မောင်တစ်ထမ်း မယ်တစ်ရွက်
ပုံပန်းသွင်ပြင်
မောင်တစ်ထမ်း မယ်တစ်ရွက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“မောင်တစ်ထမ်း မယ်တစ်ရွက်” ဆိုသည်မှာ အိမ်ထောင်ရှင်များ ဖြစ်လာပါက လင်နှင့်မယား နှစ်ဦးစလုံး တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်ကြရမည်၊ မခိုမကတ် အလုပ်လုပ်ရမည်ဟု ဆိုလိုသည်။ “မောင်” ဆိုသည်မှာ လင်ယောက်ျားကို ရည်ညွှန်းပြီး “မယ်” ဆိုသည်မှာ မယားကို ရည်ညွှန်းသည်။ “တစ်ထမ်း” နှင့် “တစ်ရွက်” ဆိုသည်မှာ အလုပ်ကို ပမာပြု၍ ဆိုလိုခြင်းဖြစ်သည်။ ဤဆိုရိုးစကားသည် အိမ်ထောင်ရေးတွင် တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ဖော်ပြသည်။