မာတိကာသို့ ခုန်သွားရန်

မောင်စိန်ဝင်း (ပုတီးကုန်း)

ဝီကီပီးဒီးယား မှ
မောင်စိန်ဝင်း
မွေးဖွားဦးစိန်ဝင်း
(၁၉၅၀-၁၀-0၅) အောက်တိုဘာ ၅၊ ၁၉၅၀ (အသက် ၇၅)
ပြည်ခရိုင်၊ ပုတီးကုန်း
နိုင်ငံသားမြန်မာ
မိဘဦးထွန်းကြွယ် + ဒေါ်ချည်

လက်မှတ်

မောင်စိန်ဝင်း (ပုတီးကုန်း) (၁၀ အောက်တိုဘာ ၁၉၅၀ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာနှင့် ကဗျာဆရာတစ်ဦး ဖြစ်သည်။

၁၉၆၅ ခုနှစ်၊ ဩဂုတ်လထုတ် ရုပ်ရှင်အောင်လံ မဂ္ဂဇင်း၌ ကဗျာ ရေးသား၍ စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ စက်မှု တက္ကသိုလ် ကျောင်းသား ဘဝတွင် ကဗျာ စာအုပ် ၃ အုပ် ထုတ်ဝေ ခဲ့သည်။ အပတ်စဉ် ထုတ်ဝေသည့် စက်မှု သတင်းစဉ်၊ စက်မှု တက္ကသိုလ် မဂ္ဂဇင်းများ အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။

ရွှေသည် မဂ္ဂဇင်း ကဗျာ စာတည်းနှင့် အရိန္ဒမာ မဂ္ဂဇင်း ဦးစီး စီစဉ် ထုတ်ဝေသူ အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် မြတ်မိခင် ဝတ္ထုတို ပြိုင်ပွဲ၊ ဝါမိုးအောင် ဝတ္ထုတို ပြိုင်ပွဲနှင့် အမေနေ့ဝတ္ထုတို ပြိုင်ပွဲများတွင် ရွေးချယ်ရေး အဖွဲ့ဝင်ဖြင့် ယနေ့တိုင် ဆောင်ရွက်လျက် ရှိသည်။

ရန်ကုန် စက်မှု တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ၁၉၈၉ ခုနှစ်၊ မတ်လ အထိ အင်ဂျင်နီယာ အဖြစ် အမှု ထမ်းခဲ့ပြီး အငြိမ်းစား ယူခဲ့သည်။ ယခုအခါ စာပေ ရေးသားခြင်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုကာ မရမ်းကုန်းမြို့နယ်တွင် နေထိုင်လျက် ရှိသည်။


ရေးသား ခဲ့သော စာအုပ်များ

[ပြင်ဆင်ရန်]

ကဗျာ စာအုပ်များ

[ပြင်ဆင်ရန်]
  1. ချစ်သူဖတ်ဖို့ ရေးတဲ့စာ (ဆရာ တက္ကသိုလ် ဘုန်းနိုင် အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်)
  2. ချစ်သူရဲ့နှင်းဆီ ကဗျာများ
  3. ချစ်သူသိလေ ကဗျာများ
  4. နှလုံးသားနံရံပေါ်က ပန်းချီကား၊ သမုဒယမြစ်ဖျားက အချစ်နွယ် (ကဗျာရှည်)
  5. နံ့သာရွှေမှုံ ကဗျာများ (အေးငွေနှင့် တွဲလျက်ရှိ)
  6. လက်ရွေးစင် ကဗျာများ (ပြင်ဦးလွင် အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်)
  7. လင်းလဲ့လဲ့လ
  8. သမုဒယ ခြေရာကဗျာများ
  9. သမုဒယ ဝတ်ရည်ကဗျာများ
  10. သောကခြေရာ ကဗျာများ
  11. သောကခြေရာ ရတနာကဗျာများ

