မောက်(စ်)ပဒ်

ဝီကီပီးဒီးယား မှ
မောက် နှင့် မောက်ပဒ်

မောက်(စ်)ပဒ် သည် ကွန်ပျူတာတွင် အသုံးပြုသည့် မောက်(စ်) ထားရန်နှင့် ရွေ့လျားရာတွင် အသုံးပြုရန် ထားရှိသည့် မျက်နှာပြင် ဖြစ်သည်။ မောက်(စ်)ပဒ်အသုံးပြုပါက မောက်(စ်)၏ ရွေ့လျားမှုကို တိကျမှန်ကန်စွာ တိုင်းတာပေးနိုင်ပြီး တုန်ယင်မှုများ ဖြစ်နေခြင်းတို့လည်း မရှိနိုင်ပေ။ စားပွဲပေါ်တိုက်ရိုက်တင်၍ သုံးခြင်းထက် ပိုမိုကောင်းမွန်စေနိုင်သည်။

အကျိုးကျေးဇူးများ[ပြင်ဆင်ရန်]

အသိသာဆုံးသော အကျိုးကျေးဇူး (၃) ခု ရှိ၏။ ပိုမိုလျင်မြန်ခြင်း၊ တိကျခြင်း၊ အသုံးပြုသူအား သက်သောင့်သက်သာ ရှိစေခြင်းတို့ ဖြစ်သည်။ ဒုတိယအကျိုးကျေးဇူးတစ်ခုမှာ စားပွဲခုံမျက်နှာပြင်အား လက်၊ မောက်တို့ဖြင့် ပွတါတိုက်ကာ အစင်းရာဖြစ်စေခြင်းမှ ကာကွယ်နိုင်သည်။ နောက်ထပ်အကျိုးတစ်ခုမှာ မောက်အောက်ရှိ ပွန်းပဲ့မှုများကို လျှော့ချနိုင်သည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ပွိုင်တာ (pointer) ကို ထစ်ငေ့ါမှု ဖြစ်စေချင်းမှ လျော့ချနိုင်သည်။

အလင်းရောင်ဖြင့် လုပ်ဆောင်သည့် မောက်စ်များသည် ရွေ့လျားမှုကို စမ်းသပ်အာရုံခံနိုင်သည့် အာရုံခံကိရိယာ ပါရှိသည်။ ထို အာရုံခံကိရိယာများသည် အလုပ်လုပ်ဆောင်ရန် အထူးပြုလုပ်ထားသည့် မောက်ပဒ်များ လိုအပ်၏။ ခေတ်သစ်မောက်စ်များသည် ပြင်ညီစာရွက်နှင့် အခြားမျက်နှာပြင်များပေါ်တွင် အလုပ်လုပ်ဆောင်နိုင်သည်။ သို့သော် ထို‌မောက်စ်ကို အသုံးပြုသူများ (အထူးသဖြင့် ဂိမ်းကစားသူများ၊ ဒီဇိုင်းဖန်တီးသူများ နှင့် အခြားအသုံးပြုသူများ) သည် သက်သောင့်သက်သာ ရှိစေရန်၊ လျင်မြန်စွာ အသုံးပြုနိုင်ရန်၊ တိကျမှန်ကန်မှု ရှိစေရန် နှင့် စားပွဲခုံ၏ မျက်နှာပြင် ပွတ်တိုက်မှုမရှိစေရန် အသုံးပြုကြသည်။

ကိုးကား[ပြင်ဆင်ရန်]