မောင်သင်းခိုင်

ဝီကီပီးဒီးယား မှ

" မော်ဒန်ကဗျာခေတ်ဦးမှာ ဦးဆောင်ခဲ့တဲ့သူတွေပေါ့။ သူနဲ့ခေတ်ပြိုင်တွေက မရှိတော့သလောက်ပဲ။ အဲဒီတော့ နှမျောတာပေါ့။ သူတိမ်းပါးသွားတာ မြန်မာ့ကဗျာ လောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပါ "


သူ့ကို ၁၉၄၀ ခုနှစ် မတ်လ ၂၁ ရက်နေ့ (ကမ္ကာ့ကဗျာနေ့မှာ) ဖခင် သခင်တင်ဦးနဲ့ မိခင် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) သူနာပြုဆရာမ ဒေါ်သန်းရင်တို့က မွေးဖွားခဲ့ပါတယ်။ အမည်အရင်းမှာ ဦးမြင့်ဦး ဖြစ်ပြီးတော့ ကျမ်းပြုစာရေးဆရာ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့ မြေးတော်စပ်သူလည်း ဖြစ်ပါတယ်။


ပျဉ်းမနားကဗျာဆရာအသင်း အတွင်းရေးမှူး၊ မြန်မာနိုင်ငံကဗျာဆရာ သမဂ္ဂ ဗဟိုကော်မတီဝင်၊ မိုးဝေမဂ္ဂဇင်း ကဗျာအယ်ဒီတာ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ကဗျာအယ်ဒီတာ စတဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။


သူဟာ တော်လှန်ကဗျာ အများအပြားကိုလည်း ရေးသားခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၆၆ မှာတစ်ကြိမ်၊ ၁၉၇၈ မှာတစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ရမည်းသင်းထောင်၊ မန္တလေးထောင်နဲ့ အင်စိန်ထောင်တွေမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျခံခဲ့ရပါတယ်။

အသက် ၈၀ �ပြည့်မွေးနေ့


သူရဲ့ တစ်ကိုယ်တော်ကဗျာစာအုပ်တွေဖြစ်တဲ့ ချစ်သူများကိုတမ်းတခြင်း၊ မမြင်ရတဲ့မြစ် (ဘာသာပြန်ကဗျာများ)၊ အဖြူအမည်း သမိုင်းဘိုင်စကုပ် စာအုပ်တွေက ထင်ရှားတဲ့စာအုပ်တွေ ဖြစ်ပါတယ်။