မျိုးရိုးဇာတိ

ဝီကီပီးဒီးယား မှ

ပညာသင်ကြားရေး၌ စိတ်ပညာကို နားလည်ထားဖို့ အရေးကြီးသကဲ့သို့ စိတ်ပညာ ကို လေ့လာဆည်းပူးသော အခါ၌လည်းမျိုးရိုးဇာတိသဘောကို ထည့်သွင်း စဉ်းစားရပေမည် ။ ကလေးများသည် မိဖမျိုးရိုး လိုက်သည်ဆိုရာ၌ အမျိုးမျိုး ရှိ၏။ အချို့က မိဖ၏ရုပ်ဆင်းသွင်ပြင်၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း၊ အသားအရေ စသည်တို့၌ မျိုးရိုးကို လိုက်၍ တူကြ၏။ အချို့က မိဖနှင့် ဉာဏ်ရည်ချင်းတူကြ ၍ အချို့က မိဖနှင့် စိတ်နေသဘောထား အပြုအမူ၊ အကျင့်စာရိတ္တတို့တွင် တူကြ ၏။ များသေားအားဖြင့် သားသမီးတို့သည် မိဖနှစ်ပါးစလုံးနှင့် ခပ်ဆင်ဆင်တူ တတ်ပေသည်။

မျိုးရိုးဇာတိနှင့် ပညာသင်ကြားရေး ဆက်သွယ်ပုံ[ပြင်ဆင်ရန်]

မျိုးရိုးဇာတိနှင့် ပညာသင်ကြားရေးသည် မည်ကဲ့သို့ ဆက်သွယ်နေသနည်း ။ ကလေးတစ်ယောက် မွေးဖွားလာသောအခါ သူ့မိဖ၏ မျိုးစေ့သည် သူ့ဝမ်းတွင်း၌ ပါလာပေမည် ။ ကောင်းသောမျိုးစေ့ဖြစ်စေ၊ မကောင်းသော မျိုးစေ့ဖြစ်စေ ကလေးသည် ခံယူရလိမ့်မည် ။ ထိုကြောင့်ပင် မကောင်းသော မျိုးစေ့ပါလာသော ကလေးများကို အကောင်းဆုံးကလေးများ ဖြစ်လာရန် ပညာရေးက ပြုပြင်နိုင် ပါသလော ဟူသော ပြဿတစ်ရပ် ပေါ်ပေါက်လာ၏။ ကလေးများ ပညာသင်ကြားရေး၌ သူတို့၏ ဇာတိစိတ်နှင့် ပတ်ဝန်းကျင်၏ ဖန်တီး မှု နှစ်ခုကို ယှဉ်တွဲ၍ အသုံးပြုသွားရသောကြောင့် ကလေးတို့၏ မျိုးရိုးဇာတိ စိတ်နေသဘောထားကို သိရှိထားဖို့ အထူး လိုအပ်ပေသည်။ မွေးကတည်းကပါ လာသော ပင်ကိုဉာဏ်၊ အကျင့်စာရိတ္တစသည်တို့သည် မျိုးရိုးကြောင့်ဖြစ်၍ ၊ ကြီးမှ ပြောင်းလဲသွားသော စိတ်အပြုအမူ စသည်တို့သည် ပတ်ဝန်းကျင်၏ ဖန်တီးမှုကြောင့် ဖြစ်လေသည်။ ထိုအတွက် ကလေးများ ပညာသင်ကြားရေး၌ သူတို့နှင့် ဆီလျော်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်အရေးတကြီး လိုအပ်ပေ သည်။