ဝတ္ထုတိုပေါင်းချုပ်

[ပြင်ဆင်ရန်]
  1. ချစ်ဆိပ် ပြယ်စေသတည်း
  2. ဒိုက်ပင်
  3. မြားဆိပ် ပြယ်စေသတည်း
  4. သီတင်းကျွတ်ည မင်္ဂလာပွဲ
  5. အချစ်
  6. ကရမက်ပင်နှင့် အခြားဝတ္ထုတိုများစုစည်းမှု

လုံးချင်း ဝတ္ထုရှည်များ

[ပြင်ဆင်ရန်]
  1. ကံ့ကော်တန်းက လွမ်းချင်းရှည်
  2. ကျွန်မချစ်မိ အပြစ်ရှိသည်
  3. ကြွေ …. ကြွေ …. ကြွေ …
  4. ခပ်စိမ်းစိမ်း နေပါ့မယ်
  5. ခွင်းလိုက်သည့်မြား ပန်းဖြစ်သွားစေ
  6. ချစ်သူကြည့်ဖို့ မှန်ချစ်သူပန်
  7. ချစ်သူလွမ်းဖို့ ပန်းတို့ဝေပြီ
  8. ခြေစွန့်လို့ ကြွေဝံ့ပါတယ်
  9. ခြွေရက်ပေ့ ပုလဲညှာရယ်
  10. စိမ်းရောင်သန်းတဲ့ အလွမ်းနွေ
  11. စိမ်းသော သစ်ပင်တပင်
  12. စွန့်ရက်ရဲသည်
  13. ဆံမြိတ်မြေနံ့သာလမ်း ပန်းစိမ်းပန်သည်
  14. ဆယ်သက် ဆယ်ကမ္ဘာ ထင်တယ်ခင်
  15. တပွင့်ကြွေ တပွင့်သစ် ပန်းဖြစ်လျှင်လည်း အကောင်းသား
  16. တွယ်ငင်လို့ ယိမ်းနွယ်ပင်မို့ စိမ်းလေသလား
  17. တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့
  18. နေ့နေ့ညည မေ့မရသူပါကွယ်
  19. နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါညို
  20. နှလုံးသား ရာဇဝင်မှာ စာတင်တဲ့ အလွမ်း
  21. နှင်းဆီပြာ ကဗျာတပုဒ်
  22. နှင်းဆွတ်ဆောင်ပြန်လေ
  23. ပန်းချွေတဲ့နွေ နှင်းဝေတဲ့ဆောင်း
  24. ပန်းတောမှာ ကြွေနေသည်
  25. ပန်းရိပ်မှာ အလွမ်းလိပ်ပြာဝဲ
  26. ပြိုမယောင် ဟိုတောင်ကမိုး
  27. ပြန်ပြောချင်တဲ့ သံယောဇဉ်ဖွဲ့ စကားလေးတွေ
  28. မုဆိုးစစ်စစ် မိန်းမမိုက်ကြီးရဲ့ ဖြစ်စဉ်
  29. မိုးမခပင်တွေ
  30. မေ့ရက်ရဲစေ
  31. မေ့မှာစိုးတယ်
  32. မျက်တောင်ဖျားက နှင်းများ၏သမိုင်း
  33. မျက်ဝန်းထဲမှာ မိုးရွာပြီညို
  34. မြူတွေဆင်းလို့ နှင်းတွေဝေ
  35. ရင်ထဲမှာတော့ သောကရာသီ
  36. ရွှေလီကမ်းက လွမ်းရိပ်သာ
  37. လွမ်းလောက်လို့လား
  38. လွမ်းသဖြင့်သာ ပန်းပွင့်ပါလျှင်
  39. လွမ်းသူရင်ကို ငြိမ်းပါလှည့်
  40. ဝေးဝေးကသာ လွမ်းပါမည်
  41. လှိုင်းရိုက် လှေလူး
  42. သမုဒယတွယ်သမို့ နွယ်လို့ခေါ်မည်
  43. သမုဒယလမင်းရဲ့ ချစ်ခြင်းရောင်ခြည်
  44. သူကဆောင်းနှင်း ဆောင်းတွင်းမှာဝေ
  45. သူစိမ်းနိုင်ပါစေ၊ အပူငြိမ်းနိုင်ပါစေ
  46. သူနမ်းလျှင် ပန်းပွင့်ဖြစ် သူပစ်တော့ ဝါရွက်ကြွေ
  47. သံယောဇဉ် နွယ်မတင်းအောင် ငယ်စာရင်းကိုဖျက်
  48. သံယောဇဉ် မြစ်ကျဉ်းရဲ့ ချစ်ခြင်းဖွဲ့လင်္ကာ
  49. သက်ပိုင် စိုးစေချင်တော့သည်
  50. သစ္စာပါရမီ ယွင်းခဲ့ပြီဟု
  51. သိင်္ဂါရမြနဒီ
  52. အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ်
  53. အခုဘဝမှာတော့ သူငယ်ချင်း
  54. အချစ်တောအုပ် အလွမ်းသမုဒ္ဒရာ
  55. အချစ်၏ ကောက်ကြောင်းမဲ့ပုံတူ
  56. အချစ်ဦး အချစ်စ အချစ်လယ် အချစ်ဆုံး
  57. အရိန္ဒမာသိပါသည်
  58. အရွက်ခြွေ နွေတဲ့လား အပူသစ် အချစ်တဲ့လား
  59. အလွမ်းရင့်တော့ ပန်းပွင့်လို့ ကြွေ
  60. အသက်တမျှ ချစ်ပါရဲ့
  61. အင်ကြင်းတခိုင်
  62. စွယ်တော်တန်းက အလွမ်းခြေရာ (သို့မဟုတ်) ခေတ်ရဲ့တံဆိပ် မှောင်ရိပ်ဝေရီ

