မြကျိုင်းတောင်

ဝီကီပီးဒီးယား မှ

မြကျိုင်းတောင်သည် ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာအနီး တောင်ဘက်တွင် တည်ရှိသည်။ တောင်ပေါ်တွင် စေတီပုထိုးများ၊ ရေကန်၊ ဘုန်းကြီးကျောင်းများရှိသည်။ နှစ်စဉ်နှစ်တိုင်းဘုရားပွဲကို တန်ဆောင်မုန်းလတွင်ကျင်းပသည်။ ဇာတ်ပွဲများ၊ ဈေးဆိုင်တန်းများ၊ တောင်ပေါ်သို့တက်ရောက်လာကြသူများနှင့်အလွန်စည်ကားလှသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင်မနက်စောစော တောင်ပေါ်တက်ရောက်ကြသည့် အလေ့အထရှိသည်။ လိပ်ကန်၊ လွမ်းစေတီ၊ ကရဝိတ်၊ သစ်တစ်ပင်တောင်ထိပ်အထိ တက်ရောက်ကြသည်။