မောင်းထောင်းသံ

ဝီကီပီးဒီးယား မှ

မောင်းထောင်းသံ ကဗျာကို အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ မောင်းတေးချင်း ကဗျာအမျိုးအစား ဖြစ်သည်။

မောင်းထောင်းသံ[ပြင်ဆင်ရန်]

လက်ဆုံတွေ ချပါလို့၊ ဟန်ကျအောင်စီ
ရွှေနောင်သူ ပျိုအပေါင်းရယ်၊ မောင်းကျောက်ကိုချီ
ချီးကျူးငယ်သီ၊ ညီအောင်ပ အချက်ပေး
ပျော်ရွှင်ရွှင် ယဉ်ယဉ်တွဲပါလို့၊ နွှဲကြစို့လေး။

ဟိုရှေ့က ဆူညံဆူညံ၊ ဘာသံလို့မေး
မေးပါနဲ့အေ၊ ရွှေနောင်သူ အလှူပေးတယ်
မောင်းသံတဲ့လေး။

ဟိုရှေ့က နီရွှေရွှေ၊ နေထွက်ပြီလေ
ဟုတ်ပါဘူးအေ၊ ဖန်ရေဆွတ် သင်္ကန်း
ရဟန်းတွေ ဆွမ်းခံကြွတယ်
လောင်းလာကြစမ်း။

ပျိုလေးတို့အိမ်စွန်း၊ ကျွန်းဆယ့်နှစ်ပင်
စောင့်ရှောက်စေချင်
မငြိုငြင် ရှင်အောင်မွေးပါ့
မယ်နှင့်မောင် ကံဆိုင်ကြရင်
ကျောင်းတိုင်ဖို့လေး။

ခက်ဆစ်[ပြင်ဆင်ရန်]

  1. ရွှေနောင်သူ = ဟုမ္မလင်းမြို့နယ် အပါအဝင် နောင်ပါးကျစ် ရွာသူ။
  2. လက်ဆုံ = လက်ဖြင့်ထောင်းရသော ဆန်ဖွပ်မောင်းဆုံ။
  3. ချီးကျူး = အစချီသီကျူးသည်။
  4. ဖန်ဆွတ်ရေ = သစ်ခေါက်ပြုတ်ရည် အရောင်ဆိုးထားသော။
  5. ကံဆိုင် = ကံဆုံသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း