သီချင်းဖြစ်သွားသော ကဗျာများ

[ပြင်ဆင်ရန်]

အဆိုတော်ကြီး ခင်မောင်တိုး နှင့် မဇ္ဈိမလှိုင်းတီးဝိုင်း တို့က ဆရာမောင်စိန်ဝင်း ကဗျာအချို့ကို တိတ်တခိုးတေးစီးရီးအဖြစ် သီဆိုတီးခတ်အသံသွင်းခဲ့ကြသည်။ ထို့အပြင် အဆိုတော် တူးတူး ၊ တေးရေး တေးဆို နိုင်မင်း ၊ ပက်ထရစ် တို့ကလည်း ဆရာမောင်စိတ်ဝင်း ကဗျာများကို သီချင်းလုပ် သီဆိုထားသေးသည်။

  1. ချစ်သူသိစေ (သံစဉ် နိုင်မင်း)
  2. တိတ်တခိုး (သံစဉ် နိုင်မင်း)
  3. တွေ့ဆုံခြင်း၏ အခြားမဲ့၌ (သံစဉ် နိုင်မင်း)
  4. နေဆယ်စင်း (သံစဉ် နိုင်မင်း)
  5. နွယ်အရိပ် (သံစဉ် နိုင်မင်း)
  6. မျက်သွယ် (သံစဉ် တင်မောင်လှိုင်၊ အဆိုတော် တူးတူး ကလည်း ဆိုထားသည်။)
  7. ရတနာသူ (သံစဉ် တင်မောင်လှိုင်)
  8. သမုဒယကျောင်း (၁) (သံစဉ် နိုင်မင်း)
  9. သမုဒယကျောင်း (၂) (သံစဉ် နိုင်မင်း)
  10. သက်တန့်ရောင် (သံစဉ် နိုင်မင်း)
  11. အဖြည့်ခံ (ဆို / သံစဉ် နိုင်မင်း)
  12. ဥပေက္ခာအချစ် (တူးတူး)

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့, ed. (ဧပြီ ၂၀၀၃)။ =နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း (ပထမ အကြိမ် ed.)။ ပညာရွှေတောင် စာအုပ်တိုက်။