မြင့်မြတ်သော ရောမအင်ပါယာ အော့တိုး ၂

ဝီကီပီးဒီးယား မှ

ဒုတိယအော့တိုးဘုရင်သည် ပထမအော့တိုးဘုရင်၏ သားတော် ဖြစ်၍ ၉၇၃ ခုနှစ်မှ ၉၈၃ ခုနှစ်အထိမင်းပြုသည်။ နန်းစံ ၁ဝ နှစ်အတွင်း စစ်မက်ရေးရာဖြင့်သာ အချိန်ကုန်ခဲ့သည်။ အီတလီ တောင်ပိုင်းသို့ နိုင်ငံကိုချဲ့ထွင်ရန် အားထုတ်ခဲ့သော်လည်း ဂရိဧကရာဇ်က ဆာရဆင်တို့၏အကူအညီဖြင့် ဂျာမန်တပ်များကို ခုခံတိုက်ခိုက်လေသည်။ အော့တိုးဘုရင်၏တပ်များ အရေးနိမ့် သဖြင့် အီတလီတောင်ပိုင်းကို မသိမ်းသွင်းနိုင်ချေ။ လိုရိန်းနယ် ကိုလည်း ပြင်သစ်တို့လက်သို့ ပေးအပ်ခဲ့ရသည်။

ဒုတိယအော့တိုးဘုရင်သည် ၉၈၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရောမမြို့၌ကွယ်လွန်၍ သူ၏ရုပ်အလောင်းကို စိန်ပီတာဘုရားရှိခိုးကျောင်း၌ မြှုပ်နှံခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)