မြစ်ရေဖွေးဖွေး ကိုင်းဖွေးဖွေး
ပုံပန်းသွင်ပြင်
မြစ်ရေဖွေးဖွေး ကိုင်းဖွေးဖွေး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“မြစ်ရေဖွေးဖွေး ကိုင်းဖွေးဖွေး” ဆိုသည်မှာ မိုးရာသီတွင် “မြစ်ရေ” များ ပြည့်လျှံလာသောအခါ “ကိုင်း” (မြစ်ကမ်းဘေးတွင် ပေါက်သော အပင်တစ်မျိုး) ပင်များတွင် အဖြူရောင်အပွင့်များ ဖုံးလွှမ်း၍ လှပနေသည်ကို ဖော်ပြသော ဆိုရိုးစကားဖြစ်သည်။ ဤဆိုရိုးစကားသည် မိုးရာသီ၏ သဘာဝအလှကို ပုံဖော်ထားသည်။ အထူးသဖြင့် ဝါဆိုလနှင့် ဝါခေါင်လများတွင် မိုးရေများသောကြောင့် မြစ်ရေများ တိုးလာပြီး ကိုင်းပင်များလည်း ပွင့်လန်းကြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "မြစ်ရေဖွေးဖွေး ကိုင်းဖွေးဖွေး ဟု အဆိုရှိကြောင်း ပြောပြကြသည်။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် အချိန်ရောက်လျှင် ကိုင်းတို့ပွင့်၍ ဖွေးဖွေးဖြူ နေကြလိမ့်မည်။" [၂]