ကလေးများ၏ စိတ်သည် ပျော့ပျောင်းသောကြောင့် ပတ်ဝန်းကျင်က ဖြားယောင်း သွေးဆောင်လျှင် ပါနိုင်သည်။ ကလေးများကို ပြင်ပလောကနှင့် ဆက်သွယ်၍ လူမှုရေးရာ၊ ပေါင်းသင်းဆက်ဆံရေးတို့၌ အမြင်ကျယ်လာအောင် ဆရာများသည် အမျိုးမျိုးပညာသင်ရင်း ဖန်တီးပေးနိုင်လေသည်။ သို့သော် ပညာရေးက ဖန်တီးပေး ရုံမျှနှင့် ကလေးများသည် အချွန်ဆုံး အတော်ဆုံးကား မဖြစ်နိုင်ပေ ။ သူတို့၏ ဗီဇသတ္တိက ထူးချွန်လာမှသာလျှင် အကျိုးပိုမို ဖြစ်ထွန်းနိုင်သည်။ ထိုကြောင့် ပညာသင်ကြားရေးဆိုင်ရာ သုတေသီပုဂ္ဂိုလ်ကြီးတို့သည် ကလေး၏ ဇာတိစိတ်နှင့် ပြင်ပ ပတ်ဝန်းကျင်က သွင်းပေးသော စိတ်နှစ်ခုတို့တွင် ကလေး၏ ဇာတိစိတ်က ပို၍ အရေးကြီးကြောင်း ဆုံးဖြတ်ကြလေသည်။ မြေဩဇာကောင်းမွန်သော လယ်ယာများ၌ ကောက်ပဲသီးနှံမျိုးကောင်းကို စိုက်ပျိုး ခဲ့သော် ကောင်းစွာ ဖြစ်ထွန်းအောင်မြင်ပေမည် ။ ထိုနည်းတူစွာ ဇာတိဉာဏ် ထက်မြက်သော ကလေးများကို ကောင်းသော ပတ်ဝန်းကျင်၌ ပညာသင်ကြားပေး ခဲ့လျှင် ထူးချွန်သောပုဂ္ဂိုလ်ကြီးများ ဖြစ်လာနိုင်ပေသည်။ ကလေးများ၏ ဇာတိစိတ်ကောင်းမွန်လာရန်မှာ သူတို့၏ မိဖ အဆက် အနွယ်များ သည် ကောင်းမွန်ပါမှ ဖြစ်ပေမည် ။ မူလမွေးကတည်းကပါလာသော အကျင့်ဆိုး တို့ကို ပြုပြင်ပေး၍မရ။ ကျန်းမာရေးနှင့် သက်ဆိုင်လျှင်လည်း ချည့်နဲ့အားနည်း သော မိဖကမွေးလာသော ကလေးသည် မည်ကဲ့သို့ပင် သူ့အဖို့ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသော်လည်း သူ့ဝမ်းတွင်းတွင် ပါလာသော မိဖတို့ ၏ သွေးကြောင့် ပိန်ကြုံနေမည်မှာ အမှန်ပင်ဖြစ်သည်။ အဖဖြစ်သူကပိန်၍ အမိ ဖြစ်သူက အလွန်ဝနေလျှင် ကလေးသည်မပိန်လွန်း မဝလွန်း ဖြစ်လာပေမည် ဟု ကျန်းမာရေး ပညာရှင်များက ဆိုထား၏။ ထိုအတူ ကလေးများ၏ ဉာဏ်စွမ်း၊ အ ကျင့်စာရိတ္တစသည်တို့မှာလည်း မိဖနှစ်ပါးကိုလိုက်၍ အကောင်းအဆိုးရှိကြပေသည်။ ထို့ကြောင့် ပညာသင်ကြားရေး၌ မျိုးရိုးကို စိစစ်ဖို့ရာ အလွန်အရေးကြီးလေသည်။

အလေ့အကျင့်[ပြင်ဆင်ရန်]

