မေရီ အန်းနင်း
| Mary Anning | |
|---|---|
Mary Anning with her dog, Tray, painted before 1842; the Golden Cap outcrop can be seen in the background | |
| မွေးဖွား | ၂၁ မေ၊ ၁၇၉၉ Lyme Regis, Dorset, England |
| ကွယ်လွန် | ၉ မတ်၊ ၁၈၄၇ (အသက် ၄၇) Lyme Regis |
| သေဆုံးရခြင်း အကြောင်းရင်း | Breast cancer |
| ထာဝရ နားခိုရာနေရာ | St. Michael's Church, Lyme Regis 50°43′32″N 2°55′54″W / 50.725471°N 2.931701°W |
| အလုပ်အကိုင် | Fossil collector ၊ Palaeontologist |
| မိဘ(များ) | Richard Anning (Circa |
| ဆွေမျိုးသားချင်း | Joseph Anning (brother; 1796–1849) |
မေရီ အန်းနင်း သည် အင်္ဂလိပ်အမျိုးသမီး သဘာဝပညာရှင်ဖြစ်သည်။ အင်္ဂလန်ပြည် ဒေါဆက်နယ် လင်းရဲဂစ်မြို့၌ ၁၇၉၉ ခုနှစ် မေလတွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူသည်စပ်သမားတစ်ဦးဖြစ်၍ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်စုဆောင်းရန်လည်း ဝါသနာထုံသူဖြစ်သည်။
မေရီသည် ကလေးအရွယ်ကပင် ဖခင်နှင့်အတူ
ကျောက်ဖြစ် ရုပ်ကြွင်းများကို တူးဖော်ရာသို့ လိုက်လေ့ရှိသည်။
ဖခင်ကွယ်လွန်သောအခါလည်း ထိုအလုပ်ကိုပင် ဆက်လက်လုပ်
ကိုင်ကာ ယင်းသို့ တူးဖော်ရရှိသော နမူနာများကို ရောင်းချ
ခြင်းဖြင့် ဝင်ငွေအနည်းငယ်ရရှိလေသည်။ ၁၈၁၁ ခုနှစ်တွင်
မေရီသည် အစ်သိုင်အိုဆောရပ်ခေါ် ဆူးတောင်လေးခုရှိ လင်း
ပိုင်နှင့်တူသော ရေသတ္တဝါ၏ ကျောက်ဖြစ်ရုပ်ကြွင်းအပြည့်အစုံ
ကို ပထမဆုံးတွေ့ရှိသည်။ ထိုဒေသရှိ အလုပ်သမားများ
အကူအညီဖြင့် ပေ ၃ဝ ရှည်သော ထိုကျောက်ဖြစ်ရုပ်ကြွင်းကို
ထုံးကျောက်သားထဲမှ အောင်မြင်စွာ တူးဖော်ထုတ်ယူနိုင်ခဲ့သည်။
ယင်းရုပ်ကြွင်းကို မိချောင်း၏ရုပ်ကြွင်းဟု နှစ်ပေါင်းများစွာ
ယူဆခဲ့ကြပြီးလျှင် နောက်ဆုံးမှ အစ်သိုင်အိုဆောရပ်၏ ရုပ်
ကြွင်းဖြစ်ကြောင်း အခိုင်အမာ သိရှိကြသောအခါ တောင်
ကင်ဆင်တန်ပြတိုက်သို့ ရွှေ့ပြောင်းထားရှိသည်။
မေရီသည် မကြာမီ ပလီဆီအိုဆောရပ် အရိုးစုနှင့် ၁၈၂၈
ခုနှစ်တွင် ပတေရိုဒက်တေး၏ ရုပ်ကြွင်းကို တွေ့ရှိသေး သည်။
၁၈၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မေရီအန်းနင်းသည်
သူ့ဇာတိမြို့၌ပင် ကွယ်လွန်သည်။ မေရီသည် မကွယ်လွန်မီ
သူ့စွမ်းဆောင်ချက်ကြောင့် အစိုးရထံမှ ထောက်ပံ့ကြေး
အနည်းငယ်သာရရှိ၍ အစိုးရ၏ဂုဏ်ပြုခြင်းကို ခံစားသင့်
သလောက် မခံစားခဲ့ရဟု ဆိုရပေမည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)