မောင်ကြေးမုံ (ဂီတစာဆို)

ဝီကီပီးဒီးယား မှ

ဂီတစာဆိုမောင်ကြေးမုံ သည် ဂီတစာဆိုလည်းဟုတ်သည်၊ တေးပြုသူဆိုလျင်လည်းဟုတ်သည်။ ဂီတလောကတွင် ပထမဆုံးသော သူ့ဆရာ သူ့မိခင်သည် ဂီတမိခင်အလင်္ကာကျော်စွာဒေါ်စောမြအေးကြည်ပင်ဖြစ်သည်။ သူ၏ဂီတမိခင်သည် ဂီတအခြေခံ မဟာဂီတများကို သင်ကြားပေးသည်။ ၁၉၅၈ ခုနှစ်မှစ၍ မောင်ကြေးမုံ အမည်ဖြင့် စာပေလောကသို့ခြေချခဲ့သည်။ ၁၉၆၃ ခုနှစ်မှစ၍ ဂီတလောကထဲသို့ဝင်ရောက်ခဲ့သည်။ သူသည် ဂီတပဒေသာစင်မြင့်ပေါ်တွင် နေ့ကြီးရက်ကြီးများ၌ နှစ်စဉ်တင်ဆက်ခဲ့သောပြဇာတ်နှင့် တေးသရုပ်ဖော်များစွာတို့အနက် လူကြိုက်များထင်ရှားခဲ့သော တေးသရုပ်ဖော်များမှာ လမင်းသာချိန်နေကွယ်ချိန်၊ အိုဘယ့်တဏှာမိမာယာ၊ ဆယ် ပြန်ဆယ်သက်နှင်းဝံ့သည်။ အလှမာနကျဆုံးခန်း၊သွေးမျက်ရည်ဖြင့်သစ္စာနှံသည်၊ အိပ်မက်သူဇာမောင့်ကြင်ရာ၊ တိုက်ပွဲလမ်းမှချစ်ပန်းနီနီပြဇာတ် စသည်တို့ဖြစ်ပေသည်။ မောင်ကြေးမုံ၏ “ဒီထက်ပိုပြီး ပြောချင်ဘူး၊ ပြောချင်ဘူး”၊ ဂန္ထဝင်မောင်ဝိုင်း၏ “သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ၊ ကြုံတုန်း ဆုံတုန်း” ဆိုသော သံချပ်စာသားများအား တခေတ်တခါက သင်္ကြန်ချစ်သူများ အမှတ်ရနေကြ လိမ့်မည် ဟု ထင်မိပါသည်။ ထို့အပြင်ရုပ်ရှင်နောက်ခံတေးများ၊ ရောင်းတမ်းဝင်ဓာတ်ပြားတွဲပြဇာတ်များ၊ ကက်ဆက်ခွေဇာတ်လမ်းများ၊ ဇာတ်ဝင်တေးများရေးသားခြင်း၊ ကိုယ်တိုင်ပါဝင်၍ အသံဖြင့်သရုပ်ဆောင်ခြင်း၊ ရေဒီယိုဓာတ်ပြားတေးများကိုလည်း ရေးသားခဲ့သည်။ ဂီတစာဆိုပြည်သူချစ်သော မောင်ကြေးမုံသည် အသက် ၆၃ နှစ်အရွယ် ၂၀၁၄ ခုနှစ်၊ဇွန်လ၊ ၁၄ ရက် နံနက် ၆နာရီ၊ မိနစ်၄၀တွင် ကွယ်လွန်သွားခဲ့ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဧရာဝတီမြန်မာပိုင်းတွင် မောင်မောင်ကျော် ရေးသားသည့်တခေတ်တခါက မဟာရန်ကုန် သင်္ကြန် မင်းသားကြီးများ ဆောင်းပါး
  2. ဦးချစ်ဝင်းရေးသားသည် ဂီတစာဆိုမောင်ကြေးမုံအကြောင်း