သံကောက်တူနှင့်နှက်၍ ဖြောင့်ဖြောင့်ဝင်အောင် ကြိုးစားသော်လည်း အချည်းနှီးဖြစ် ်သကဲ့သို့ ခေါက်ရိုးကျိုးပြီးအဝတ်ကိုခေါက်တွန့်ပြေလျက် အသစ်ဖြစ်အေင် ပြုလုပ် ်ရန် ခဲယဉ်း၏။ အဝိညာဏက သက်မဲ့ပစ္စည်းများပင် ပြုပြင်ရန် ခဲယဉ်းပါမူ သက် ်ရှိဖြစ်သော လူတိရစ္ဆာန်တို့ အဖို့ကားအကျင့်သည် မည်မျှ အရေးကြီးကြောင်းကို အထူးဖော်ပြရန် မလိုတော့ပေ ။ လူတို့သည် ငယ်ရွယ်စဉ်အခါကပင် အကျင့်အမျိုးမျိုးတို့ကို ရအောင် ဆည်းပူး လေ့လာခဲ့ရ၏။ ပုံပမာ ကလေသည် ပထမ၌ကြမ်းပေါ်ပြင်တွင်စမ်း၍ မှော်တတ် ်အောင် လေ့ကျင့်ရ၏။ နောက် လမ်းလျှောက်ချိန်၌ သူ့ကိုယ်သူစမ်း၍ လမ်း လျှောက်ကြည့်ရပြန်သည်။ ဤသို့ လျှောက်တတ်အောင် ကြိုးစားနေစဉ် ပထမ၌ ကလေးအဖို့ အတော်အခက် အခဲ တွေ့ပေမည် ။ သို့သော် နေ့စဉ်ရက်ဆက်လျှောက်ကြည့်သောအခါ လက် ်တွေ့အားဖြင့် မချော်မလဲအောင် မည်ကဲ့သို့လျှောက်ရမည်ကို သူ့ဖာသာသူသိလာပြီ းလျှင် အနည်းငယ်မျှ ကျင့်သားရသော် ကလေးသည် ကောင်းစွာ လမ်းလျှောက် ်တတ်သွားလေသည်။ လူသည် အသက်ရှင်နေသမျှ ကျင့်ရကြရ၏။ ပို၍ အောင်မြင်ချင်လျှင် ပို၍ ကြံရ ၏။ ကျင့်ရ၏။ လူသည် အဟိတ်တိရစ္ဆာန် ထက် လုပ်ရည်ကိုင်ရည် ပညာအရည်အခြင်းရှိ၏။ အဘယ်ကြောင့်နည်း။ တိရစ္ဆာန် အဖို့မှာ စည်းကမ်းတကျ သင်ကြားမှု မရှိပေ။ အမိ ဝမ်းမှ ကျွတ်စသာသာတွင် ထ၍ လမ်းလျှောက်နိုင်၏။ စားနိုင်၏။ လူမှာကား တိရစ္ဆာန်ကဲ့သို့ မဟုတ်ပေ။ မိဖ ဖြစ်သူတို့ စည်းကမ်းတ ကျ ကျွေးရမွေးရ သင်ကြားရ၍ နှစ်ပေါင်းရှည်ကြာမှသာ သူ့ဘဝကို သူ ခေါင်းဆောင်နိုင်လေသည် ၊ သူလေ့ကျင့်နေရသော အချိန်သည် တိရစ္ဆာန်ထက် ကြာ၏။ လူ့သက်တမ်း၏ လေးပုံတစ်ပုံ ကုန်ဆုံးသည့်အထိ လူ့လောက နေရေးထိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ရလေ သည်။ ထိုကြောင့် လူသည် တိရစ္ဆာန်တို့ထက် အဆပေါင်းများစွာ သာသည့်ပြင် သူ့ကိုယ်သူ လွတ်လပ်စွာ နေနိုင်သော အရည်အခြင်းနှင့် ပြည့်စုံရလေသည်။

