မေဆွန်မောင့်
၂၀၁၉ခုနှစ်တွင် ချဲလ်ဆီး၌ မောင့်ကစားစဉ် | |||
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | မေဆွန် တိုနီ မောင့်[၁] | ||
မွေးသက္ကရာဇ် | [၂] | ၁၀ ဇန်နဝါရီ၊ ၁၉၉၉||
မွေးရပ်ဇာတိ | ပိုစ့်မောင့်, အင်္ဂလန် | ||
အရပ်အမြင့် | ၅ ပေ ၁၀ လက်မ (၁.၇၈ မီတာ)[၃] | ||
ကစားသည့်နေရာ | Midfielder | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ချဲလ်ဆီး | ||
အင်္ကျီနံပါတ် | 19 | ||
လူငယ်ဘဝကလပ်များ | |||
2005–2017 | ချဲလ်ဆီး | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
2017– | ချဲလ်ဆီး | 37 | (7) |
2017–2018 | → ဗီတက်ဆီ (အငှား) | 29 | (9) |
2018–2019 | → ဒါဘီကောင်တီ (အငှား) | 35 | (8) |
နိုင်ငံကိုယ်စားပြုအသင်း‡ | |||
2014–2015 | အင်္ဂလန် U16[ကိုးကားချက်လိုသည်] | 5 | (0) |
2015–2016 | အင်္ဂလန် U17[ကိုးကားချက်လိုသည်] | 9 | (2) |
2016-2017 | အင်္ဂလန် U18[ကိုးကားချက်လိုသည်] | 5 | (3) |
2017–2018 | အင်္ဂလန် U19[၄] | 16 | (7) |
2018– | အင်္ဂလန် U21[၅] | 4 | (1) |
2019– | အင်္ဂလန် | 6 | (1) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
မေဆွန် တိုနီ မောင့် (၁၉၉၉ ဇန်နဝါရီ ၁၀ တွင်မွေးဖွားသည်) အင်္ဂလိပ် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနှင့်အင်္ဂလန်အမျိုးသားဘောလုံးအသင်းတို့အတွက် ကွင်းလယ်လူအဖြစ် ကစားသည်။
သူသည် အသက် (၆) နှစ်အရွယ်တွင် ချဲလ်ဆီးသို့ရောက်ရှိခဲ့ပြီး သူ၏အဆင့်မြင့်တန်း အသက်မွေးဝမ်းကြောင်းကို မစတင်မီ ဒတ်ခ်ျ Eredivisie နှင့် ဒါဘီကောင်တီရှိ ဗီတက်ဆီအသင်းသို့ အငှားထွက်ခွာကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်မှချယ်လ်ဆီးအသင်းကြီးတွင် စတင်ကစားခဲ့သည်။
ကလပ်အသင်းဘဝ
[ပြင်ဆင်ရန်]ချဲလ်ဆီး
[ပြင်ဆင်ရန်]လူငယ်အဆင့်
[ပြင်ဆင်ရန်]မောင့်သည် ဟမ့်ပ်ရှိုင်းယား ပြည်နယ်၊ ပိုစ့်မောင့်တွင် မွေးဖွားခဲ့သည်။[၆] သူ၏ဖခင်တိုနီသည် ဟာဗန့်မြို့အသင်း ကဲ့သို့သော လိဂ်အဆင့်မဟုတ်သောရှိ ဒေသခံကလပ်များတွင် ကစားသမားနှင့်မန်နေဂျာဖြစ်သည်။[၇] သူသည်ဒေသခံလိဂ်ဘောလုံးများတွင် အသက် ၄ နှစ်အရွယ်ကစားသမားဖြစ်ပြီး ၆ နှစ်အောက်ဘောလုံးအဆင့်တွင် ကစားနေသူဖြစ်ပြီး ပို့စ်မောက်၊ ဆောက်သမ်တန်နှင့်ချဲလ်ဆီးအသင်းများ၏အကယ်ဒမီလေ့ကျင့်မှုများတွင် တစ်ပတ်လျှင်တစ်ရက်လေ့ကျင့်ခဲ့သည်။[၈] မောင့်သည် ၂၀၀၅ ခုနှစ် အသက် (၆) နှစ်အရွယ်တွင် ချဲလ်ဆီးသို့ ရောက်ရှိခဲ့သည်။[၇][၉] သူသည် ၂၀၁၃-၁၄ ရာသီတွင် အသက် ၁၅ နှစ်အောက်လူငယ်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နောက်ရာသီတွင် နောက်ထပ်ပွဲများစွာထပ်မံထည့်သွင်းနိုင်ခဲ့သည်။ သူသည် ၂၀၁၆-၁၇ရာသီ၌ အသက် ၁၈နှစ်အောက်နှင့် အသက် ၂၁အောက် အသင်းတို့တွင် ပွဲချိန် ၃၀ ပါဝင်ခဲ့ပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့သည်။ သူသည် ၂၀၁၇ ခုနှစ်ဇူလိုင်လတွင် ချဲလ်ဆီးနှင့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သည်။[၁၀]
၂၀၁၉-၂၀၂၀ ရာသီ: ပထမအသင်းကြီးသို့ ဝင်ရောက်နိုင်မှု
[ပြင်ဆင်ရန်]ဇူလိုင်လ ၁၅ ရက် ၂၀၁၉ တွင် ချဲလ်ဆီးနှင့်ငါးနှစ်စာချုပ် အသစ်ချုပ်ဆိုခဲ့သည်။[၁၁][၁၂] သူသည် ဩဂုတ်လ (၁၁) ရက်နေ့တွင် ပရီးမီးယားလိဂ်၌ မန်ချက်စတာယူနိုက်တက်ကို (၀ - ၄) ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ချယ်လ်ဆီးအသင်းကြီး အတွက် ပထမဆုံးပွဲထွက်ခဲ့သည်။[၁၃] သူသည် တစ်ပတ်အကြာတွင် သူ၏ပထမဆုံးချဲလ်ဆီးဂိုးကို စတန်းဖို့တံတားကွင်းတွင် မန်နေဂျာအဖြစ် ဖရန့်လမ်းပတ်နှင့်အတူ ၁-၁ သရေကျခဲ့သော လက်စတာစီးတီးကိုသွင်းယူနိုင်ခဲ့ပြီးနောက်[၁၄] နောက်တစ်ပွဲ နော့ဝရှ်စီးတီးသို့ ထပ်မံဂိုးသွင်းနိုင်ခဲ့သည်။[၁၅] စက်တင်ဘာ ၁၇ တွင် သူသည် ချန်ပီယံလိဂ်ဖွင့်ပွဲ၌ ဗလင်စီယာနှင့် ကစားသည့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာခံစားခဲ့ရသည်။[၁၆]
၂၀၂၀၊ မတ်လတွင် မောင့်သည် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း မိမိကိုယ်ကိုသီးသန့်နေစေသည့်စည်းမျဉ်းများကို လျစ်လျူရှုခဲ့သဖြင့် ချဲလ်ဆီးအသင်းက သတိပေးခဲ့သည်။ Callum Hudson-Odoi ကို ကိုရိုနာဗိုင်းရပ် တွေ့ရှိခဲ့သည့်အတွက် အသင်းတစ်စုလုံးကို သီးခြားခွဲထုတ်ထားချိန်တွင် မောင့်သည် ဝက်စ်ဟမ်းကစားသမား ဒီကလန် ရိုက်စ် အပါအဝင်သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားရန်သွားခဲ့သည်။[၁၇] ၂၀၂၀ ပြည့်နှစ်ဇူလိုင် ၂၂ တွင် သူသည် ချယ်လ်ဆီးအကယ်ဒမီအသင်းမှ အသင်းကြီးတွင် ပွဲထွက်ပါဝင်ခဲ့သည့် ပထမဆုံးရာသီတွင် ပွဲစဉ် ၅၀ ကစားခဲ့ရသည့် ပထမဆုံးကစားသမားဖြစ်ခဲ့သည်။[၁၈] ပရီးမီးယားလိဂ်၏နောက်ဆုံးနေ့တွင် ကစားသည့် ဝူးဘ်အသင်းနှင့်ပွဲတွင် မောင့်သည် ချဲလ်ဆီးကို လာမည့်ရာသီအတွက် ချန်ပီယံလိဂ်တွင် နေရာရရှိစေရန် အလွတ်တည်ကန်ဘောမှ သွင်းယူခဲ့သည်။[၁၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ List of players under written contract registered between 01/04/2017 and 30/04/2017 (PDF)။ The Football Association။ 10 February 2018 တွင် ပြန်စစ်ပြီး။
- ↑ Mason Mount။ Derby County F.C.။ 31 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 October 2018 တွင် ပြန်စစ်ပြီး။
