗုဒ္ဓဘာသာအယူအဆအရ မိဘကျေးဇူးသည် အလွန်လေးနက်ပြီး မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ကြောင်းကို ဖော်ပြသည်။
မှတ်ချက်
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် မိဘကျေးဇူးကို အကုန်ကျေအောင် ဆပ်နိုင်ခဲ့သည်။ "နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ခဲ့သည်" ဆိုသည်မှာ အရပ်စကား၊ ဇာတ်စကားသာ ဖြစ်သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "မြင်းမိုရ်တောင်ဦး၊ မကကျူးသည့်၊ ကျေးဇူးတော်အရှင်၊ မွေးမိခင်လို့ ခဏခဏကြားဖူးနေရတော့ ဘုရားသော်မှ မိခင်ကျေးဇူးကို ဆပ်တာ နို့တစ်လုံးဖိုး ပဲ ကျေတယ်ဆိုတာကို လက်ခံချင်ပါတယ်။" [၂]