အလွန်ခိုင်မာ ထက်မြက်သော ဝက်အူရစ်ပင်ဖြစ်လင့်ကစား လှည့်ဖန်များ သုံးဖန်များက ပွန်းပဲ့ပြုန်းတီးရချေသည်။ ထိုနည်းအတူ မည်မျှ ခေါင်းမာသည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ လည့်ပတ်ပြုပြင်ဖန်များက ကိုယ်ကြိုက်သလို ဖြစ်လာနိုင်ပေသည်။ သို့သော် လူနှင့် သံ သတ္တု စသည်တို့တွင် ခြားနာချက် ရှိ၏။ သံသတ္တု စသည်တို့ကို ကြိုက်သည့် ပုံသို့သွန်းနိုင်သည်။ သို့သော် အဝိညာဏက ဖြစ်၍ ထို သွန်းထားသည့်ပုံကို ခိုင်မြဲ တည်တံ့အောင် စောင့်ရှောက်နိုင်စွမ်းကား မရှိချေ။ လူကား ထိုကဲ့သို့ မဟုတ်၊ ပုံသွန်းခံ နိုင်၏၊ သွန်းထား သည့် ပုံကိုလည်း မပျက်မစီး ခိုင်မြဲအောင် စောင့်ရှောက် ထိန်းသိမ်း ထားနိုင်၏။ သတ္တုကို အိုးပုံသွန်းနိုင်၏။ သို့သော် ထိုအိုးသည် ပိန် ပဲ့ ပေါက်သွားနိုင်သည်။ သတ္တုက မပျက်စီးအောင်မကာကွယ်နိုင်။ လူကား ထိုကဲ့သို့မဟုတ်၊ လူတစ်ယောက်ကို စာသင်လျှင်စာတတ် ၏။ စာတစ်ခါ ရေးတတ် ဖက်တတ်သွားလျှင် ဘယ်တော့မျှ မမေ့တောချေ။ လူတို့၏ တတ်သိမှုကို ဖော်ပြရာတွင် အာရုံကြောများ အကြောင်းပါ ဖော်ပြရပေမည် ။ ခန္ဓာကိုယ်ရှိ လှုပ်ရှားနိုင်သော ကိုယ် အင်္ဂါများသည် အာရုံ ခံစားတတ်သော အင်္ဂါများနှင့် အာရုံကြောများဖြင့် ဆက်သွယ်နေ၏။ ထိုအာရုံ ခံစားတတ်သော အင်္ဂါကို ထိခိုက် ထိုးဆွလိုက်လျှင် ယင်းသည် ချက်ချင်းဆိုင်ရာ အာရုံကြောများသို့ အာရုံကြော လမ်းကြောင့်ဖြင့် ထိုးဆွ ခံရကြောင်းကို အကြောင်းကြားလိုက်သည့်ပြင် အာရုံကြောများက ကိုယ်အင်္ဂါများကို လှုပ်ရှားရန် အချက်ပေးလိုက်သဖြင့် လှုပ်ရှားမှု ဖြစ်ပေါ်လာရလေသည်။ ပုံပမာဦးခေါင်း ယားသည်ဆိုလျှင် ယားကြောင်းကို ဆိုင်ရာ အာရုံကြောတို့က အကြောင်းကြားလိုက်၏။ ထိုအခါမှ အယားဖျောက်ရန် လှုပ်ရှားနိုင်သော အဂ‡ါဖြစ်သည့် လက်က ဦးခေါင်းကို ကုတ်နိုင်၏။ ဤသို့ အာရုံကြောများနှင့် ကိုယ်အဂ‡ါ အစိတ်အပိုင်းကို အထူးဆက်သွယ်ထားသောကြောင့် ကျွနု်ပ်တို့ ကိုယ်၌ တစ်စုံတစ်ခုဖြစ်ခဲ့သော် ချက်ချင်း ပြန်၍ တွန်းလှန်နိုင်၏။ အချို့ လှုပ်ရှားမှုတို့သည် လွယ်ကူ၍အချို့ကားခက်၏။ ထိုခက်သည့် လှုပ်ရှားမှု တို့ကို လွယ်ကူလာအောင် နေ့စဉ် ကျင့်ပေးရ၏။ အလေ့အကျင့် ရပြီးလျှင် မည်သည့်အလုပ်မဆို လွယ်ကူလာ၏။ ကိုယ်အဂ‡ါဖြင့် လှုပ်ရှားရန် အမှုမျိုးသော်လည်းကောင်း၊ ဦးနှောက်ကို အသုံးပြု၍ စဉ်းစားရန် အမှုမျိုးသော်လည်းကောင်း မည်သည့် အလုပ်မဆို အကျင့်လုပ်ပေးလျှင် လွယ်ကူလာလေသည်။ အကျင့် ဖြစပေါ်လာရအောင် အထက်က ပြဆိုခဲ့သည့်ကိုယ်အင်္ဂါနှင့် အာရုံကြောတို့သည် သူတို့၏ ဝတ်တရားကို ပူးပေါင်းဆောင်ရွက်ရ၏။ အကျင့်ကောင်းများရရန် စတင် လေ့ကျင့်မည်ကြံလျှင် စိတ်ထက်သန်စွာနှင့် နောက်မဆုတ်မည့် အဓိဋ္ဌာန်ဖြင့် ပြုလုပ်ရမည် ၊ ကိုယ်လုပ်အံ့သော အလေ့အကျင့် မအောင်မြင်သေးသမျှ ယိုးမယ်ဖွဲ့ကာ အားမလျှော့ရာ။ မကောင်းသည့် အလေ့ဆိုးကို စွန့်ပစ်ပြီးလျှင် အကျင့်ကောင်းကို ကျင့်ကြံရန် အချိန်အခါ ရွေးခြင်း၊ နေ့ရက်ရွှေ့ခြင်း အခါ မနှောင်စေသင့်ပေ။ အလုပ်တစ်ခုကို အောင်မြင်အောင် လေ့ကျင့်နိုင်ရန် စိတ်ပျိုကိုယ်နု၊ ပေါ့ပါးဖျက်လတ်နေပေမည်။

