မျက်ဖြေလင်္ကာ
ပုံပန်းသွင်ပြင်
ရေပွက်ပမာ ခဏတာ
- သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ ၊
- သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊
- ဓမ္မတာတည်း ။
- ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းစံ ၊
- မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊
- စည်းစိမ်မကွာ ၊ မင်းချမ်းသာကား ၊
- သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊
- ခဏတက်သည် ၊ ရေပွက်ပမာ ၊
- တစ်သက်လျာတည်း ။
- ကြင်နာသနား ၊ ငါ့အားမသတ် ၊
- ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊
- လူတကာတို့ ၊ ခန္ဓာခိုင်ကြည် ၊
- အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊
- မချွတ်စသာ ၊ သတ္တဝါတည်း ။
- ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊
- ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊
- သံသာစက်၌ ၊ ကြိုက်လတ်တွန်မူ ၊
- တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊
- သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊
- အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊
- သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း ။
ရေးစပ်သူ။ ။ အနန္တသူရိယ အမတ်ကြီး
ခေ တ်။ ။ မြန်မာ - ၄၇၄ - ၅၃၅ ခန။့်