မြကလောင်

ဝီကီပီးဒီးယား မှ

ရန်ကုန်မြို့၊ ကန်တော်ကလေး ဇာတိဖြစ်သည်။ ဘင်ဂျို ဆရာဖြစ်ပြီး မင်းသား မောင်မောင်အေး၊ မင်းသမီး ခင်ခင်ကြည်တို့ ပါဝင်သော ရွှေဘုန်းတော်ရုပ်ရှင် ဇာတ်ကားအတွက် ပဏာမ သီချင်းကို သီချင်းရေးဆရာ ၁၂ လမ်း ဆရာဖောင်မအား၍ ဝင်ရေးစပ်ပေးခဲ့ရာ ထိုသီချင်းဖြင့်ပင် သီချင်းရေးဆရာအဖြစ် ထင်ရှားသွားခဲ့သည်။ ထို ပဏာမ သီချင်းမှာ အဆိုတော်ကြီး ဥဩဘသောင်း သီဆိုသော ဗုဒ္ဓ သာသနာရောင် သီချင်းဖြစ်သည်။ ယင်းသီချင်းကို ကိုလံဘီယာ ကုမ္ပဏီမှ ဥဩဘသောင် ဖြင့်ပင် ဓာတ်ပြားသွင်း ရောင်းချခဲ့ရာ များစွာ ကျော်ကြားသွားသည်။ မြကလောင်သည် ခွေးတံဆိပ်ဓာတ်ပြားနှင့် ဗြိတိသျှဘားမား အဆိုတော်များအတွက် သီချင်းများ အများဆုံးရေးပေးခဲ့ရသည်။ အေဝမ်းဓာတ်ပြားအဖြစ် ပြည်လှဖေ သီဆိုသော ဇွဲသီချင်းမှာလည်း ကျော်ကြားသော သီချင်းဖြစ်ပြီး ယနေ့ခေတ် အဆိုတော်များ သီဆိုနေကြဆဲ သီချင်းဖြစ်သည်။ စစ်ပြီးခေတ်အထိ ဇာတ်သဘင်နှင့် ဓာတ်ပြားသီချင်းများရေးသားခဲ့ပြီး ၁၉၇၁ ခု၊ ဧပြီလ(၄)ရက် အသက်(၆၆)နှစ်အရွယ်တွင် မြောက်ဥက္ကလာပမြို့ နေအိမ်၌ ကွယ်လွန်သွာခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]