စိတ်အားမလျော့ဘဲ ပျော်ပျော်ပါးပါး လေ့ကျင့်ပေးပါက လောကတွင် အကျင့်ကောင်းများ ရရန် မခဲယဉ်းချေ။ မျိုးရိုးဇာတိ သဘောကား ပတ်ဝန်းကျင်၏ ဖန်တီးမှုထက် တန်ခိုးကြီး၏။ ပျော့ညံ့သော မိဖနှစ်ပါးမှ ပေါက်ဖွားလာသူသည်အမြဲတမ်း ပျော့ညံ့နေပေမည်။ ထိုသူမျိုးအတွက် အထူးကောင်းမွန်သော ပတ်ဝန်းကျင်လို၏။ အသင့်အတင့် ထက်မြက်သော မိဖမှပေါက်ဖွားလာသူတို့ကား ပတ်ဝန်းကျင် ပြုပြင်သမျှ ထွန်းကားနိုင်၏။ အလွန်တရာ ထက်မြက်သည့် မျိုးရိုးမှ ဆင်းသက် လာသူတို့မူ မည်သည့်ပတ်ဝန်းကျင်မျိုး၌ပင် ကျင်လည် နေရငြားသော်လည်း မထောင်းတာလှပေ။ အချိန်နှင့် နေရာအလိုက် ထက်မြက် ထူးချွန်လာမည် မလွဲတည်း။ သို့သော် တကဲ့လူရည်ချွန် ပုဂ္ဂိုလ်ထူးကြီးဖြစ်ရန်မှာ မျိုးရိုး ထက်မြက်မှု၊ အကျင့်စာရိတ္တကောင်းမှု၊ အရည်အခြင်းပြည့်ဝမှုနှင့်အခွင့် အရေးကောင်း ကြုံတွေ့မှုတို့ လိုအပ်ပေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)