မောင်ဘိုးတူ

ဝီကီပီးဒီးယား မှ

မောင်ဘိုးတူနတ် သည် မြန်မာတို့ကိုးကွယ်ကြသည့် မိရိုးဖလာနတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မောင်ဘိုးတူသည် ကုန်သည်တစ်ဦး ဖြစ်ခဲ့သည်။ ကုန်သည်အလုပ် လုပ်စဉ်ပင် ပင်းယမြို့ အုန်းတောတောင်တွင် ကျားအကိုက်ခံရကာ သေဆုံးခဲ့သည်။[၁]

ရုပ်တုပြုလုပ်ခြင်း[ပြင်ဆင်ရန်]

မောင်ဘိုးတူနတ်သည် ကျားကိုစီးထားပြီး တုတ်တစ်ချောင်းကို ကိုင်ထားသည်။ အဝတ်အစားမှာ သာမန်အရပ်သူအရပ်သားတို့ဝတ်သည့် အဝတ်အစားမဟုတ်ဘဲ မင်းညီမင်းသားတို့ဝတ်သည့် နန်းတွင်းအဝတ်အစားဖြစ်သည်။ ထို့ကြောင့် မင်းညီမင်းသားဘဝမှ သေဆုံးဟန် အထင်ရောက်စေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။