- ↑ Mason Mount။ AFS Enterprises။ 10 October 2018 တွင် ပြန်စစ်ပြီး။
- ↑ England's matches: The under 19's: 2010–20 (9 April 2019)။ 20 July 2019 တွင် ပြန်စစ်ပြီး။
- ↑ England's matches: The under 21's: 2010–20 (9 September 2019)။ 6 October 2019 တွင် ပြန်စစ်ပြီး။
- ↑ Marshman၊ Jeff။ "Portsmouth-born talent signs for Chelsea"၊ 15 January 2016။ 10 October 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 28 April 2018။
- ↑ ၇.၀ ၇.၁ Mason Mount: How midfielder ended Chelsea's long wait for homegrown star, BBC Sport, 8 April 2020
- ↑ De Bont၊ Stef။ "Mason Mount, Vitesse-pareltje dat uitzondering op Chelsea-regel moet worden" (in Dutch)၊ 14 December 2017။ 10 October 2018 တွင် ပြန်စစ်ပြီး။
- ↑ "Chelsea starlet Mason Mount signs new five-year contract after impressing on loan with Frank Lampard at Derby County"၊ Talksport၊ 15 July 2019။ 22 August 2019 တွင် ပြန်စစ်ပြီး။ "Mount added: "I joined this club at six-years-old and it was always my goal to play for the first-team one day."
- ↑ Mount signs new deal and heads to Vitesse။ Chelsea F.C. (24 July 2017)။ 7 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ MASON MOUNT COMMITS TO CHELSEA WITH NEW CONTRACT SIGNED။ Chelsea F.C. (15 July 2019)။ 16 July 2019 တွင် ပြန်စစ်ပြီး။
- ↑ Mason Mount: Chelsea midfielder signs five-year contract (15 July 2019)။
- ↑ REPORT: MAN UNITED 4 CHELSEA 0။ Chelsea F.C. (11 August 2019)။ 11 August 2019 တွင် ပြန်စစ်ပြီး။
- ↑ Chelsea 1-1 Leicester City: Mount hits the heights before Foxes bite back (18 August 2019)။
- ↑ MATCH REPORT: NORWICH CITY 2 CHELSEA 3 (24 August 2019)။
- ↑ Mason Mount injury: Chelsea to assess ankle over next 48 hours။ BBC Sport (17 September 2019)။
- ↑ "Chelsea act after Mason Mount ignores coronavirus self-isolation advice"၊ The Guardian၊ 16 March 2020။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ TEAM NEWS: LIVERPOOL VS CHELSEA။ chelseafc.com (22 July 2020)။
- ↑ Mason Mount and Olivier Giroud sink Wolves and seal fourth place for Chelsea (26 July 2020)။ 26 July 2020 တွင် ပြန်စစ်ပြီး။