မြတ်ခိုင်

ဝီကီပီးဒီးယား မှ

မြန်မာစာနယ်ဇင်းလောကတွင် ပေါ့ပ်လိုင်းဟု ခေါ်ဆိုသော Yellow Journalism တွင် ကျော်ကြားသူဖြစ်သည်။ မထိတထိနှင့် အဖွသတင်းများ တင်ရာတွင် နာမည်ကြီးသည်။ “သေရင်ပြီးပြီ”ဟူသော ရုံးခန်းတွင်ချိတ်ထားသည်။ ယခင်က မဟာဂျာနယ်၊ ကောင်းသတင်းဂျာနယ်၊ ဂီတသတင်းစဉ်ဂျာနယ်၊ ကြီးပွားမဂ္ဂဇင်းကို ထုတ်ဝေဖူးသည်။ ထောက်လှမ်းရေးအမျက်တော်ရှ၍ လျှပ်တစ်ပြက်ဂျာနယ် (၉) နှစ်အတိ အပိတ်ခံရဖူးသည်။ ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် သူ၏ စာနယ်ဇင်းဆိုင်ရာ လှုပ်ရှားမှုများမှာ နိုင်ငံရေးမှတ်ကျောက်အားဖြင့် အငြင်းပွားဖွယ်ရာများ၊ ပြစ်တင်ဝေဖန်စရာများ ဖြစ်ခဲ့သည်။ လျှပ်တစ်ပြက်သတင်းဂျာနယ်နှင့် မော်နီတာသတင်းဂျာနယ်တို့ကို ထုတ်ဝေသည်။ သူ၏သား ဇေယျာမြတ်ခိုင်သည်လည်း ဂျာနယ်လစ်တစ်ဦးဖြစ်သည်။