မောင်ဇနိယ

ဝီကီပီးဒီးယား မှ

မောင်ဇနိယကို ၁၉၃၅ ခုနှစ် ဇူလိုင် ၃ ရက်န့တွင် သထုံခရိုင် တောင်စွန်းမြို့ ကတကဲကျေးရွာတွင် မွန်အဆက်အနွယ် တောင်သူလယ်သမားကြီး ဦးကြည် ဒေါ်အေး တို့မှ ဖွားမြင် သော တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ ဦးမြမောင် ဖြစ်၏။ ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းများတွင် စာပေသင်ကြားခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့ ကျောက်မြောင်း အစိုးရတန်းမြင့်ကျောင်းသို့ လာရောက် ပညာသင် ကြား၍ တက္ကသိုလ်ဝင်စာမေးပွဲကို အလွတ်ဖြေဆို အောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှစ၍ ကလောင်အမည် အမျိုးမျိုးဖြင့် စာပေများ ရေးသားခဲ့ပြီး ၁၉၅၇။ ခုနှစ်မှစ၍ မောင်ဇနိယ ကလောင်အမည်ခံခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် `ခါးပိုက်နှိုက်' ဝတုဖြင့် အမျိုးသားစာပေဆုရရှိခဲ့ပြီး `မွန်းတည့်ချိန်တွင် နေဝင်သည်' အမည်ဖြင့် ရုပ်ရှင်ပိတ်ကားပေါ်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ` မြန်မာ့ရေးရာ သုတပဒေသာ' စာအုပ်၊ `စာချွန်စာမွန် စာစီစာကုံးစာအုပ်'၊ ` သဘာဝနှင့် သိပ္ပံ' စာအုပ်၊ရှင်ဗုဒ္ဓဃောသ ဦးဘသန်းနှင့် တွဲဖက်၍ `မြန်မာ့ရတနာများ' စာအုပ်၊ ၁၉၆၉ ခုနှစ်တွင် `မြန်မာမှုအဘိဓာန်' စာအုပ်နှင့် ၁၉၇၅ ခုနှစ်တွင် `မြန်မာ့ကျောက်စိမ်း' စာအုပ်များကို ရေးသားပြုစုခဲ့ပြီး အကြိမ်ကြိမ်ပုံနှိပ်ကာ အောင်မြင်ခဲ့သည်။ မောင်ဇနိယသည် ကျောင်းဆရာ၊ သတင်းထောက်၊ သတင်းစာအယ်ဒီတာ၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင်ဟူသော ဘဝအထွေထွေဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ သူသည် ဝတုတိုပေါင်း များစွာကိုလည်း ရေးသားခဲ့ပြီး ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ရှာသည်။


ကိုးကား[ပြင်ဆင်ရန်]