မြတ်ကျော်သူ

ဝီကီပီးဒီးယား မှ

မြတ်ကျော်သူ သည် မြန်မာအကြီးတန်းဂျာနယ်လစ်တစ်ဦး ဖြစ်သည်။ သူသည် ၂၀၁၇ ခုနှစ်တွင် Agence France-Presse Kate Webb Prize ကို မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခကိစ္စများနှင့် ပတ်သက်၍ လုပ်ဆောင်မှုများအတွက် ရရှိခဲ့သည်။ [၁][၂][၃]သူ၏ အသက်မွေးမှုကို Unity Weekly Journal တွင် ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ကာ နိုင်ငံရေးသတင်းများအပေါ် အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ သူသည် အကြီးတန်းသတင်းထောက်နေဖြင့် ဖရွန်တီးယားမြန်မာ၊ မဇ္ဈိမနှင့် မြန်မာတိုင်း (The Myanmar Times) စသည်တို့တွင် လုပ်ကိုင်ခဲ့သည်။[၄][၅][၆]

နိုင်ငံရေးလှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် သူ့အား ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ အခြားသော လူသိများထင်ရှားသူများနှင့်အတူ သူ့အားလည်း အကြမ်းမဖက်အာဏာဖိဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် လှုံ့ဆော်မှု၊ နိုင်ငံတော်အုပ်ချုပ်ရေးအား ဖျက်ဆီးမှု၊ CRPH အား ထောက်ခံအားပေးမှု၊ အခြေားသော နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်မှု စသည်တို့ဖြင့် ဖမ်းဆီးရန်အမိန့်ထုတ်ခြင်း ခံခဲ့ရသည်။[၇][၈][၉]

သို့သော် သူသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တစ်ဆင့် ဂျာမနီသို့ လေယာဉ်ဖြင့် ထွက်ခွာထွက်ပြေးနိုင်ခဲ့သည်။ ဂျာမဏီနိုင်ငံက သူ့အား နိုင်ငံရေးခိုလှုံခွင့်ပေးရန် ငြင်းဆန်ခဲ့သဖြင့် စပိန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. "Myanmar reporter wins award for 'dangerous' work on ethnic conflict"၊ Coconuts၊ 19 December 2017။ 
  2. "Right time to speak, but she failed to provide solutions: Myanmar journo on Suu Kyi's Rohingya address" (in en)၊ ANI News၊ 19 September 2017။ 
  3. "Myanmar journalist receives AFP’s Kate Webb Prize"၊ Mizzima၊ 6 February 2018။ 5 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 20 March 2021။ 
  4. "Frontier journalist Mratt Kyaw Thu receives AFP's Kate Webb Prize"၊ Frontier Myanmar၊ 6 February 2018။ 
  5. "The Myanmar journalists risking their lives to report on the Rohingya’s plight" (in en)၊ The National၊ 3 August 2018။ 
  6. "Singapore brands face Myanmar boycott for ‘supporting the dictatorship’"၊ Coconuts၊ 17 February 2021။ 
  7. "ရုပ်ရှင်သရုပ်ဆောင် ခါရာ၊ အဆိုတော် သားငယ်နှင့် ဂျာနယ်လစ်များအပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်" (in my)၊ DVB၊ 5 April 2021။ 
  8. "အမှန်တရားဘက်မှာ ရပ်တည်ခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ကြောင်း မြတ်နိုးအေး ပြော" (in my)၊ The Irrawaddy၊ 6 April 2021။ 
  9. "53 journalists detained, prosecuted since military coup" (in en)၊ Burma News International၊ 8 April 2021။ 
  10. https://rsf.org/en/news/rsf-asks-germany-let-myanmar-journalist-mratt-kyaw-thu-apply-asylum